မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အမှုထမ်းနဲ့အရာထမ်း ၃ ဦး Covid-19ပိုးတွေ့

ဇန်နဝါရီ ၂၇ -၂၀၂၁
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အမှုထမ်းနဲ့အရာထမ်း ၃ ဦး ဇန်နဝါရီ၂၅ ရက်နေ့နဲ့၂၆ရက်နေ့တွေမှာ Covid-19 ပိုးစစ်‌ဆေးတွေ့ရှိခဲ့တာကြောင့် အစိုးရအဖွဲ့ရုံးကို အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။

” ညွန်ကြာရေးမှူးအဆင့်နဲ့အထက် ဝန်ထမ်းတွေ မဟုတ်ပါဘူး။ အရာထမ်းနဲ့အမှုထမ်းပါ။ တိုက်ရိုက်ထိတွေ့သူတွေကို CBFQ ပို့ထားပြီး ဒုတိယအဆင့်ထိ တွေ့သူတွေကို အစိုးရအဖွဲ့ရုံးဝန်ထမ်းအိမ်ယာတွေမှာ စတေဟုမ်းသတ်မှတ်လိုက်တယ်”လို့ မွန်ပြည်နယ် လှုမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။

Cဝvid-19ရောဂါပိုးပြည်တွင်းကူးစက်မှုကာလ တစ်နှစ်နီးပါးရှိလာချိန် ရောဂါပိုးတွေ့ရှိမှုနူန်းထား‌တွေ ကျဆင်းလာပေမယ့် နယ်မြို့တွေမှာ ပြန်လည်မြင့်တက်လာမှာကို စိုးရိမ်နေတာကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ လိုအပ်လို့ အပြင်သွားလာပါက Maskတပ်ဆင်ဖို့သာမက လူစုလူဝေးရှောင်ရှားဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ကိုဗစ်ပိုးတွေ့လူနာ ၃ ဦးကို မော်လမြိုင်မြို့ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေပြီး တိုက်ရိုက်ထိတွေ့ထားသူ ၉ ဦးကို CBFQ စခန်းနဲ့ တစ်ဆင့်ထိတွေ့သူ ၁၆ ဦးကို ပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းအိမ်ယာမှာ ထားရှိထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ဇန်နဝါရီလ၂၆ ရက်နေ့အထိ Covid-19ရောဂါပိုး‌တွေ့လူနာ ၃၂၈၈ ဦးရှိထားပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံကနေဆင်းခွင့်ရရှိသူ၂၈၅၂ ဦးထိရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေထဲကမှ ကိုဗစ်ရောဂါအပြင် တစ်ခြားရောဂါအခံများကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မွန် #အစိုးရအဖွဲ့ #အရာထမ်းအမှုထမ်း၃ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW