တိုင်းရင်းသားပါတီတွေက ပြည်နယ်အစိုးရအဆင့်မှာသာမက ပြည်ထောင်စုအစိုးရအဆင့်ပါ နေရာပေးဖို့တောင်းဆို

တောင်ကြီး၊ ဇန်နဝါရီ- ၁၃-၂၀၂၁
နေနန်းနွယ် (VOM)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ တွေ့ဆုံပွဲမှာ တိုင်းရင်းသားညီအကိုတွေကို ပြည်နယ်အစိုးရအဆင့်မှသာမက ပြည်ထောင်စုအဆင့်အထိပါနေရာပေးဖို့ တောင်းဆိုတဲ့ တဲ့အချက်တွေအပြင် တချို့တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှု ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက တွေ့ခဲ့တဲ့အခြေအနေတွေကို ပြောပြပါတယ်။
ရှမ်းပြည်နယ်က ဒေသခံပါတီတွေဖြစ်တဲ့ PNO ပါတီနှင့် တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) တို့နဲ့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်၊ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အင်တုံခါးနော်စံတို့ဟာ ဒီကနေ့ တောင်ကြီးမြို့က NLD ပါတီရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
PNO ပါတီ ဉက္ကဌ ဦးခွန်စံလွင်က “အားလုံးအဆင်ပြေပါတယ် တိုင်းပြည်အတွက်ပဲ အားလုံးအဆင်ပြေအောင်ပြောရတာပေါ့” လို့ တွေ့ဆုံပွဲအပြီးမှာ ပြောပါတယ်။
တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) ဒုဥက္ကဋ္ဌ ဦးညီစိန် ကတော့ “ဆွေးနွေးမှာကတော့ အဓိကက ကျွန်တော်တို့ အနာဂတ်ဖယ်ဒရယ်နိုင်ငံတော်ပေါ်ထွန်းလာဖို့နဲ့ တိုင်းရင်းသားကိစ္စတွေလဲပါမှာပေါ့” လို့ ဆွေးနွေးတွေ့ဆုံပွဲအဝင်မှာ ဖြေကြားတာပါ။
အဲ့ဒီ‌တွေ့ဆုံပွဲကို PNO ပါတီက ဉက္ကဌ ဦးခွန်စံလွင်၊ အထွေထွေအတွင်းရေးမှုး ဦးခွန်သိန်းဖေနဲ့ ရုံးအဖွဲ့မှုး စောခွန်ကျော်ဝင်း၊ တအာင်း(ပလောင်)အမျိုးသားပါတီက ဒုဉက္ကဌဦးညီစိန်၊ အထွေထွေအတွင်းရေးမှုး ဦးမိုင်းအုဏ်းခိုင်တို့က တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW