ဆရာတော်ဦးသောဘိတကို ဆက်သွယ်ရေးပုဒ်မနဲ့ ထောင်ဒဏ် ၂နှစ်ချ

ဖေဖော်ဝါရီ ၃ -၂၀၂၀
Voice Of Myanmar

ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို ဒီကနေ့မနက်ပိုင်းကပဲ အမရပူရတရားရုံးကနေ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်က လူမူကွန်ယက်စာမျက်နှာမှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားတယ်ဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းဆိုသူဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဦးသောဘိတကို ပုဒ်မ- ၅၀၅(ခ)နဲ့ တပ်မတော်က တရားစွဲဆိုခဲ့တာလည်းရှိခဲ့ပြီး အဲ့ဒီအမှုကိုတော့ အမရပူရမြို့နယ်တရားရုံးက ပလပ်ခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ဦးသောဘိတကို ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုကို အချိန်ကာလ ၂နှစ်ကြော်အကြာ ဒီကနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီးနောက်ပိုင်းမှာ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

##voiceofmyanmar #VOM #မန္တလေး #ဦးသောဘိတ #ထောင်ဒဏ်၂နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW