ထားဝယ်ဆန္ဒပြပွဲ ကျည်အစစ်သုံးဖြိုခွဲခံရလို့ အမျိုးသားတဦး ဝမ်းဗိုက်ကျည်ထိမှန်

မတ် ၁၃-၂၀၂၁ STY ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက်ပိုင်းက ထားဝယ်မြို့ ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ဖြိုခွဲခဲ့လို့ အမျိုးသားတဦး ဗိုက်ကိုကျည်ထိမှန်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #ဒဏ်ရာရ

Read More

ချောက်မြို့ ဆန္ဒပြပွဲ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံး

မတ် ၁၃-၂၀၂၁ KLY(VOM) မကွေးတိုင်း၊ ချောက်မြို့နယ် မိန်းလမ်းမကြီးပေါ်မှာ ဒီနေ့မတ်လ ၁၃ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က ဆန္ဒပြပွဲ မစခင်မှာပဲ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေအပြင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သေဆုံးသူက လူနာပြန်ကောက်နိုင်ပေမယ့် ကုသမှု နောက်ကျသွားတာပါ။ အမည်နေရပ်လည်း မသိရသေးပါဘူး။ ဒီနေ့ ပထမဆုံး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး ဆန္ဒတောင် မပြရသေးပါဘူး” လို့ ချောက် မြို့ခံ တစ်ဦးက ပြောပြပါတယ်။ ‌ ချောက်မြို့ မိန်းလမ်းခေါ် လမ်းမတော်မြို့ဝင်မြို့ထွက် နေရာတွေကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်နဲ့ ကျည်အစစ်တွေပါ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၃ ဦးနဲ့ ရာဘာကျည် ထိမှန်ဒဏ်ရာရသူ ၁၀ ဦးထက် မနည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ချောက်မြို့ဆန္ဒပြပွဲကို ဒီနေ့မှာ…

Read More

ပဲခူးသပိတ်ဖြိုခွဲစဉ် သေဆုံးခဲ့သူရဲ့ ဈာပနကျင်းပ

မတ် ၁၃-၂၀၂၁ KLY(VOM) ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက်က ပဲခူးမြို့ မဇင်းရပ်ကွက် ၁ လမ်းသပိတ်ကို စစ်တပ်နဲ့ရဲကပစ်ခတ်ဖြိုခွင်းစဉ် ဦးခေါင်းကိုသေနတ်ထိမှန် သေဆုံးခဲ့တဲ့ ရွှေအ(ခ)ကိုဇော်ဇော်အောင်ရဲ့ ဈာပနအခမ်းနားကို ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက်က ပဲခူးမြို့ ဆင်ဖြူကွင်းသုဿန်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ “ရွှေအလို့ခေါ်တဲ့အမျိုးသားက ဆန္ဒပြ ပွဲလိုက်လာသူမဟုတ်ဘူး။ ရုတ်ရုတ်ဖြစ်ချိန် ပစ်ခတ်ဖြိုခွဲတာ‌တွေ ကြည့်နေရင်း အပစ်ခံရတာ” လို့ ပဲခူးမြို့ခံ တစ်ဦးကပြောပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်ပြီး ပဲခူးမြို့ပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲတွေကို နေ့စဉ်ပုံသဏ္ဍာန် အမျိုးမျိူးနဲ့ ကျင်းပနေကြပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၃၈ ဦးဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ ဓါတ်ပုံ-သန့်ဇင်ဝင်း #VoiceOfMyanmar #VOM #ပဲခူး #သေဆုံး #ကျည်ထိမှန် #ဇော်ဇော်အောင်

