ဧဝရက်တောင်အမြင့် တစ်မီတာနီးပါး တိုးလာ

ခတ္တမန္ဒူ၊ ဒီဇင်ဘာ-၉-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ဟာ ယခင်က တိုင်းတာထားတာထက် သုည ဒသမ ၈၆ မီတာ ပိုမိုမြင့်မားလာတယ်လို့ နီပေါနဲ့ တရုတ်နိုင်ငံတို့က ပူးတွဲကြေညာလိုက်ပါတယ်။

ဒါပေမယ့် လက်ရှိချိန်ထိ တောင်ထိပ်မှာဖုံးလွှမ်းနေသော ဆီးနှင်းထုကိုပါ တိုင်းတာတွက်ချက်ခြင်း ပြု၊မပြုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ကွဲလွဲနေဆဲဖြစ်ပါတယ်။ လက်ရှိတိုင်းတာမှုသစ်အရ တောင်အမြင့်မှာ ၈၈၄၈ ဒသမ ၈၆ မီတာ (၂၉၀၃၂ ပေ) ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ယခင်တိုင်းတာမှုကတော့ ၈၈၄၄ ဒသမ ၄၃ မီတာဖြစ်ပြီး နီပေါနိုင်ငံက တိုင်းတာထားတာထက် လေးမီတာပိုနိမ့်ပါတယ်။

ဧဝရက်တောင်ဟာ တရုတ်နဲ့ နီပေါနိုင်ငံနယ်စပ်မှာ တည်ရှိပြီး တောင်တက်သမားတွေဟာ နှစ်ဘက်စလုံးကနေ တောင်တက်ရောက်မှုတွေပြုကြပါတယ်။

နှစ်နိုင်ငံစလုံးက တိုင်းတာရေးသမားတွေဟာ တောင်ရဲ့အမြင့်ကို အသစ်တိုင်းတာသတ်မှတ်တာနဲ့ပတ်သက်ပြီး သဘောတူညီမှုရဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တိုင်းတာရေးဌာနတို့ကပြောပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ခတ္တမန္ဒူ

Related posts

✕
VOM News

FREE
VIEW