ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆-၂၀၂၁
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးရရှိဖို့ ကြိုးစားနေကြချိန်မှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်းဟာ ဇန်နဝါရီ ၁၅ ရက်ထိ နှစ်သန်းကျော် ရှိလာတယ်လို့ ရိုက်တာရဲ့စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သန်းပြည့်ဖို့ ကိုးလကြာမြင့်ခဲ့ပြီး တစ်သန်းကနေ နှစ်သန်းပြည့်ဖို့ သုံးလသာအချိန်ကြာခဲ့တာကြောင့် သေဆုံးမှုအရှိန်မြှင့်မားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် လက်ရှိအချိန်ထိ တစ်ရက်ကို သေဆုံးသူ ၁၁၉၀၀ ဦးပျှမ်းမျှရှိနေပြီး သို့မဟုတ် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေတယ်လို့ ရိုက်တာရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မိမိတို့ရဲ့ကမ္ဘာကြီးဟာ စိတ်နှလုံးကြေကွဲဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

ဧပြီ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း သေဆုံးမှုဟာ ၂ ဒသမ ၉ သန်းနီးပါးထိ တိုးမြင့်လာနိုင်တယ်လို့ ကျန်းမာရေးလေ့လာမှုနှင့် အကဲဖြတ်ဌာနက ခန့်မှန်းထားပါတယ်။

ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွ ပြန့်နှံ့နေတာကြောင့် အခြေအနေဆိုးရွားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW