ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၁၆ရက်မြောက်နေ့

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁-၂၀၂၁
အေးချမ်းသူ(VOM)

ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ MUFL ကျောင်းသား/သူဟောင်းတွေ ဦးဆောင်ပြီး အင်အားထောင်ချီနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၆ရက်မြောက်နေ့အဖြစ် ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ “အရေးတော်ပုံအောင်ရမည်၊ ရုံးမတက်နဲ့ ရုံးထွက်၊ အမေစုနဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် အလိုမရှိ “စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို MUFL ကျောင်းသား/သူ ဟောင်းတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ NLDပါတီဝင်တွေနဲ့ ဝန်းရံသူပြည်သူတွေက စုပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်က အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ စတင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ပြုလုပ်ခဲ့တာ ဒီနေ့နဲ့ဆိုရင် ၁၆ရက်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။

မြို့ကြီးအချို့က ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ လူသုံးဦးသေဆုံးခဲ့ပြီး လက်ရှိအခြေအနေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ငါးရာကျော်ခန့်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#VoiceOfMyanmar #VOM #လှည်းတန်း #ဆန္ဒပြပွဲ #၁၆ရက်မြောက်

ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၁၆ရက်မြောက်နေ့

Related posts

Leave a Comment

VOM News

FREE
VIEW