ပဲခူးသပိတ်ဖြိုခွဲစဉ် သေဆုံးခဲ့သူရဲ့ ဈာပနကျင်းပ

မတ် ၁၃-၂၀၂၁
KLY(VOM)

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက်က ပဲခူးမြို့ မဇင်းရပ်ကွက် ၁ လမ်းသပိတ်ကို စစ်တပ်နဲ့ရဲကပစ်ခတ်ဖြိုခွင်းစဉ် ဦးခေါင်းကိုသေနတ်ထိမှန် သေဆုံးခဲ့တဲ့ ရွှေအ(ခ)ကိုဇော်ဇော်အောင်ရဲ့ ဈာပနအခမ်းနားကို ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက်က ပဲခူးမြို့ ဆင်ဖြူကွင်းသုဿန်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

“ရွှေအလို့ခေါ်တဲ့အမျိုးသားက ဆန္ဒပြ ပွဲလိုက်လာသူမဟုတ်ဘူး။ ရုတ်ရုတ်ဖြစ်ချိန် ပစ်ခတ်ဖြိုခွဲတာ‌တွေ ကြည့်နေရင်း အပစ်ခံရတာ” လို့ ပဲခူးမြို့ခံ တစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်ပြီး ပဲခူးမြို့ပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲတွေကို နေ့စဉ်ပုံသဏ္ဍာန် အမျိုးမျိူးနဲ့ ကျင်းပနေကြပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၃၈ ဦးဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-သန့်ဇင်ဝင်း

#VoiceOfMyanmar #VOM #ပဲခူး #သေဆုံး #ကျည်ထိမှန် #ဇော်ဇော်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW