ပြည်ကကျောင်းသား ထောင်ချီပြီး အစိုးရဘဏ်ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ တောင်းဆို

ဖေဖော်ဝါရီ ၁၅-၂၀၂၁ သိင်္ဂီထွန်း(VOM) ဒီနေ့ ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက ကျောင်းသားဦးရေ ထောင်ဂဏန်းကျော်ရှိတဲ့ သပိတ်စစ်ကြောင်းဟာ ပြည်မြို့မှာရှိတဲ့ အစိုးရဘဏ်တွေရှေ့ကိုသွားရောက်ပြီး ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်နေပါတယ်။ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ရဲတပ်ဖွဲ့နဲ့စစ်သားတွေ အများအပြားလုံခြုံရေးရယူထားတဲ့ ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းမှာ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ဘဲ ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ ထိုင်သပိတ်ပြုလုပ်ပြီး တွန်းအားပေးနေကြတာကိုလည်း တွေ့ရပါတယ်။ ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်က တံခါးပိတ်ပြီး အလုပ်လုပ်နေကြတယ်လို့လည်း သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #ကျောင်းသားထောင်ချီ #အစိုးရဘဏ်တွေရှေ့ #ထိုင်သပိတ်လုပ်

Read More

မုံရွာမြို့ရဲ့ အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၁ KTH (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ မှာ အာဏာရှင်စနစ် ကျဆုံးရေး လူထုဆန္ဒပြ လှုပ်ရှားမှုကို ဒီကနေ့မှာ နဝမနေ့အဖြစ် ဆန္ဒပြနေကြပါတယ်။ အဲ့ဒီ ဆန္ဒပြရာမှာ ပညာရေး ၊ ကျန်းမာရေး ၊ သစ်တော နဲ့ အခြား ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတချို့လည်း လာရောက်ပူးပေါင်း ပါဝင်ကြပါတယ်။ ဒါ့အပြင် မုံရွာမြို့ပေါ်က ဈေးသူဈေးသားတွေနဲ့အတူ ပြဘ်သူလူထု ၁ သိန်းနဲ့ ပင်မ သပိတ်စစ်ကြောင်းဟာ ဒီမနက် ၉ နာရီက ဆင်ဖြူရာမ ပြသာဒ်ကျောင်းကနေ မြို့ထဲကို စတင်ချီတက်လာပါတယ်။ #VOM #voiceofmyanmar #မုံရွာ

Read More

မန္တလေးမြို့က အင်ဂျင်နီယာတွေ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၅-၂၀၂၁ VOICE OF MYANMAR မန္တလေးမြို့မှာရှိတဲ့ အင်ဂျင်နီယာတွေနဲ့ အင်ဂျင်နီယာကျောင်းသူ/သားတွေဟာ “စစ်အာဏာရှင် မလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ လူအင်အား ထောင်နဲ့ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒထုတ်ဖော် #အင်ဂျင်နီယာ

Read More

တောင်ကြီးက ဘဏ်တချို့ရှေ့မှာ ရဲနဲ့စစ်သားတွေ နေရာယူထား

တောင်ကြီး၊ ဖေဖော်ဝါရီ ၁၅-၂၀၂၁ နေနန်းနွယ် VOM တောင်ကြီးမြို့က ဘဏ်တွေအနက် မြန်မာ့စီးပွါးရေးဘဏ်နဲ့ အင်းဝဘဏ်သာ ဖွင့်ထားပြီး ကျန်ဘဏ်တွေအကုန် ပိတ်ထားတာကို တွေ့ရပါတယ်။ မြန်မာ့စီးပွါးရေးဘဏ်၊ အင်းဝဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေရှေ့မှာ ရဲနဲ့စစ်သားတွေ နေရာယူထားတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #တောင်ကြီး #ဘဏ်တွေရှေ့ #ရဲစစ်သားနေရာယူ

Read More

တောင်ငူမြို့က ပညာရေးဝန်ထမ်းနဲ့ ကျောင်းသူ/သားတွေရဲ့ ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁၅-၂၀၂၁ Voice Of Myanmar ဒီနေ့မနက် ၉ နာရီကျော်က စတင်ပြီး တောင်ငူမြို့ခံ ကျောင်းသားကျောင်းသူတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ စစ်ကြောင်းအလိုက် ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြနေကြပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြပွဲ

Read More

မန္တလေးမြို့ဘူတာကြီးရှေ့မှာ ဌာနဆိုင်ရာပေါင်းစုံ ထိုင်သပိတ်ပြုလုပ်

ဖေဖော်ဝါရီ ၁၅ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ၇၈လမ်းနဲ့ လမ်း၃၀ထောင့်ရှိ ဘူတာကြီးရှေ့မှာ CDMလုပ်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ‌ဗကသ ကျောင်းသားတွေစုပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ ထိုင်သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #CDM #ထိုင်သပိတ်

Read More
VOM News

FREE
VIEW