မြစ်ကြီးနားက အာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြပွဲ နဝမ‌နေ့

ဖေဖော်ဝါရီ ၁၆-၂၀၂၁
Voice Of Myanmar

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းမှုကန့်ကွက်ပွဲ ၉ ရက်မြောက်နေ့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ ဆန္ဒဖော်ထုတ်မှုမှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လူငယ်တွေပါဝင်နေဆဲဖြစ်ပါတယ်။ သူတို့ကတော့ CDM လှုပ်ရှားမှုအရှိန်အဟုန်မြင့်ရေးအတွက် မြစ်ကြီးနာမြို့ အစိုးရဌာနဆိုင်ရာ စုပေါင်းရုံးရှေ့မှာ ခေတ္တထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ Join In CDM Be Our HEROS ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW