ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ WHO ကျွမ်းကျင်သူအဖွဲ့ တရုတ်နိုင်ငံကိုရောက်ပြီ

ပေကျင်း၊ ဇန်နဝါရီ ၁၄-၂၀၂၁
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတွေစတင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အဲ့ဒီစုံစမ်းစစ်ဆေးမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့အကြား လပေါင်းများစွာဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

သိပ္ပံပညာရှင် ၁၀ ဦးပါတဲ့ အဖွဲ့ဟာ သုတေသနဌာနတွေ၊ ဆေးရုံတွေနဲ့ ဗိုင်းရပ်စ်ကနဦးစတင်ဖြစ်ပွားခဲ့တဲ့ ပင်လယ်စာဈေးကလူတွေနဲ့ပါ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဇန်နဝါရီ ၁၄ ရက်ရောက်ရှိချိန်မှာတော့ ဝူဟန်မြို့ဟာ ပုံမှန်လူနေမှုဘဝကို ပြန်လည်ရောက်ရှိနေပြီး တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဗိုင်းရပ်စ်တစ်ကျော့ပြန်ကူးစက်မှုတွေနဲ့ တိုက်ဆိုင်နေပါတယ်။

သူတို့ဟာ တရုတ်တာဝန်ရှိသူတွေပေးတဲ့ နမူနာတွေနဲ့ သက်သေအထောက်အထားတွေအပေါ်တည်မှီပြီး စုံစမ်းစစ်ဆေးမှုတွေမစတင်မီ သီတင်းနှစ်ပတ်ကြာ ကွာရန်တင်းဝင်ကြဦးမှာဖြစ်ပါတယ်။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW