မြင်းခြံမြို့မှာ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲတရားမျှတမှုလိုလားကြောင်း ဆန္ဒပြ

ဇန်နဝါရီ ၁၇ -၂၀၂၁
အေးချမ်းသူ(VOM)

မြင်းခြံမြို့မှာ တပ်မတော်ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲတရားမျှတမှုလိုလာကြောင်း ဆန္ဒဖော်ထုတ်ဟောပြောပွဲကို မနေ့ ဇန်နဝါရီ(၁၆)
ရက်မနက်ပိုင်းက မြင်းခြံမြို့ နာရီစင်ကနေ ဟစ်တိုင်ကွင်းအထိ ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

” တပ်မတော်ထောက်ခံပွဲလုပ်ရတာဟာ တပ်နဲ့ပြည်သူ သွေးခွဲမှုတွေရှိနေလို့ ပြည်သူအများစုက တပ်မတော်ကိုထောက်ခံနေတာကို သိစေဖို့ လုပ်ရခြင်းဖြစ်တယ်၊ တပ်မတော်ကို ဘယ်သူမျိုးစေ့ချပေးတာလဲ ဗိုလ်ချုပ်အောင်ဆန်း ဒီလို ဗိုလ်ချုပ်အောင်ဆန်း မျိုးစေ့ချခဲ့တဲ့ တပ်မတော်ကို ဖောင်းထုနေတဲ့သူတွေကို ဆန့်ကျင်ပြီး တပ်မတော်ကိုထောက်ခံတာ”လို့ ဦးဆောင်ဟောပြောသူ ဦးကျော်ဝင်းကပြောပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ မြင်းခြံမြို့နာရီစင်ကနေ “တပ်မတော်ကိုဖြိုခွဲသူ ဒို့ရန်သူ၊ တန်းတူညီမျှမရှိသောလုပ်ရပ်များ ဆန့်ကျင်ကြ” စတာတွေကို ကြွေးကြော်ပြီး ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဦးဆောင်ဟောပြောရာမှာပါဝင်တဲ့ ဒေါ်သီတာယုမွန်ကလည်း “တပ်မတော်က မဲစာရင်းကိစွမှာ စာရင်းဇယားနဲ့ဖော်ပြတာကို တစ်ဖက်ပိတ်တွေက တပ်မတော်နဲ့မဆိုင်ဘူးလို့ပြောနေတယ်၊ တပ်မတော်အနေနဲ့ တရားမျှတမှုရရှိဖို့ လုပ်ဆောင်နေတာ”လို့ ပြောပါတယ်။

အဲ့ဒီဆန္ဒဖော်ထုတ်ပွဲကို COVID-19 ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ လူဦးရေ ၃၀ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပေမယ့် ဝန်းရံသူ အင်အား (၂၅၀၀) ကျော်ခန့်တက်ရောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ #တပ်မတော်ထောက်ခံ #ရွေးကောက်ပွဲ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW