မင်္ဂလာဒုံ UECကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်တွေနဲ့ အမျိုးသားရေးသမားတွေ လာရောက်ဝန်းရံ

ဇန်နဝါရီ ၂၃ -၂၀၂၁
အေးချမ်းသူ(VOM)

မင်္ဂလာဒုံမြို့နယ် ၊ ဗိုလ်ခြံမှတ်တိုင်အနီး ၊ ပြည်လမ်းမပေါ်မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားရေးသမား ၃၀၀ နီးပါး လာရောက်ဝန်းရံခဲ့ကြပါတယ်။

ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးက “တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုသလို၊ မှန်မှန်ကန်ဆုံးဖြတ်ပေးဖို့လည်းလိုပါတယ်၊ ကျွန်တော်တို့ပြည်သူတွေတောင်းဆိုနေတာ အနိူင်အရှုံးရလဒ်ကို တောင်းဆိုနေတာမဟုတ်ပါဘူး၊ ဒီမိုကရေစီအရ တရားမျှတမှုကို တောင်းဆိုနေတာ”လို့ ပြောပါတယ်။

UECကန့်ကွက်ပွဲမှာ “ဒီမိုကရေစီပျက်သုဉ်းမည့်လုပ်ရပ်များ အလိုမရှိ “၊ ” ပြည်သူ့ရဲများ ပြည်သူကိုစောင့်ရှောင့်ပေးပါ”၊ ” ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ပေးပါ”၊ “မီဒီယာများ အမှန်တရားကိုဖော်ထုတ်ပေးပါ”စတဲ့ ကြွေးကြော်စာသားတွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုးပါတီမှ ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမင်းသန်း၊ မရမ်းကုန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသီဟနဲ့ ပါတီဝင်များ၊ အမျိုးသားရေးသမားတွေအပါအဝင် အင်းအား ၃၀၀ ခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။

ဒီကနေ့ ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးဟာ ဇန်နဝါရီ ၂၀ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်း မသမာမှုအပေါ် ကန့်ကွက်ရှုတ်ချခြင်းနဲ့ လူထုဆန္ဒဖော်ထုတ်ဖို့အတွက် မဂ်လာဒုံမြို့မရဲစခန်းမှာ ငြိမ်းစုစီလာရောက်လျှောက်ခဲ့တယ်လို့လည်း မင်္ဂလာဒုံမြို့မရဲစခန်းကနေ သိရပါတယ်။

ရန်ကုန်မြို့မှာ အခုနှစ် ဇန်နဝါရီလအတွင်း ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြမှုတွေကို ငြိမ်းစုစီပုဒ်မ-၁၉/၂၀နဲ့ အရေးယူထားတာတွေရှိနေပြီး အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တံတားမြို့နယ်၊ တွံတေး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှာ အရေးယူထားသူ ၁၅ဦးခန့်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #UECကန့်ကွက်ပွဲ #ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေ #ဝန်းရံ

Related posts

Leave a Comment

VOM News

FREE
VIEW