ပုသိမ်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲလို့ ၂ဦး ဒဏ်ရာရ

မတ် ၇-၂၀၂၁
KA

ပုသိမ်မြို့ တဂေါင်းဘုရားလမ်းမှာ ဒီနေ့ မတ်လ ၇ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့တဲ့အတွက် ၂ဦး ဒဏ်ရာရသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

တဂေါင်းဘုရားမှာ စစ်တပ်တပ်စွဲတဲ့အပေါ် ကန့်ကွက်တဲ့လူငယ်တချို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့လို့ ပြည်သူတွေက လွှတ်ပေးဖို့ ပြန်လည်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

တောင်းဆိုဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ညှိနိူင်းနေစဉ်မှာ နှစ်ဖက်ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။

ပစ်ခတ်ဖြိုခွဲတာတွေ ပြုလုပ်အပြီးမှာ ရဲတပ်ဖွဲ့က နောက်ဆုတ်ပေးသွားသလို မနက်ကဖမ်းဆီးထားသူလူငယ်တစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ဆန္ဒပြပြည်သူတွေကလည်း လူစုခွဲပြီး ပြန်သွားတာကို တွေ့ရပါတယ်။

ဒဏ်ရာရသူတွေဟာ စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ်မြို့ #တဂေါင်းဘုရားလမ်း #ဆန္ဒပြ #ပစ်ခတ်လူစုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW