ချောက်မြို့နယ် ဧရာဝတီမြစ်တွင်း လင်းပိုင်တကောင်ကျက်စား

မကွေး-ဒီဇင်ဘာ၉-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း ချောက် မြို့နယ် စလေအနီး ဧရာဝတီမြစ်တွင်းမှာ ၆ပေနဲ့၇ပေခန့်နဲ့ လုံးပတ် ၃ပေခွဲခန့်ရှိတဲ့ ဧရာဝတီလင်းပိုင်တကောင်တွေ့ရှိတယ်လို့ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။

“စလေမြို့အထက်နားမှာဒီလ၆ရက်နေ့ကတွေ့တယ်လို့ ရေလုပ်သားတွေအကြောင်းကြားလို့ ကွန်ဖန်းဖြစ်အောင်ကွင်းဆင်းတော့ ကိုယ်တိုင်မတွေ့ခဲ့ဘူး ဗီဒီယိုမှတ်တမ်းတွေအရ ဧရာဝတီလင်းပိုင်ဟုတ်တယ် ပတ်ဝန်းကျင်ကျေးရွာတွေကို အသိပညာပေးလုပ်ရင်းရေလုပ်သားတွေကိုစောင့်ရှောက်ဘို့နဲ့ နောင်တွေ့ရင်လည်းသတင်းပေးဘို့မှာခဲ့ရတယ်”လို့
တိုင်းငါးလုပ်ငန်းဦးစီးမှူးဦးမြင့်ရွှေကVOMကိုပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မကွေးတိုင်းပခုက္ကူနဲ့ ညောင်ဦးကြားမှာ လင်းပိုင်တကောင်တွေ့ရှိခဲ့ပါသေးတယ်။ ပုံမှန်အရဗန်းမော်နဲ့မန္တလေးတိုင်းအတွင်း စဉ့်ကူးနဲ့ မင်းကွန်းကြားမှာနေထိုင်ကျက်စားတတ်ပြီး မြစ်ရေကျချိန်မှာ ရေလမ်းပြောင်းလဲမှုကြောင့်ကျန်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ငါးလုပ်ငန်းက သုံးသပ်ပါတယ်။

ဘက်ထရီရှော့တိုက်ငါးဖမ်းမှု၊ စည်းကမ်းမဲ့မှုတွေကြောင့် ဧရာဝတီလင်းပိုင်တွေဟာ ရှားပါးမျိုးစိတ်တွေဖြစ်လာနေပြီး ငါးလုပ်ငန်းဦးစီးနဲ့ WCS သားငှက်ထိန်းသိမ်းရေးအဖွဲ့က အထူးဂရုပြုစောင့်ကြည့်နေရပါတယ်။ ဒီလိုအထူးကြပ်မှတ်ပေမယ့် ဘက်ထရီရှော့တိုက်ပြီး ငါးဖမ်းမှုတွေရှိနေသေးတာမို့ မကြာခဏဆိုသလို လင်းပိုင်တွေသေဆုံးနေရပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာမြန်မာပါမက ကမ္ဘာမှာပါ ရှားပါးလာလို့ နိုင်ငံခြားခရီးသွားတွေ လေ့လာစရာဖြစ်သလို ဧရာဝတီလင်းပိုင်တွေဟာ တံငါသည်တွေရဲ့ မိတ်ဆွေလည်းဖြစ်တာမို့ အားလုံးက ဝိုင်းဝန်းထိမ်းသိမ်းဖို့လိုတယ်လို့ ပတ်ဝန်းကျင်ပညာရှင်တွေက ဆိုကြပါတယ်။

ဧရာဝတီ လင်းပိုင်တွေကို ဧရာဝတီမြစ်၊ ဂင်္ဂါမြစ် နဲ့ မဲခေါင်မြစ် တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်က မဟာခန်မြစ် စတဲ့ ရေချိုမြစ်တွေမှာ တွေ့ရတာများပါတယ်။ ဧရာဝတီမြစ်မှာစတွေ့ရာကစပြီးဧရာဝတီလင်းပိုင်လို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။။ ဧရာဝတီမြစ်အတွင်း ဗန်းမော်နဲ့ မန္တလေးကြားမှာ အရင်က အနေများလာရာက ခုလို မကွေးတိုင်းကို နေရာပြောင်းလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လင်းပိုင် အကောင်ရေ ၇၀လောက်ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်တွက်ချက်ထားပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီလင်းပိုင် #ချောက်

zawgy

ေခ်ာက္ၿမိဳ႕နယ္ ဧရာဝတီျမစ္တြင္း လင္းပိုင္တေကာင္က်က္စား

မေကြး-ဒီဇင္ဘာ၉-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း ေခ်ာက္ ၿမိဳ႕နယ္ စေလအနီး ဧရာဝတီျမစ္တြင္းမွာ ၆ေပနဲ႔၇ေပခန႔္နဲ႔ လုံးပတ္ ၃ေပခြဲခန႔္ရွိတဲ့ ဧရာဝတီလင္းပိုင္တေကာင္ေတြ႕ရွိတယ္လို႔ငါးလုပ္ငန္းဦးစီးဌာနကသိရပါတယ္။

“စေလၿမိဳ႕အထက္နားမွာဒီလ၆ရက္ေန႔ကေတြ႕တယ္လို႔ ေရလုပ္သားေတြအေၾကာင္းၾကားလို႔ ကြန္ဖန္းျဖစ္ေအာင္ကြင္းဆင္းေတာ့ ကိုယ္တိုင္မေတြ႕ခဲ့ဘူး ဗီဒီယိုမွတ္တမ္းေတြအရ ဧရာဝတီလင္းပိုင္ဟုတ္တယ္ ပတ္ဝန္းက်င္ေက်း႐ြာေတြကို အသိပညာေပးလုပ္ရင္းေရလုပ္သားေတြကိုေစာင့္ေရွာက္ဘို႔နဲ႔ ေနာင္ေတြ႕ရင္လည္းသတင္းေပးဘို႔မွာခဲ့ရတယ္”လို႔
တိုင္းငါးလုပ္ငန္းဦးစီးမႉးဦးျမင့္ေ႐ႊကVOMကိုေျပာပါတယ္။

ၿပီးခဲ့တဲ့လပိုင္းက မေကြးတိုင္းပခုကၠဴနဲ႔ ေညာင္ဦးၾကားမွာ လင္းပိုင္တေကာင္ေတြ႕ရွိခဲ့ပါေသးတယ္။ ပုံမွန္အရဗန္းေမာ္နဲ႔မႏၲေလးတိုင္းအတြင္း စဥ့္ကူးနဲ႔ မင္းကြန္းၾကားမွာေနထိုင္က်က္စားတတ္ၿပီး ျမစ္ေရက်ခ်ိန္မွာ ေရလမ္းေျပာင္းလဲမႈေၾကာင့္က်န္ခဲ့တာျဖစ္ႏိုင္တယ္လို႔လည္း ငါးလုပ္ငန္းက သုံးသပ္ပါတယ္။

ဘက္ထရီေရွာ့တိုက္ငါးဖမ္းမႈ၊ စည္းကမ္းမဲ့မႈေတြေၾကာင့္ ဧရာဝတီလင္းပိုင္ေတြဟာ ရွားပါးမ်ိဳးစိတ္ေတြျဖစ္လာေနၿပီး ငါးလုပ္ငန္းဦးစီးနဲ႔ WCS သားငွက္ထိန္းသိမ္းေရးအဖြဲ႕က အထူးဂ႐ုျပဳေစာင့္ၾကည့္ေနရပါတယ္။ ဒီလိုအထူးၾကပ္မွတ္ေပမယ့္ ဘက္ထရီေရွာ့တိုက္ၿပီး ငါးဖမ္းမႈေတြရွိေနေသးတာမို႔ မၾကာခဏဆိုသလို လင္းပိုင္ေတြေသဆုံးေနရပါတယ္။ ဧရာဝတီလင္းပိုင္ေတြဟာျမန္မာပါမက ကမာၻမွာပါ ရွားပါးလာလို႔ ႏိုင္ငံျခားခရီးသြားေတြ ေလ့လာစရာျဖစ္သလို ဧရာဝတီလင္းပိုင္ေတြဟာ တံငါသည္ေတြရဲ႕ မိတ္ေဆြလည္းျဖစ္တာမို႔ အားလုံးက ဝိုင္းဝန္းထိမ္းသိမ္းဖို႔လိုတယ္လို႔ ပတ္ဝန္းက်င္ပညာရွင္ေတြက ဆိုၾကပါတယ္။

ဧရာဝတီ လင္းပိုင္ေတြကို ဧရာဝတီျမစ္၊ ဂဂၤါျမစ္ နဲ႔ မဲေခါင္ျမစ္ တို႔အျပင္ အင္ဒိုနီးရွားႏိုင္ငံ၊ ေဘာ္နီယိုကြၽန္းေပၚက မဟာခန္ျမစ္ စတဲ့ ေရခ်ိဳျမစ္ေတြမွာ ေတြ႕ရတာမ်ားပါတယ္။ ဧရာဝတီျမစ္မွာစေတြ႕ရာကစၿပီးဧရာဝတီလင္းပိုင္လို႔ ေခၚခဲ့ၾကတာျဖစ္ပါတယ္။။ ဧရာဝတီျမစ္အတြင္း ဗန္းေမာ္နဲ႔ မႏၲေလးၾကားမွာ အရင္က အေနမ်ားလာရာက ခုလို မေကြးတိုင္းကို ေနရာေျပာင္းလာတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ လင္းပိုင္ အေကာင္ေရ ၇၀ေလာက္ရွိတယ္လို႔ ေလ့လာသူေတြက ခန႔္မွန္တြက္ခ်က္ထားပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီလင္းပိုင္ #ေခ်ာက္

Related posts

Leave a Comment

VOM News

FREE
VIEW