ရန်ကုန် ဆန္ဒပြပွဲတွေမှာ ဖမ်းခံရသူတွေထဲက ၂၄ ဦးကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထား

ရန်ကုန်၊ မတ် ၇-၂၀၂၁
အေးချမ်းသူ(VOM)

မတ်လအတွင်း ရန်ကုန် မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေထဲက ၁၄ဦးကို ပုဒ်မ၅၀၅(က)နဲ့ မြို့နယ်တရားရုံးအသီးသီးမှာ တရားစွဲဆိုထားတယ်လို့ ဖမ်းခံရသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပါတီရှေ့နေအဖွဲ့ကနေ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေဒေါ်နီလာခိုင်က “အခုက ဆန္ဒပြတဲ့သူရော မပြတဲ့သူရော မတ်တပ်ရပ်နေတဲ့သူရော ဖမ်းမိရင် ပုဒ်မ ၅၀၅(က)တပ်တယ်၊ ဘာကြောင့်လဲ မသိရသေးဘူး။ ထောင်ထဲကစာရင်းပဲရသေးတယ်” လို့ ပြောပါတယ်။

မတ်လ ၁ ရက်နေ့က စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးမှာ ဖမ်းခံရတဲ့ ကိုပြည်ဖြိုးနိုင်၊ ကိုမျိုးလှိုင်ထွန်း၊ ကိုစိုင်းလောင်စ်လန်း၊ ကိုကောင်းမြတ်၊ ဦးသန်းရွှေတို့ကို စမ်းချောင်းမြို့နယ်တရားရုံး၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနီးမှာ ဖမ်းခံရတဲ့ ကိုမျိုးဇော်ခိုင်ကို ကျောက်တံတားမြို့မတရားရုံးမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မတ်လ ၂ရက်နေ့က လှိုင်မြို့နယ်မှာ အဖမ်းခံရတဲ့ ဦးမြကောင်း၊ ကိုညီညီဇင်မောင်၊ ကိုခန့်ဝဏ္ဏလှိုင်တို့ကို လှိုင်မြို့နယ်တရားရုံး၊ စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးမှာ အဖမ်းခံရတဲ့ ကိုစိန်ဝင်းလွင်၊ ကိုဖြိုးအောင်၊ ကိုထက်ဝေယံတို့ကို စမ်းချောင်းတရားရုံးနဲ့ တာမွေမြို့နယ်ဆန္ဒပြပွဲမှာ အဖမ်းခံရတဲ့ ကိုအေးချမ်းဝင်းနဲ့ ကိုထက်ခိုင်တို့ကို တာမွေမြို့နယ်တရားရုံးမှာ အမှုဖွင့်ထားတာလို့ သိရပါတယ်။

မတ်လ ၃ရက်နေ့က တာမွေမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ၂၅၅ ဦးကိုတော့ ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားလည်းဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။

#VoiceOfMyanmar #VOM #ရန်ကုန် #ဆန္ဒပြပွဲ #ဖမ်းခံရသူ #တရားစွဲဆို #ပုဒ်မ၅၀၅က

Related posts

Leave a Comment

VOM News

FREE
VIEW