ကယန်းအမျိုးသားပါတီက တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေကို NLD နဲ့ တွေ့ဆုံပွဲမှာတင်ပြ

ကယန်းအမျိုးသားပါတီက တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေကို NLD နဲ့ တွေ့ဆုံပွဲမှာတင်ပြ
တောင်ကြီး၊ ဇန်နဝါရီ- ၁၄-၂၀၂၁
နေနန်းနွယ် (VOM)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ နဲ့ ကယန်းအမျိုးသားပါတီ တွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အခန်းကဏ္ဍ၊ ဘတ်ဂျက်တွေတိုးမြင့်သုံးစွဲဖို့ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ကယန်းလူမျိုးရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ ကယန်းအမျိုးသားပါတီက ဦးခွန်းတင်နုက ပြောပါတယ်။
“ကျွန်တော်တို့ပါတီဘက်က တင်ပြစရာရှိတာ တင်ပြပါတယ်၊ အဓိကကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းရင်းသားပါတီနဲ့ NLD တို့ မဟာမိတ်ဖြစ်တယ်ဆိုတဲ့ဟာပေါ့၊ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ NLD တို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ဆိုတဲ့ သဘောတူညီချက်တွေကို ပြန်ပြီးတော့မှ အမှတ်ရဖို့အတွက် တင်ပြခဲ့ခြင်း ဖြစ်ပါတယ်” လို့ ကယန်းအမျိုးသားပါတီက ယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းတင်နုက ပြောပါတယ်။
မနက်ဖြန် ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့တွေ့ဖို့ရှိသလို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့လည်းတွေ့ဆုံမယ်လို့သိရပါတယ်။
ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့ဟာ ဇန်နဝါရီလ 13 ရက်နေ့ကလည်း PNO ပါတီနဲ့ တအာင်း(ပလောင်)အမျိုးသားပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW