ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်

ဒီဇင်ဘာ ၁၀-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရဲစခန်းပိုင်နယ်မြေမှာ ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်မှု ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ”ဖြစ်စဉ်က ဟုတ်ပါတယ်၊ အခုဖမ်းဆီး စစ်ဆေးနေပါတယ်၊ ဥပဒေ ကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဘာကြောင့် ဖြစ်တာလည်းဆိုတော့ အရက်ကြောင့်လည်းပါပါတယ်”လို့ ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ အင်္ဂပူမြို့နယ် ဥယျဉ်ကုန်းကျေးရွာ နေထိုင်တဲ့ ဖိုးချွန်(၃၆)နှစ်ဟာ အရက်သေစာသောက်စားပြီး သားသမီး(၄)ဦးရှိတဲ့အနက် အသက် (၁၄)နှစ်သမီးဖြစ်သူကို နေအိမ်ပြန်လာချိန် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်က နေအိမ်ရှေ့ခန်းမှာ အိပ်ယာခင်း ခြင်ထောင် ထောင်ပေးနေချိန် ဖခင်ဖြစ်သူကခြေထောက်နဲ့လှမ်းကန်ခဲ့ရာ လဲကျသွားချိန် ပါးစပ်နဲ့လက်ကို ချုပ်နှောင်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့တာဖြစ်ပါတယ်။ အဓမ္မပြုကျင့်ချိန် အသံထွက်အော်ပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတဲ့အတွက် အသံမထွက်ရဲဘဲ ရှက်ပြီးနေခဲ့ရတယ်လို့ အဲ့ဒီကလေးတွေကို ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ထားသူ အမျိုးသမီးကကြားသိရပြီး ဒီဇင်ဘာ…

Read More

ကားလမ်းဘေးရှိ မြောင်းအတွင်း တရားမဝင်ငါးဖမ်းတယ်လို့ဆိုကာ ရေချိုငါးလုပ်ငန်းဥပဒေနဲ့အမှုဖွင့်

ဒီဇင်ဘာ ၉-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ရွှေတော်မှော် -မော်ကျွန်း ကားလမ်းဘေးက မြောင်းအတွင်း ငါးဖမ်းခဲ့သူကို တရားမဝင်ငါးဖမ်းဆီးတယ်လို့ဆိုပြီး မအူပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ရေချိုငါးလုပ်ငန်းဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ”ကျွန်တော့်ကို ရဲတစ်ယောက်က လာခေါ်ပါတယ်။ စခန်းမှူးကတွေ့ချင်လို့လို့ပြောပါတယ်၊ ကျွန်တော့်မိန်းမ မသီတာရယ် ကျွန်တော်ရယ် ကျွန်တော်သမတ် ဘောက်ကြီးရယ် သွားပါတယ်၊ ဟိုရောက်တော့ ရေချိုဥပဒေ နဲ့ အမှုဖွင့်ထားတယ်တဲ့ အချုပ်ထဲဝင်လို့ပြောပါတယ်၊ ဒီလိုသွင်းလို့ရလားလို့ မေးတာ့၊ သွင်းလို့ ရတယ်တဲ့ တရားစွဲထားတယ်တဲ့၊ အဲ့ဒါနဲ့ ကျွန်တော်တို့ကို အချုပ်ထဲသွင်းလိုက်ပါတယ်၊ ရဲတစ်ဦးက ကျွန်တော်မိန်းမကိုဆဲတယ်”လို့ ဖမ်းဆီးခံရသူ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ မအူပင်မြို့နယ် ရွှေတော်မှော် -မော်ကျွန်း ကားလမ်းဘေးရှိ မြောင်းအတွင်း တရားမဝင်ငါးဖမ်းတယ်ဆိုပြီး ဒေါ်သီတာ အပါအဝင် ၄ ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး အဖမ်းခံရတဲ့ ဒေါ်သီတာက ‘ ငါတို့က အချုပ်ထဲလည်းမရောက်ဖူးဘူး?…

Read More

စလင်းမြို့နယ်မှာ လုယက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စလင်းနဲ့ဆင်ဖြူကျွန်းသွားတဲ့ ကားလမ်းတလျှောက်နဲ့ ဆင်ဖြူကျွန်းမြို့တို့မှာ လုယက်မှုကျူးလွန်နေတဲ့သူတွေကို မနေ့ ဒီဇင်ဘာ၈ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ အခု ဒီဇင်ဘာ လဆန်းပိုင်းအတွင်း လုယက်ခဲ့တာတွေကိုလည်း ဆက်စပ်ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ”တိုင်းရဲတပ်ဖွဲ့ရယ် မြို့နယ်ရဲနဲ့ ကျနော့်စခန်းက နယ်ထိန်းအဖွဲ့တွေရယ် ပူးပေါင်းဖမ်းတာပါ၊ သူတို့က မနက်အစောပိုင်း ၅နာရီလောက် ဈေးသွားတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားတာပါ၊ ဆိုင်ကယ်လက်ကိုင်မှာ တွဲလွဲချိတ်ထားတဲ့ ပိုက်ဆံအိတ်နဲ့ဖုန်းတွေပါပဲ၊ ကျနော့်စခန်းမှာ တစ်မှုဖွင့်ထားပါတယ်”လို့ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်စည်သူဝင်းကပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ အခုလ ဒီဇင်ဘာ ၇ရက်နေ့ မနက်အစောပိုင်းက လုယူခံလိုက်ရတဲ့ ဖုန်း viberကနေတဆင့် ဖုန်းပိုင်ရှင်အဖြစ် အသွင်ယူဆက်သွယ်ပြီး စာရွက်စာတမ်းတွေ ပြန်လည်ပေးဖို့ အလဲအလှယ်အဖြစ် ဝေ့ဗ်မန်းနီးကနေ ငွေလွှဲပေးပို့ခဲ့ရာ ဆင်ဖြူကျွန်းရှိ ဝေ့ဗ်မန်းနီးဆိုင်တခုမှာ ထုတ်ယူသွားကြောင်းသိခဲ့ရပါတယ်။ ဖုန်းပြန်ပေးဖို့ ဆက်လက်ညှိုနှိုင်းရာမှာတော့…

Read More

သီရိမာလာ ငါးဈေးမှာ ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ယာယီပိတ်မယ်

ဒီဇင်ဘာ ၉-၂၀၂၀ ညီသစ် (VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ ကမ်းနားလမ်းမှာရှိတဲ့ သီရိမာလာ ငါးဈေးမှာ ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ယာယီ ပိတ်သိမ်းသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်က VOMကိုပြောပါတယ်။ ” မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ နယ်နိမိတ်ထဲမှာရှိတဲ့ မန္တလေးကမ်းနားလမ်းက သီရိမာလာ ငါးဈေးပေါ့၊ အဲ့ဒီဈေးက အဓိက ကတော့ ရေထွက်ကုန်တွေပါ၊ ငါးတို့ ပုဇွန်တို့ကို အဓိက ရောင်းတဲ့ဈေး ပေါ့၊ ပန်းသည်တွေလည်း ရှိတယ်၊ နောက်တစ်ခုက ကုန်စိမ်းသည်တွေလည်း ရှိပါတယ် ။ အနယ်နယ်အရပ်ရပ်က အထူးသဖြင့်တော့ ရေထွက်ကုန်တွေက လက်ကားသဘောမျိုးနဲ့ ဒီဈေးကို လာပါတယ် ။ ဒီဈေးက မန္တလေးမြို့ထဲကိုလည်း ဖြန့်တယ်၊ နောက် အထက်မြန်မာနိုင်ငံ တစ်ခြားမြို့တွေကိုလည်း ဖြန့်ပါတယ် ။ ဒီဈေးမှာ ကိုဗစ်ကူးဆက်မှု…

Read More

ဧဝရက်တောင်အမြင့် တစ်မီတာနီးပါး တိုးလာ

ခတ္တမန္ဒူ၊ ဒီဇင်ဘာ-၉-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ဟာ ယခင်က တိုင်းတာထားတာထက် သုည ဒသမ ၈၆ မီတာ ပိုမိုမြင့်မားလာတယ်လို့ နီပေါနဲ့ တရုတ်နိုင်ငံတို့က ပူးတွဲကြေညာလိုက်ပါတယ်။ ဒါပေမယ့် လက်ရှိချိန်ထိ တောင်ထိပ်မှာဖုံးလွှမ်းနေသော ဆီးနှင်းထုကိုပါ တိုင်းတာတွက်ချက်ခြင်း ပြု၊မပြုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ကွဲလွဲနေဆဲဖြစ်ပါတယ်။ လက်ရှိတိုင်းတာမှုသစ်အရ တောင်အမြင့်မှာ ၈၈၄၈ ဒသမ ၈၆ မီတာ (၂၉၀၃၂ ပေ) ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ယခင်တိုင်းတာမှုကတော့ ၈၈၄၄ ဒသမ ၄၃ မီတာဖြစ်ပြီး နီပေါနိုင်ငံက တိုင်းတာထားတာထက် လေးမီတာပိုနိမ့်ပါတယ်။ ဧဝရက်တောင်ဟာ တရုတ်နဲ့ နီပေါနိုင်ငံနယ်စပ်မှာ တည်ရှိပြီး တောင်တက်သမားတွေဟာ နှစ်ဘက်စလုံးကနေ တောင်တက်ရောက်မှုတွေပြုကြပါတယ်။ နှစ်နိုင်ငံစလုံးက တိုင်းတာရေးသမားတွေဟာ တောင်ရဲ့အမြင့်ကို အသစ်တိုင်းတာသတ်မှတ်တာနဲ့ပတ်သက်ပြီး သဘောတူညီမှုရဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တိုင်းတာရေးဌာနတို့ကပြောပါတယ်။ Ref : BBC…

Read More

အိန္ဒိယ-မြန်မာနယ်စပ်က သူပုန်အဖွဲ့တွေကို တရုတ်ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယစွပ်စွဲ

ဒေလီ၊ ဒီဇင်ဘာ-၉-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ လှုပ်ရှားနေတဲ့ သူပုန်အဖွဲ့တွေကို တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုတွေ ထပ်မံပြုလုပ်နေတယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး ဘလွန်းဘာ့ဂ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) နဲ့ အခုနှစ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင့်တပ်မတော်(AA) အပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ အစိုးရကိုပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေကို လက်နက်တွေထောက်ပံ့တာ၊ ပုန်းခိုစရာပေးတာတွေကို တရုတ်နိုင်ငံကိုယ်စား ကြားခံပြုလုပ်ပေးနေတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ အောက်တိုဘာလလယ်လောက်မှာတော့ အိန္ဒိယခွဲထွက်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်လေးဦးထက်မနည်းဟာ လက်နက်တွေဝယ်ယူဖို့နဲ့ လေ့ကျင့်မှုတွေပြုဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့ကိုရောက်ရှိခဲ့တယ်လို့ ဘလွန်းဘာ့ဂ်သတင်းဌာနက ဆိုပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ငြင်းဆိုထားပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ ဂယ်ဝန်ချိုင့်ဝှမ်းမှာ ဇွန်လအတွင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး တရုတ်တပ်ဖွဲ့ဝင်တွေလည်း အသေအပျောက်ရှိခဲ့ကာ ယခုနှစ်မေလကတည်းက လာဒါတ်ခ်ဒေသမှာ စစ်ရေးတင်းမာမှုတွေ…

Read More

 USDP ကိုယ်စားလှယ်လောင်း အပါအဝင် လူ ၃ ဦးကို ၅၀၅(ခ)နဲ့ တရားစွဲ

ဒီဇင်ဘာ ၉-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအပါအဝင် လူ ၃ ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စီးစေမှုပုဒ်မ ၅၀၅(ခ)နဲ့ ပုလဲမြို့နယ်တရားရုံးမှာ မနေ့ နိုဝင်ဘာ ၈ ရက်က ဦးတိုက်လျှောက်ထားပြီး တိုင်တန်းထားတယ်လို့ သိရပါတယ်။ “ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောမောင် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ဆွေ နဲ့ ဦးညိုရောင် ၃ ယောက်က နိုင်ငံတော်အကြည်ညိုပျက်စေအောင် ဟောပြောခဲ့တာလို့ စွပ်စွဲပြီး ဦးအောင်အောင်က တရားလိုလုပ်ပြီး မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက် တိုင်တန်းခဲ့တာဖြစ်တယ်”လို့ အမည်မဖော်လိုတဲ့ တရားရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အဲ့ဒီ တိုင်တန်းချက်ကို ပုလဲမြို့နယ်တရားရုံးမှာ ရာကြီးအမှတ် ၃၆၂/ ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(ခ) အရ အထူးရာဇဝတ်အာဏာနဲ့ တရားသူကြီး ဒေါ်ဇာလီဝင်းက လက်ခံဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်…

Read More

သထုံမြို့မှာ ကိုဗစ်လူနာနဲ့ ထိတွေ့သူတွေကို Home ကွာရန်တင်းသာ ထားတော့မယ်

ဒီဇင်ဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမ‌ှာ ကိုဗစ် အတည်ပြုလူနာတွေနဲ့ ထိတွေ့မိသူတွေကို Quarantine Center တွေမှာ ထားရှိတဲ့ စနစ်ကနေ နေအိမ်မှာသာ စောင့်ကြည့် သွားတော့မယ်လို့ သထုံမြို့နယ် Covid-19 ကာကွယ် ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံပြန်ရေးကော်မတီကနေ သိရပါတယ်။ ” အရင်စခန်းတွေကတော့ ထားရှိရဦးမှာပါ၊ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး ရောဂါပိုးတွေ့လူနာနဲ့ထိတွေ့မိသူကို Home Quarantine ထားမယ်၊ ထူးခြာမှဆေးရုံ Fever Clinic ပြသခိုင်းပါမယ်။ ဘာလို့လဲဆိုတာကို မသိဘူး။ ပြည်နယ်အစိုးရ ညွှန်ကြားချက်ပါ”လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောပါတယ်။ ပြောင်းလဲလိုက်တဲ့စနစ်အရ နေအိမ်မှာ ၁၄ ရက် နေထိုင်‌ပြီး အဲ့ဒီ နေအိမ်ကို Lock Downချကြောင်း စာကပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းလဲလိုက်တဲ့အတွက်…

Read More

သတင်းတု သတင်းမှားများသတိထားရန်

” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့…

Read More

ချောက်မြို့နယ် ဧရာဝတီမြစ်တွင်း လင်းပိုင်တကောင်ကျက်စား

မကွေး-ဒီဇင်ဘာ၉-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း ချောက် မြို့နယ် စလေအနီး ဧရာဝတီမြစ်တွင်းမှာ ၆ပေနဲ့၇ပေခန့်နဲ့ လုံးပတ် ၃ပေခွဲခန့်ရှိတဲ့ ဧရာဝတီလင်းပိုင်တကောင်တွေ့ရှိတယ်လို့ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။ “စလေမြို့အထက်နားမှာဒီလ၆ရက်နေ့ကတွေ့တယ်လို့ ရေလုပ်သားတွေအကြောင်းကြားလို့ ကွန်ဖန်းဖြစ်အောင်ကွင်းဆင်းတော့ ကိုယ်တိုင်မတွေ့ခဲ့ဘူး ဗီဒီယိုမှတ်တမ်းတွေအရ ဧရာဝတီလင်းပိုင်ဟုတ်တယ် ပတ်ဝန်းကျင်ကျေးရွာတွေကို အသိပညာပေးလုပ်ရင်းရေလုပ်သားတွေကိုစောင့်ရှောက်ဘို့နဲ့ နောင်တွေ့ရင်လည်းသတင်းပေးဘို့မှာခဲ့ရတယ်”လို့ တိုင်းငါးလုပ်ငန်းဦးစီးမှူးဦးမြင့်ရွှေကVOMကိုပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းက မကွေးတိုင်းပခုက္ကူနဲ့ ညောင်ဦးကြားမှာ လင်းပိုင်တကောင်တွေ့ရှိခဲ့ပါသေးတယ်။ ပုံမှန်အရဗန်းမော်နဲ့မန္တလေးတိုင်းအတွင်း စဉ့်ကူးနဲ့ မင်းကွန်းကြားမှာနေထိုင်ကျက်စားတတ်ပြီး မြစ်ရေကျချိန်မှာ ရေလမ်းပြောင်းလဲမှုကြောင့်ကျန်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ငါးလုပ်ငန်းက သုံးသပ်ပါတယ်။ ဘက်ထရီရှော့တိုက်ငါးဖမ်းမှု၊ စည်းကမ်းမဲ့မှုတွေကြောင့် ဧရာဝတီလင်းပိုင်တွေဟာ ရှားပါးမျိုးစိတ်တွေဖြစ်လာနေပြီး ငါးလုပ်ငန်းဦးစီးနဲ့ WCS သားငှက်ထိန်းသိမ်းရေးအဖွဲ့က အထူးဂရုပြုစောင့်ကြည့်နေရပါတယ်။ ဒီလိုအထူးကြပ်မှတ်ပေမယ့် ဘက်ထရီရှော့တိုက်ပြီး ငါးဖမ်းမှုတွေရှိနေသေးတာမို့ မကြာခဏဆိုသလို လင်းပိုင်တွေသေဆုံးနေရပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာမြန်မာပါမက ကမ္ဘာမှာပါ ရှားပါးလာလို့ နိုင်ငံခြားခရီးသွားတွေ လေ့လာစရာဖြစ်သလို ဧရာဝတီလင်းပိုင်တွေဟာ တံငါသည်တွေရဲ့ မိတ်ဆွေလည်းဖြစ်တာမို့ အားလုံးက ဝိုင်းဝန်းထိမ်းသိမ်းဖို့လိုတယ်လို့ ပတ်ဝန်းကျင်ပညာရှင်တွေက ဆိုကြပါတယ်။ ဧရာဝတီ လင်းပိုင်တွေကို ဧရာဝတီမြစ်၊…

Read More
VOM News

FREE
VIEW