ရတနာပုံသင်္ဘောကျင်း ဆန္ဒပြမှုမှာ သေနတ်မှန် သေဆုံးသွားတဲ့ ကိုဝေယံထွန်းအတွက် ဝမ်းနည်ခြင်း အထိမ်းအမှတ် ပြုလုပ်

ဖေဖော်ဝါရီ ၂၁- ၂၀၂၁
ရှိုင်းအောင်(VOM)

မနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့က ရတနာပုံသင်္ဘောကျင်းကိစ္စ ဆန္ဒပြသူတွေကို ရဲနဲ့ တပ်မတော်က ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်ထိမှန်ကာ ဦးခေါင်းပွင့်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်း အတွက် သူသေဆုံးခဲ့တဲ့နေရာမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်နေပါတယ်။

သူငယ်ခြင်းဖြစ်သူက ကိုဝေယံထွန်းအ ကြောင်းကို ” သူက လှည်းဆွဲတာ ၃ ရက်ပဲရှိသေးတာ၊ ဖုန်းတစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးရှိရင် သေပျော်ပြီလို့ ပြောဘူးတယ်၊ မနေ့က သူဘေးနားက လူကို ဆွဲထူဖို့ပြောလာရင်းကနေ ကားအနားက ခေါင်းထွက်တဲ့အချိန် ခေါင်းကို ကျည်ဆံမှန်သွားတာ၊ အဲ့ဒါနဲ့ လှည်းပေါ်တင်ပြီး လူနာတင်ကားပေါ် တင်ပေးလိုက်ရတယ်”လို့ ပြောပါတယ်။

#voiceofmyanmar #VOM #မန္တလေး

ရတနာပုံသင်္ဘောကျင်း ဆန္ဒပြမှုမှာ သေနတ်မှန် သေဆုံးသွားတဲ့ ကိုဝေယံထွန်းအတွက် ဝမ်းနည်ခြင်း အထိမ်းအမှတ် ပြုလုပ်

 

Related posts

Leave a Comment

VOM News

FREE
VIEW