VOM ရဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု – NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ကယန်းလူမျိုးရေးရာဝန်ကြီးနေရာအရွေးချယ်ခံထားရတဲ့ ဦးခွန်းတင်နုတို့ တောင်ကြီးမြို့မှာ တွေ့ဆုံ – ရွှေတွင်းကျေးရွာက NLD ဒု-ဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး – လွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးတာဟာ UEC က ကြောက်လို့ဖြစ်နိုင်တယ်လို့ တပ်မတော်ဘက်က တုံ့ပြန် – မိုးကုတ်အနောက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောက်တူးသမားတွေကို ဆက်ကြေးလာကောက် – ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်အချို့ ကိုဗစ်ပိုးတွေ့လို့ ရဲစခန်းကို အသွားအလာကန့်သတ် – တစ်သျှူးငှက်ပျောခြံထဲမှာ တရုတ်နိုင်ငံသား အလောင်း ၁ လောင်းတွေ့ – ကိုဗစ်ကြောင့် အိမ်ခြံမြေဈေးကွက် ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ် – တက္ကသိုလ်ဝင်တန်းဖြေထားပြီးသူတွေ အမှတ်စာရင်း အွန်လိုင်းကကြည့်နိုင်တော့မယ် – ကိုဗစ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲလို့ ကူးစက်မှုမြန်တဲ့အတွက် ဂရုစိုက်ဖို့လိုအပ် VOM…

Read More

ကယန်းအမျိုးသားပါတီက တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေကို NLD နဲ့ တွေ့ဆုံပွဲမှာတင်ပြ

တောင်ကြီး၊ ဇန်နဝါရီ- ၁၄-၂၀၂၁ နေနန်းနွယ် (VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ နဲ့ ကယန်းအမျိုးသားပါတီ တွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အခန်းကဏ္ဍ၊ ဘတ်ဂျက်တွေတိုးမြင့်သုံးစွဲဖို့ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ကယန်းလူမျိုးရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ ကယန်းအမျိုးသားပါတီက ဦးခွန်းတင်နုက ပြောပါတယ်။ “ကျွန်တော်တို့ပါတီဘက်က တင်ပြစရာရှိတာ တင်ပြပါတယ်၊ အဓိကကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းရင်းသားပါတီနဲ့ NLD တို့ မဟာမိတ်ဖြစ်တယ်ဆိုတဲ့ဟာပေါ့၊ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ NLD တို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ဆိုတဲ့ သဘောတူညီချက်တွေကို ပြန်ပြီးတော့မှ အမှတ်ရဖို့အတွက် တင်ပြခဲ့ခြင်း ဖြစ်ပါတယ်” လို့ ကယန်းအမျိုးသားပါတီက ယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းတင်နုက ပြောပါတယ်။ မနက်ဖြန် ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့တွေ့ဖို့ရှိသလို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့လည်းတွေ့ဆုံမယ်လို့သိရပါတယ်။ ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့ဟာ…

Read More

တိုင်းရင်းသားပါတီတွေက ပြည်နယ်အစိုးရအဆင့်မှာသာမက ပြည်ထောင်စုအစိုးရအဆင့်ပါ နေရာပေးဖို့တောင်းဆို

တောင်ကြီး၊ ဇန်နဝါရီ- ၁၃-၂၀၂၁ နေနန်းနွယ် (VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ တွေ့ဆုံပွဲမှာ တိုင်းရင်းသားညီအကိုတွေကို ပြည်နယ်အစိုးရအဆင့်မှသာမက ပြည်ထောင်စုအဆင့်အထိပါနေရာပေးဖို့ တောင်းဆိုတဲ့ တဲ့အချက်တွေအပြင် တချို့တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှု ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက တွေ့ခဲ့တဲ့အခြေအနေတွေကို ပြောပြပါတယ်။ ရှမ်းပြည်နယ်က ဒေသခံပါတီတွေဖြစ်တဲ့ PNO ပါတီနှင့် တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) တို့နဲ့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်၊ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အင်တုံခါးနော်စံတို့ဟာ ဒီကနေ့ တောင်ကြီးမြို့က NLD ပါတီရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ PNO ပါတီ ဉက္ကဌ ဦးခွန်စံလွင်က “အားလုံးအဆင်ပြေပါတယ် တိုင်းပြည်အတွက်ပဲ အားလုံးအဆင်ပြေအောင်ပြောရတာပေါ့” လို့ တွေ့ဆုံပွဲအပြီးမှာ ပြောပါတယ်။ တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) ဒုဥက္ကဋ္ဌ…

Read More

VOM ရဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– အဂတိကော်မရှင် သုံးနှစ်ကျော်သက်တမ်းအတွင်း နိုင်ငံရေးရာထူးအမှု နှစ်ခုသာရှိ – ကိုဗစ်ကာလ ထိုင်းရောက် မြန်မာ‌အချို့ သက်တမ်းတိုးရမယ့်ကိစ္စတွေကြောင့် အခက်ကြုံနေ – ရန်ကုန်တိုင်း နောက်ဆုံးလွှတ်တော်မှာ မေးခွန်းတွေကို စာရွက်နဲ့မဖြေတာဟာ ပြည်သူအတွက် နစ်နာ – တရုတ်လုပ်ငန်းရှင်ပြန်သွားလို့ တစ်သျှူးငှက်ပျောအလုပ်သမားတွေ လုပ်အားခမရ – အလောင်းတော်ကဿပ ဘုရားဖူးကား တောင်အဆင်းလမ်းမှာ တိမ်းမှောက်လို့ လူ ၂ ဦးသေ ၁၅ ယောက် ဒဏ်ရာရ – တောင်ကြီးမြို့မှာ လူအားလုံး ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မယ် – USDP ရဲ့ရှင်းလင်းပွဲတွေ မှန်ကန်မှုမရှိခဲ့ရင် UECအနေနဲ့ တရားစွဲနိုင် – ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့မှာ တွေ့ဆုံ – ထားဝယ်အထူးစီးပွားရေးဇုန်မှာ ထိုင်းကုမ္ပဏီ(ITD)ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို မြန်မာဖယ်ရှား VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့…

Read More

ကချင်ပြည်နယ်က တန် ၅ သိန်း ကျောက်စိမ်းတောင်ဆိုတာ သတင်းအမှားဖြစ်နေ

ဇန်နဝါရီ ၁၅ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ တန် ၅သိန်း ကျောက်စိမ်းတုံးတွေ့တယ်ဆိုတဲ့ သတင်းအမှားတခု ဇန်နဝါရီ ၁၂ရက်နေ့ကစပြီး လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို Sai Aung Win ဖေ့ဘုတ်အကောင့်ကနေ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့် ပြောဆိုခဲ့တာဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေအကြား အလျင်အမြန် ပျံ့နှံ့နေတာဖြစ်ပါတယ်။ ကျောက်မျက်ပညာရှင်တွေက သွားရောက်လေ့လာပြီးနောက် တန် ၅သိန်းရှိတယ်ဆိုတဲ့ ကျောက်တုံးကြီးဟာ ကျောက်စိမ်းမျိုးရင်း မျိုးနွယ် မဟုတ်ဘဲ ကျောက်ရိုင်း၊ ကျောက်ပုတ်အဆင့်သာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၄ရက်မှာ ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး သယံဇာတနဲ့ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက “၁၂ ရက်နေ့က Sai Aung Win အမည်ပါ အင်တာနက် လူမှုကွန်ရက်အကောင့်ကနေ ထုတ်လွှင့်တင်ပြထားတာကို တွေ့ရတယ်၊ ဒါဟာ…

Read More

VOM ရဲ့ သတင်းတွေကိုအလွယ်ဖတ်ချင်ရင် Android ဖုန်းတွေပေါ်ကနေ application ဒေါင်းနိုင်ပြီ

VOM News မှ သတင်းများကို Android ဖုန်းတွေပေါ်ကနေ တဆင့် ရယူကြည့်ရှုနိုင်ပါပြီ ဒီလင့်ကနေ တိုက်ရိုက်ရယူပါ https://vomnews.page.link/app VOM News app ကို Google Play Store ကနေ အောက်ပါနည်းတွေနဲ့ အလွယ်တကူ ရယူနိုင်ပါပြီ Voice of Myanmar Facebook page ကနေ တဆင့် ရယူနိုင်သလို voiceofmyanmarnews.com ကနေ လည်း ရယူနိုင်ပါတယ်။

Read More

အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု

ဇန်နဝါရီ ၁၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပေးရေးအဆိုကို ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့မှာ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအဆိုကို အတည်ပြုလိုက်ရာမှာ ကန့်ကွက်သူမရှိကြောင်းနဲ့ အဆိုကို လွှတ်တော်အမတ် (၇) ဦးက ထောက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က” အဆိုကို ဒီနေ့အတည်ပြုလိုက်တာ ဟုတ်ပါတယ်။ ကျနော်တို့က ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လွှတ်တော်မှာ တင်ပြပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ တွေကို တိုက်တွန်းတာဖြစ်တယ်။ အကောင်အထည်ဖော်ဖို့ဟာက အစိုးရရဲ့ အပိုင်းဖြစ်တယ်၊အစိုးရအနေနဲ့ ဒီကနေ့ အတည်ပြုလိုက်တဲ့အဆိုကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။ လက်ရှိမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေကာ နေမြေဒေသ ငြိမ်းချမ်းမှု ရှိလာတာနဲ့အညီ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေ အတိဒုက္ခရောက်ပြီး ငြိမ်းချမ်းရေးကို…

Read More

ရွှေတွင်းကျေးရွာက NLD ဒု-ဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွား

ဇန်နဝါရီ ၁၄ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အကြား ဟုမ္မလင်းမြို့နယ် ၊ ရွှေတွင်းကျေးရွာအုပ်စု၊ ရွှေတွင်းကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၃ ရက်ည ၇ နာရီ အချိန်က NLDပါတီ ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ အမျိုးသားတစ်ဦးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွှေတွင်းရွာ NLD ပါတီ အဝန်းအဝိုင်ဆီက သိရပါတယ်။ ” ရွှေတွင်းရွာက ပါတီ ဒု-ဥက္ကဋ္ဌ ကိုကုလား(ခ)ကိုလွင်မောင်းထွေးရဲ့ အိမ်ကို အမည်မသိ ဆိုင်ကယ် ၂ စီးနဲ့ လက်နက်ကိုင် လူ ၄ ယောက်က လာရောက်ပြီး ဖမ်းသွားတာဖြစ်တယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေတွင်းရွာဒေသခံတစ်ဦးက VOMကို ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ကိုကုလား(ခ) ကိုလွင်မောင်ထွေးဟာ မနေ့ညက မိသားစုနဲ့ နေအိမ်မှာ…

Read More

ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ WHO ကျွမ်းကျင်သူအဖွဲ့ တရုတ်နိုင်ငံကိုရောက်ပြီ

ပေကျင်း၊ ဇန်နဝါရီ ၁၄-၂၀၂၁ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတွေစတင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အဲ့ဒီစုံစမ်းစစ်ဆေးမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့အကြား လပေါင်းများစွာဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ သိပ္ပံပညာရှင် ၁၀ ဦးပါတဲ့ အဖွဲ့ဟာ သုတေသနဌာနတွေ၊ ဆေးရုံတွေနဲ့ ဗိုင်းရပ်စ်ကနဦးစတင်ဖြစ်ပွားခဲ့တဲ့ ပင်လယ်စာဈေးကလူတွေနဲ့ပါ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဇန်နဝါရီ ၁၄ ရက်ရောက်ရှိချိန်မှာတော့ ဝူဟန်မြို့ဟာ ပုံမှန်လူနေမှုဘဝကို ပြန်လည်ရောက်ရှိနေပြီး တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဗိုင်းရပ်စ်တစ်ကျော့ပြန်ကူးစက်မှုတွေနဲ့ တိုက်ဆိုင်နေပါတယ်။ သူတို့ဟာ တရုတ်တာဝန်ရှိသူတွေပေးတဲ့ နမူနာတွေနဲ့ သက်သေအထောက်အထားတွေအပေါ်တည်မှီပြီး စုံစမ်းစစ်ဆေးမှုတွေမစတင်မီ သီတင်းနှစ်ပတ်ကြာ ကွာရန်တင်းဝင်ကြဦးမှာဖြစ်ပါတယ်။ Ref : BBC Photo: AP…

Read More

တစ်သျှူးငှက်ပျောခြံထဲမှာ တရုတ်နိုင်ငံသား အလောင်း ၁လောင်းတွေ့

ဇန်နဝါရီ ၁၄ -၂၀၂၁ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက တစ်သျှူးငှက်ပျောခြံ လုပ်ကွက်ဆိုဒ်(၂)ထဲက ကားပေါ်မှာ တရုတ်နိုင်ငံသား ၁ဦးသေဆုံးနေတာကို မနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက တွေ့ခဲ့ရတယ်လို့ မွန်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။ “ငှက်ပျောခြံ အမည်က ပါဝါနိုင်း ခြံဖြစ်တယ် ၊ DB ရုပ်အလောင်းက ကားရှေ့ခန်းထဲကတွေ့တယ်၊ တရုတ်နိုင်ငံသား တစ်ယောက်လို့ပဲ လက်တလော ပြောလို့ရမယ်၊ ကားက အိမ်စီးကား YGN 2H/… အဖြူရောင် ဖြစ်တယ်၊ ကားတံခါးတွေက လော့ခ်ချထားတယ်”လို့ မွန်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သေဆုံးနေတဲ့ တရုတ်နိုင်ငံသားဟာ ငှက်ပျောခြံထဲက အိမ်စီးကား တစ်စီးရဲ့ ဒရိုင်ဘာထိုင်ခုံပေါ်မှာ အနက်ရောင်စွပ်ကျယ် ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာ အဝတ်မပါဘဲတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “သေဆုံးသူ တရုတ်နိုင်ငံသားက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒယ်ဟိုခရိုင်၊ ရင်ကျန်းမြို့မှာနေတဲ့ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးပညာရှင်…

Read More
VOM News

FREE
VIEW