အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန် ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းမှ ပြည်သူလူထုဆန္ဒပြမှုများ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁-၂၀၂၁ ဓါတ်ပုံ – TAG #VoiceOFMyanmar #VOM #ရန်ကုန် #ဆန္ဒပြပွဲ  

Read More

မမြသွဲ့သွဲ့ခိုင်နဲ့တကွ ကျဆုံးသွားသူတွေရဲ့ဈာပနအခမ်းအနား ပြည်မြို့မှာပြုလုပ်

ဖေဖော်ဝါရီ ၂၁-၂၀၂၁ သိင်္ဂီထွန်း(VOM) နေပြည်တော် ဆန္ဒပြပွဲမှာ သေနတ်ထိမှန်ပြီး သေဆုံးသွားတဲ့မမြသွဲ့သွဲ့ခိုင်နဲ့တကွ ကျဆုံးသွားသူတွေရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက ပြည်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဈာပနအခမ်းအနားကို ကျောင်းသားသမဂ္ဂက ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေက ဝန်းရံ ပါဝင်ခဲ့ကြပါတယ်။ဈာပနအခမ်းအနားမှာ ကမ္ဘာမကြေသီချင်းကိုပါသီဆိုခဲ့ကြပါတယ်။ “ကျဆုံးခဲ့ရတဲ့ တခြားသွေးမြေကျ သူတွေ၊မနေ့ကလည်းမန္တလေးနဲ့ရန်ကုန်မှာသွေးစွန်းခဲ့ရတယ်။ဒီကောင်တွေလူသားစိတ်မရှိ တိရိစ္ဆာန်လိုကောင်တွေရဲ့လူသတ်ပွဲကြီးကျင်းပတာကို ကျနော်တို့ခံစားခဲ့ရတယ်။ ဖောထွက်သွားတဲ့ကျည်ဆံတွေ၊ခန္ဓာကိုယ်ကိုဖောက်ထွက်သွားတဲ့ ကျည်ဆံတွေက သူတို့တွေကိုပဲမဟုတ်ဘူး။ ကျနော်တို့ကိုပါဖောက်ထွက်သွားတယ်။အာဏာကိုသေနတ်ပြောင်းဝကထွက်တယ်ဆိုတာဒီနေ့ ကျနော်တို့လက်ထက်မှာဘယ်တော့ မှမဖြစ်စေရဘူး”လို့ ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ တနိုင်ငံလုံးမှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူ ၆ ဦးရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #ကျဆုံးသူတွေအတွက်အခမ်းအနား

Read More

မန္တလေးမှာ တပ်ပေါင်းစုသပိတ် ထိုင်သပိတ်ပြုလုပ်

ဖေဖော်ဝါရီ- ၂၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၃၅ လမ်းနဲ့ လမ်း ၈၀ ဒေါင့်မှာတပ်ပေါင်းစုသပိတ်စစ်ကြောင်းက ထိုင်သ ပိတ်ပြုလုပ်နေတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #တပ်ပေါင်းစုသပိတ် #ဆန္ဒပြ

Read More

ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၁၆ရက်မြောက်နေ့

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁-၂၀၂၁ အေးချမ်းသူ(VOM) ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ MUFL ကျောင်းသား/သူဟောင်းတွေ ဦးဆောင်ပြီး အင်အားထောင်ချီနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၆ရက်မြောက်နေ့အဖြစ် ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ “အရေးတော်ပုံအောင်ရမည်၊ ရုံးမတက်နဲ့ ရုံးထွက်၊ အမေစုနဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် အလိုမရှိ “စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို MUFL ကျောင်းသား/သူ ဟောင်းတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ NLDပါတီဝင်တွေနဲ့ ဝန်းရံသူပြည်သူတွေက စုပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တပ်မတော်က အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ စတင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ပြုလုပ်ခဲ့တာ ဒီနေ့နဲ့ဆိုရင် ၁၆ရက်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ မြို့ကြီးအချို့က ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ လူသုံးဦးသေဆုံးခဲ့ပြီး လက်ရှိအခြေအနေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ငါးရာကျော်ခန့်ရှိတယ်လို့…

Read More

ပုသိမ်က CDM မီးရထားဝန်ထမ်းတွေကို စားနပ်ရိက္ခာထောက်ပံ့

ဖေဖော်ဝါရီလ ၂၁-၂၀၂၁ AA စစ်အာဏာရှင်စနစ်ဆန်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပုသိမ်မြို့နယ် မီးရထားဝန်ထမ်းတွေကို လူငယ်တွေစုပေါင်းပြီး စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ပုသိမ်မြို့ မီးရထားဝန်ထမ်း အိမ်ထောင်စု(၃၀)အတွက် ထောက်ပံ့ပေးခဲ့တယ်လို့ သွားရောက်လှူဒါန်းတဲ့ လူငယ်တစ်ဦးကပြောပါတယ်။ လူငယ်တွေစုပေါင်းပြီး ဆန်အိတ်(၃၀)၊ ဆီ၊ ကြက်သွန်နဲ့ ကြက်ဥတွေကို CDM ပြုလုပ်နေတဲ့ ပုသိမ်မီးရထားဝန်ထမ်းတွေကို ဒီနေ့ထောက်ပံ့ပေးခဲ့ကြတာပါ။ #VoiceOfMyanmar #VOM #CDMမီးရထားဝန်ထမ်း #ထောက်ပံ့ #ပုသိမ်

Read More

မိုးထဲရေထဲလည်း ဇွဲမလျှော့တဲ့ လားရှိုးဆန္ဒပြပွဲ

လားရှိုး၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁ Violin Shayi(VOM) မိုးရွာထဲလည်း လားရှိုး က ပြည်သူတွေ ကတော့ လားရှိုးမိုတယ်ရှေ့မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီ အထိ စစ်အာဏာရှင် စနစ်ဆန့်ကျင်တဲ့ သပိတ်ဆင်နွှဲခဲ့ပါတယ်။ လားရှိုးမြို့ရဲ့ ၁၅ ရက်မြောက် အာဏာသိမ်း စစ်အစိုးရကို ဆန္ဒပြတဲ့နေ့ ဖြစ်ပြီး ” WE WANT DEMOCRACY (LASHIO) ဆိုတဲ့ စာသားတဲ့ အတူ ပြည်သူလူထုတွေက စစ်အာဏာရှင် စနစ်ကို အလိုမရှိ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများချက်ချင်းလွှတ်၊ ပြည်သူ့ အာဏာပြည်သူ့ ပြန်ပေး စတဲ့ ကြော်ကြော်သံများနှင့် အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လားရှိုးမြို့က လူငယ်ကျောင်းသားအများစုပါဝင်ပြီး ကချင်၊ ရှမ်း၊ ဗမာ၊ ဝ၊ တအာင်းပလောင် နှင့် အခြားတိုင်းရင်းသားများအပြင်…

Read More

စစ်အာဏာရှင် ဆန့်ကျင်ကြောင်း စစ်ကိုင်းမြို့မှာ (၁၅)ရက်မြောက် ချီတက်ဆန္ဒပြ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၁-၂၀၂၁ PP တပ်မတော်က အာဏာရယူထားမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက အင်အားထောင်ဂဏန်းနဲ့ မြို့တွင်းကို စီတန်းလှည့်လည် ဆန္ဒထုတ် ဖော်ခဲ့ပါတယ်။ ဒီနေ့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြရာမှာ ပြီးခဲ့တဲ့ရက်တွေကထက် လူအင်အား နည်းသွားတာကို တွေ့ရပါတယ်။ စစ်ကိုင်းမြို့ ကမ်းနားလမ်းမှာတော့ ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆန္ဒပြတဲ့သူတွေနဲ့ ငြိမ်းချမ်းရေးသီချင်းဆိုပြီး ဆန္ဒပြတဲ့ အဖွဲ့တွေကိုလည်း တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #စစ်ကိုင်း #ဆန္ဒပြပွဲ

Read More

ရတနာပုံသင်္ဘောကျင်း ဆန္ဒပြမှုမှာ သေနတ်မှန် သေဆုံးသွားတဲ့ ကိုဝေယံထွန်းအတွက် ဝမ်းနည်ခြင်း အထိမ်းအမှတ် ပြုလုပ်

ဖေဖော်ဝါရီ ၂၁- ၂၀၂၁ ရှိုင်းအောင်(VOM) မနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့က ရတနာပုံသင်္ဘောကျင်းကိစ္စ ဆန္ဒပြသူတွေကို ရဲနဲ့ တပ်မတော်က ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်ထိမှန်ကာ ဦးခေါင်းပွင့်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်း အတွက် သူသေဆုံးခဲ့တဲ့နေရာမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်နေပါတယ်။ သူငယ်ခြင်းဖြစ်သူက ကိုဝေယံထွန်းအ ကြောင်းကို ” သူက လှည်းဆွဲတာ ၃ ရက်ပဲရှိသေးတာ၊ ဖုန်းတစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးရှိရင် သေပျော်ပြီလို့ ပြောဘူးတယ်၊ မနေ့က သူဘေးနားက လူကို ဆွဲထူဖို့ပြောလာရင်းကနေ ကားအနားက ခေါင်းထွက်တဲ့အချိန် ခေါင်းကို ကျည်ဆံမှန်သွားတာ၊ အဲ့ဒါနဲ့ လှည်းပေါ်တင်ပြီး လူနာတင်ကားပေါ် တင်ပေးလိုက်ရတယ်”လို့ ပြောပါတယ်။ #voiceofmyanmar #VOM #မန္တလေး  

Read More

လတ်တလော ပြည်တွင်းမှာ စက်သုံးဆီမပြတ်သေးပေမယ့် ဈေးတွေတက်လာနိုင်

ဖေဖော်ဝါရီ ၂၁-၂၀၂၁ သိင်္ဂီထွန်း(VOM) စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကို စက်သုံးဆီတင်သွင်းမှု ရပ်ဆိုင်းသွားခဲ့ပေမယ့် လတ်တလော ဆီသိုလှောင်မှု ပမာဏ အများအပြားရှိနေသေးတာကြောင့် ပြတ်လတ်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် စက်သုံးဆီအများအပြားသိုလှောင်ထားတဲ့ ရန်ကုန်ကနေ နယ်ကိုစက်သုံးဆီပို့ဆောင်ပေးမယ့် သူတွေက CDM လုပ်နေတာကြောင့် စက်သုံးဆီတင်ပို့နိုင်မှုမရှိတဲ့အတွက် နယ်တွေမှာတော့ ဆီဈေးနူန်းတက်တဲ့ကိစ္စတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းက တာဝန်ရှိသူဦးဝင်းနိုင်က “မြန်မာနိုင်ငံမှာဘယ်လောက်တိတိကျကျကျန်တယ်ဆိုတာကိုတော့ကျနော်တို့ လက်ကျန်ကိုမသိတဲ့အတွက်ပြောလို့မရပေမယ့် ကျနော် focus လုပ်လို့ရတာက ကိုဗစ်ကာလတစ်နှစ်လုံးမှာ ကျနော်တိုဆီကုန်သည်တွေဟာ ဆီအရောင်းအဝယ် အင်မတန်နည်းပါးတယ်။ တော်တော်လည်း မရောင်းရဘူး။ အဲ့ဒီအနေနဲ့ကျတော့ ဆီလက်ကျန်ဟာ ရန်ကုန်အနေနဲ့ဆို အများကြီးရှိပါတယ်။ တာမီနယ်တွေ သိုလှောင်ကန်တွေဘက်မှာ တော်တော်များများသိုလှောင်ထားတာရှိတယ်။ နယ်တွေမှာတော့ ဈေးတက်တာတွေ၊ ခွဲတန်းနဲ့ရောင်းတာတွေ ရှိနိုင်တယ်။ ဘာကြောင့်ဆိုရင် CDM ကြောင့် ကားတွေမသွားနိုင်ဘူး။ ဘောက်ဆာတွေနဲ့လည်းမပို့နိုင်ဘူး။ သင်္ဘောနဲ့လည်းမပို့နိုင်ဘူး။…

Read More

မန္တလေးဈေးချိုတော်ရှေ့မှာ လူဦးရေ သောင်းချီ ထိုင်သပိတ်ပြုလုပ်

ဖေဖော်ဝါရီ ၂၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ဈေးချိုတော် ၈၄ လမ်းနဲ့ ၂၇ လမ်းဒေါင့်မှာ NLDပါတီ အပါအဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့၊ အင်ဂျင်နီယာကျောင်းသူ/ကျောင်းသားများ၊ ဆေးတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများ နဲ့ မန္တလေးမြို့ခံတွေက ဒီကနေ့မနက်ပိုင်းမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ထိုင်သပိတ်

Read More
VOM News

FREE
VIEW