မြင်းခြံမြို့မှာ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲတရားမျှတမှုလိုလားကြောင်း ဆန္ဒပြ

ဇန်နဝါရီ ၁၇ -၂၀၂၁ အေးချမ်းသူ(VOM) မြင်းခြံမြို့မှာ တပ်မတော်ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲတရားမျှတမှုလိုလာကြောင်း ဆန္ဒဖော်ထုတ်ဟောပြောပွဲကို မနေ့ ဇန်နဝါရီ(၁၆) ရက်မနက်ပိုင်းက မြင်းခြံမြို့ နာရီစင်ကနေ ဟစ်တိုင်ကွင်းအထိ ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ” တပ်မတော်ထောက်ခံပွဲလုပ်ရတာဟာ တပ်နဲ့ပြည်သူ သွေးခွဲမှုတွေရှိနေလို့ ပြည်သူအများစုက တပ်မတော်ကိုထောက်ခံနေတာကို သိစေဖို့ လုပ်ရခြင်းဖြစ်တယ်၊ တပ်မတော်ကို ဘယ်သူမျိုးစေ့ချပေးတာလဲ ဗိုလ်ချုပ်အောင်ဆန်း ဒီလို ဗိုလ်ချုပ်အောင်ဆန်း မျိုးစေ့ချခဲ့တဲ့ တပ်မတော်ကို ဖောင်းထုနေတဲ့သူတွေကို ဆန့်ကျင်ပြီး တပ်မတော်ကိုထောက်ခံတာ”လို့ ဦးဆောင်ဟောပြောသူ ဦးကျော်ဝင်းကပြောပါတယ်။ ဆန္ဒဖော်ထုတ်သူတွေဟာ မြင်းခြံမြို့နာရီစင်ကနေ “တပ်မတော်ကိုဖြိုခွဲသူ ဒို့ရန်သူ၊ တန်းတူညီမျှမရှိသောလုပ်ရပ်များ ဆန့်ကျင်ကြ” စတာတွေကို ကြွေးကြော်ပြီး ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဦးဆောင်ဟောပြောရာမှာပါဝင်တဲ့ ဒေါ်သီတာယုမွန်ကလည်း “တပ်မတော်က မဲစာရင်းကိစွမှာ စာရင်းဇယားနဲ့ဖော်ပြတာကို တစ်ဖက်ပိတ်တွေက တပ်မတော်နဲ့မဆိုင်ဘူးလို့ပြောနေတယ်၊ တပ်မတော်အနေနဲ့ တရားမျှတမှုရရှိဖို့ လုပ်ဆောင်နေတာ”လို့ ပြောပါတယ်။ အဲ့ဒီဆန္ဒဖော်ထုတ်ပွဲကို COVID-19 ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ…

Read More

နေရပ်ပြန် စစ်ရှောင်တွေနေတဲ့ ရွာဘေးမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကန့်ကွက်

ဇန်နဝါရီ ၁၇ -၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်အုပ်စု၊ ကျွန်းတောကျေးရွာအနီးက တောင်ယာနေရာမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဇွမ်ဘရန်ဆိုင်းက “လက်ရှိမှာတော့ တောင်ပေါ်မှာ ဆေးနီသုတ်ထားတဲ့ အမှတ်အသား စိုက်ထူထားတာ တွေ့ရပါတယ်။ ရွာသားတွေကတော့ အဲ့ဒီနေရာဟာ ဘိုးစဉ်ဘောင်ဆက် တောင်ယာခုတ် ၊ ထင်းခုတ် ၊ တောလိုက် ၊ ဆေးမြစ်တူး လုပ်ကိုင်လာတဲ့ နေရာဖြစ်လို့ မြေလွတ်မြေရိုင်း ချထားမပေးဖို့ပါ၊ ဒီတောင်က ကျွန်တော်တို့ရွာရဲ့ အိမ်သုံးပစ္စည်း သစ်၊ ဝါး၊ ဟင်းသီးဟင်းရွက်တွေခူး တောင်ယာလုပ်စားနေတာ၊ ရွာသားတွေက ပိုက်ဆံလည်းရှိတာမဟုတ်ဘူး။ ဒီတောင်ကို မှီခိုပြီး အသက်မွေးနေကြရတာ ဒါကြောင့် ကန့်ကွက်တာပါ”လို့ ပြောပါတယ်။ ဒေသခံတောင်သူ ဦးနန်ဇိန်းလကလည်း ” လက်ရှိ ဆေးအနီသုတ်ပြီး ဧရိယာသတ်မှတ်ထားတဲ့နေရာမှာ ကျွန်းတောကျေးရွာ သောက်သုံးရေအတွက် သွယ်တန်းထားတဲ့ စိမ့်စမ်းရေကန်…

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်

16-1-2021 ညနေခင်းသတင်း   – SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ပြန်လွတ်ပြီဆိုတဲ့   – နယ်ခြားစောင့်တပ်က နုတ်ထွက်စာတွေကို တပ်မတော်ဖက်က ဆိုင်းငံထား   – အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပြီး အမျိုးသားရေးသမားတစ်ဦး ဖမ်းဆီးခံရ   – အထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ   – ပြည်မြို့မှာ နေအိမ်ထဲဝင်ပြီး ရိုက်နှက်လုယက်မှုဖြစ်ပွား   – တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ ထိုင်းအစိုးရစီစဉ်   VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို   ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့…

Read More

တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ ထိုင်းအစိုးရစီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ ၁၆-၂၀၂၁ မျိုးဆက် (VOM) ထိုင်းအစိုးရဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူရေးမှာ ပါဝင်လာဖို့အတွက် သူတို့ကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ဘန်ကောက်အနီးရှိ ငါးဈေးတစ်ခုမှာ ဒီဇင်ဘာလယ်ပိုင်းက အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေအကြား ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေတဲ့အပေါ် တုံ့ပြန်ဖို့အတွက် အခုလို စီစဉ်ရတာဖြစ်ပါတယ်။ အာဏာပိုင်တွေက တရားမဝင်နေထိုင်တာဖြစ်ကြောင်း မသိရှိမီ ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းရှင်အချို့က ရုတ်တရက်အလုပ်ထုတ်မှုတွေဖြစ်ပွားပြီးနောက် အဲ့ဒီကိစ္စအပေါ် သိပေးမှုတွေ ထွက်ပေါ်လာပါတယ်။ ထိုင်းအစိုးရရဲ့ အစီအစဉ်သစ်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားမှတ်ပုံတင်ပြီးတာနဲ့တစ်ပြိုင်နက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ပါမစ်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ကျန်းမာရေးအာမခံအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။တရားဝင်မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို ဇန်နဝါရီ ၁၅ ရက်က စတင်ခဲ့ပြီး လူဦးရေတစ်သန်းအထိ ခွင့်ပြုချက်ရဖွယ်ရှိနေပါတယ်။ Ref…

Read More

နယ်ခြားစောင့်တပ်က နုတ်ထွက်စာတွေကို တပ်မတော်ဖက်က ဆိုင်းငံထား

ဇန်နဝါရီ ၁၆-၂၀၂၁ ခွန်ခမ့်သူ(VOM) နယ်ခြားစောင့်တပ်နယ်မှူးတွေ နုတ်ထွက်စာတင်တာနဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားတယ်လို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့က ပြောကြားတယ်လို့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တပ်မတော်အရာရှိက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့က တပ်မတော်ရဲ့ ဖိအားပေးမှုကို လက်မခံနိုင်တဲ့အတွက် တပ်နယ် ၄ ခုက တပ်ရင်း ၁၃ ရင်း နုတ်ထွက်စာတင်တာနဲ့ပတ်သက်ပြီး တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ နယ်ခြားစောင့်တို့အကြား နှစ်ဖက်ညှိနှိုင်းမှုကို အမှတ်(၁၀၁၁)နယ်ခြားစောင့်တပ်ရင်း အစည်းအဝေးခန်းမမှာ နေ့လည် ၁၂ နာရီခွဲခန့်က စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “တပ်မတော်ရဲ့ အထက်ပိုင်းဆိုင်ရာအကြီးအကဲတွေနဲ့ ဆုံတဲ့အခါ ကျနော်တို့ နုတ်ထွက်စာကို ဆိုင်းငံ့ထားတယ်။ ဒါကို သေသေချာချာလေး စဉ်းစဉ်းစားစားလေးနဲ့လုပ်ဖို့။ လက်တွဲလာတာလည်း အခုမှ မဟုတ်ဘူးပေါ့။ ကြာပြီ”လို့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ဗိုလ်မှူး အဆင့်ရှိသူတစ်ဦးကပြောပါတယ်။ နယ်ခြားစောင့်အကြီးအကဲတပ်မှူးတွေအနေနဲ့လည်း ငြိမ်းချမ်းရေး ပျက်ပြားသွားအောင် လုပ်မှာမဟုတ်သလို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့လည်း ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ တပ်မတော်ညှိနှိုင်းရေးအဖွဲ့မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး…

Read More

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးရရှိဖို့ ကြိုးစားနေကြချိန်မှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်းဟာ ဇန်နဝါရီ ၁၅ ရက်ထိ နှစ်သန်းကျော် ရှိလာတယ်လို့ ရိုက်တာရဲ့စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သန်းပြည့်ဖို့ ကိုးလကြာမြင့်ခဲ့ပြီး တစ်သန်းကနေ နှစ်သန်းပြည့်ဖို့ သုံးလသာအချိန်ကြာခဲ့တာကြောင့် သေဆုံးမှုအရှိန်မြှင့်မားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် လက်ရှိအချိန်ထိ တစ်ရက်ကို သေဆုံးသူ ၁၁၉၀၀ ဦးပျှမ်းမျှရှိနေပြီး သို့မဟုတ် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေတယ်လို့ ရိုက်တာရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ မိမိတို့ရဲ့ကမ္ဘာကြီးဟာ စိတ်နှလုံးကြေကွဲဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။ ဧပြီ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း သေဆုံးမှုဟာ ၂ ဒသမ ၉…

Read More

အထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ

ဇန်နဝါရီ ၁၆ -၂၀၂၁ သိင်္ဂီထွန်း(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) နဲ့ အထူးဒေသ(၂)ထဲက ကြံခင်းတောထဲမှာ မြန်မာအလုပ်သမား ၁၅၁ ဦး ပိတ်မိနေတာ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိဆိုရင် ၃ ရက်ရှိပြီဖြစ်တယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။ အလုပ်သမားတွေဟာ ” ဝ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ကျင်းဝါ ဆေးလိပ်စက်ရုံမှာ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။ လက်ရှိမှာက ကိုဗစ်ကပ်ရောဂါဖြစ်နေတာကြောင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း စက်ရုံတွေကို လည်ပတ်ခွင့်ကန့်သတ်ထားတဲ့အတွက် အလုပ်သမားတွေမှာ စားဝတ်နေရေးအားလုံး အခက်အခဲဖြစ်နေတာကြောင့် နေရပ်ဒေသကိုပြန်လာခဲ့ရာ မြန်မာဘက်ကို ဝင်ခွင့်မရရှိသေးဘဲ ကြံခင်းတောထဲမှာ ပိတ်မိနေကြတာဖြစ်ပါတယ်။ ” စက်ရုံကနေလိုက်ပို့တယ်။ နာရီဝက်လောက်ကြာတယ်။ သူတို့ပြောတာက မိုင်းယန်းဘက်ကပိတ်ထားတယ်ဝင်လို့မရဘူး၊ ဖြတ်မရဘူး ပိတ်ထားတယ်ပေါ့ ၊အဲ့ဒီတော့ ဒီဘက်မှာတစ်လမ်းရှိတယ် လိုက်ပို့မယ်ဆိုပြီး လိုက်ပို့တာပေါ့။ ခိုးလမ်းမှန်းတော့ မသိဘူး။ ကိုဗစ်ကြောင့် စက်ရုံတွေကပိတ်ကြတယ်။ ဒီဇင်ဘာလကတည်းက ပိတ်တယ်။ သူတို့က…

Read More

ပြည်မြို့မှာ နေအိမ်ထဲဝင်ပြီး ရိုက်နှက်လုယက်ဖြစ်ပွား

ဇန်နဝါရီ ၁၆ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့၊ဆံတော်ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း ဝင်ရောက်လုယက်မှုဖြစ်စဉ် ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး နေအိမ်အတွင်းဝင်ရောက်လာပြီး ကလေးပုခက်လွှဲချိန် အသုံးပြုတဲ့ ဝါးလုံးတုတ်နဲ့ နေအိမ်ပိုင်ရှင်သမီးဖြစ်သူကို ရိုက်နှက်ကာ ဝတ်ဆင်ထားတဲ့နားကပ်အပြင် စိန်နားကပ်တစ်ရံလည်း လုယူသွားခဲ့တယ်လို့ သိရပါတယ်။ ” အခုက ရှာနေတုန်းပဲ။ CCTVမှာပြန်ကြည့်နေတုန်းပဲ။ဘကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်နေတယ်။ အမျိုးသမီးကလည်း ၆၀ နီးပါးလောက်ရှိတယ်။ အဲ့ဒါကို တုတ်နဲ့ရိုက်သွားတယ်။ နားက နားကပ်ဖြုတ်ယူသွားတယ်။ စိန်နားကပ်တစ်ရံပါသွားတယ်ပြောတယ်။ လောလောဆယ် အဲ့ဒါပဲသိရသေးတယ်။ ဘာတွေပါသလဲကတော့ မိသားစုဆုံမှသိမယ်”လို့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ရာအိမ်မှူး ဦးဝင်းမောင်ကပြောပြပါတယ်။ လက်ရှိ ပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ရပ်ကွက်တာဝန်ရှိသူတွေ ပူးပေါင်းပြီး တရားခံဖမ်းဆီးရမိရေး CCTV ကနေ စုံစမ်းမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ အရိုက်ခံခဲ့ရတဲ့ အိမ်ရှင်ရဲ့သမီးဖြစ်သူကတော့ အရိုက်ခံရတဲ့ဒဏ်ရာနဲ့…

Read More

အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပြီး အမျိုးသားရေးသမားတစ်ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၆ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့မှာ ဦးဝီရသူအပါအဝင် အမျိုးသားရေးသမားတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဒီကနေ့မနက် ၁၀ နာရီက သံဃာတော်တွေနဲ့ အမျိုးသားရေးသမားတွေ ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားပြီး အမျိုးသားရေးလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ” ဒီကနေ့မနက်ပိုင်း ဆန္ဒပြတကို သံဃာတော်တွေဘက်က ဇန်နဝါရီ ၁၃ရက်နေ့က အင်းစိန်ရဲစခန်းမှာ ငြိမ်းစုစီတင်ခဲ့ပေမယ့် ဇန်နဝါရီလ ၁၅ရက်နေ့ အင်းစိန်ထောင်ဗူးဝရှေ့မှာ မပြုလုပ်ဖို့ ညှိနိုင်းခဲ့တယ်”လို့ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက VOMကိုပြောပါတယ်။ အင်းစိန်ထောင်ဗူးဝရှေ့မှာ ဆန္ဒပြတာမပြုလုပ်ဖို့နဲ့ အခြားနေရာမှာသာ ဆန္ဒပြဖို့ခွင့်ပြုကြောင်း ရန်ကုန် မြောက်ပိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှဝေက သံဃာတော်တွေကို လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီလို လျှောက်ထားနေတာကို သံဃာတော်တွေက လက်မခံဘဲ ဆက်လက်ဆန္ဒပြတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ “ယနေ့ပြုလုပ်တဲ့ပွဲဟာ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားရေးအကျဉ်းသားများအား ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဆရာတော်အဂ္ဂဓဇကမိန့်ပါတယ်။ အဲ့ဒီလိုပြောကြားပြီးမကြာမီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံဃာတော်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကာ…

Read More
VOM News

FREE
VIEW