ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်

ဒီဇင်ဘာ ၁၀-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရဲစခန်းပိုင်နယ်မြေမှာ ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်မှု ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

”ဖြစ်စဉ်က ဟုတ်ပါတယ်၊ အခုဖမ်းဆီး စစ်ဆေးနေပါတယ်၊ ဥပဒေ ကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဘာကြောင့် ဖြစ်တာလည်းဆိုတော့ အရက်ကြောင့်လည်းပါပါတယ်”လို့ ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

အင်္ဂပူမြို့နယ် ဥယျဉ်ကုန်းကျေးရွာ နေထိုင်တဲ့ ဖိုးချွန်(၃၆)နှစ်ဟာ အရက်သေစာသောက်စားပြီး သားသမီး(၄)ဦးရှိတဲ့အနက် အသက် (၁၄)နှစ်သမီးဖြစ်သူကို နေအိမ်ပြန်လာချိန် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်က နေအိမ်ရှေ့ခန်းမှာ အိပ်ယာခင်း ခြင်ထောင် ထောင်ပေးနေချိန် ဖခင်ဖြစ်သူကခြေထောက်နဲ့လှမ်းကန်ခဲ့ရာ လဲကျသွားချိန် ပါးစပ်နဲ့လက်ကို ချုပ်နှောင်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့တာဖြစ်ပါတယ်။

အဓမ္မပြုကျင့်ချိန် အသံထွက်အော်ပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတဲ့အတွက် အသံမထွက်ရဲဘဲ ရှက်ပြီးနေခဲ့ရတယ်လို့ အဲ့ဒီကလေးတွေကို ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ထားသူ အမျိုးသမီးကကြားသိရပြီး ဒီဇင်ဘာ (၈)ရက်မှာ ရဲစခန်းတိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုသားမယားအဖြစ်ပြုကျင့်ခဲ့သူ ဖိုးချွန် ၃၆ နှစ်ကို ကွင်းကောက်နယ်မြေရဲစခန်းမှာ (ပ)၂၅၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အင်္ဂပူ

Related posts

✕
VOM News

FREE
VIEW