Read More

မြင်းခြံသပိတ်မှာ ကျဆုံးခဲ့တဲ့ KBZ ဝန်ထမ်း ကိုထူးအောင်ကျော်ရဲ့ စျာပန

မတ် ၁၃-၂၀၂၁ VOM(TG) မြင်းခြံမြို့က ဆန္ဒပြပွဲမှာ သေဆုံးသွားခဲ့တဲ့ အာဇာနည် သူရဲကောင်း ကိုထူးအောင်ကျော်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မတ်လ ၁၃ ရက်နေ့ နေလယ် ၂ နာရီမှာပြုလုပ်ခဲ့ကြပါတယ်။ ကိုထူးအောင်ကျော်ရဲ့ နောက်ဆုံးခရီး စျာပနာကို မြင်းခြံမြိုလုံးကျွတ် ပြည်သူအားလုံးက လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။စျာပနကို မြင်းခြံ ချောင်းဒေါင်း သုသာန်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “တစ်မြို့လုံးအပြည့်လိုက်ပို့ကြတယ်။လူအင်အား သိန်းဂဏန်း လောက်တောင် ရှိမယ်။ဒီနေ့ ၂ နာရီလုပ်တာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ် ။ ကိုထူးအောင်ကျော် အသက် ၂၆ နှစ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုမှာ မျက်လုံးကိုကျည်ထိမှန်ခဲ့ပြီး မန္တလေးကိုပို့ဆောင် ဆေးကုရင်း မတ်လ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ Photo NMK #voiceofmyanmar #vom #မြင်းခြံ

Read More

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရဖို့ အမေရိကန်ကြိုးစားနေ

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၁ မျိုးဆက်(VOM) လွန်ခဲ့တဲ့သီတင်းပတ်အတွင်း စစ်ဘက်ထိန်းသိမ်းရေးစခန်းမှာ NLD ပါတီ၀င်နှစ်ဦးသေဆုံးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးသမားတွေကို ဆက်သွယ်မှုရဖို့ ကြိုးစားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှုပြီးနောက် အရပ်သားဦးဆောင်တဲ့အစိုးရရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူမဦးဆောင်တဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲမသမာမှု တွေရှိတယ်လို့စစ်တပ်က စွပ်စွဲပြီး အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်မှုရဖို့အတွက် မိမိတို့မှာ ထူးခြားတဲ့ တောင်းဆိုမှုတစ်ရပ်ရှိတယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်ကပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအတွက် မိမိတို့အနေဖြင့် အစဉ်တစ်စိုက်မေးမြန်းစုံစမ်းနေပြီး ဖမ်းဆီးခံထားရသူတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် သင့်တော်တဲ့လမ်းကြောင်းတွေကတစ်ဆင့် လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက အမေရိကန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့…

Read More

ပြည်မြို့က ပစ်ခတ်ဖြိုခွဲမှု ကျောင်းသားလူငယ်တစ်ဦး သေဆုံး

မတ် ၁၃-၂၀၂၁ VOM ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက် ပြည်မြို့ သပိတ်ပစ်ခတ်ခံရမှုမှာ ဗိုက်ကိုကျည်ထိခဲ့တဲ့ ကျောင်းသားလူငယ်တစ်ဦး သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ကျောင်းသား ကိုထက်မြတ်အောင်ဖြစ်ပြီး မနက်က ဆန္ဒပြပွဲမှာ စစ်တပ်နဲ့ရဲ က ပစ်ခတ်မှုကြောင့် ဗိုက်ကို ကျည်အစစ်ထိမှန်တဲ့ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေစဉ်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။ နောက်ထပ်ကျည်အစစ်နဲ့ ထိမှန်လို့ ဒဏ်ရာရသူတွေရှိပြီး အချို့ကတော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ်။ ဖြိုခွဲမှုမှာ ဖမ်းခံထားရသူတွေလည်းရှိနေပြီး ဒဏ်ရာရသူအချို့ကိုတော့ ရဲက ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #VoiceOfMyanmar #VOM #ပြည် #ဆန္ဒပြ #ဖြိုခွဲ #သေဆုံး

Read More

စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ဆန္ဒပြသူတွေကို ဖြိုခွင်းလို့ လူ ၄ ဦး သေဆုံးခဲ့

မန္တလေး၊ မတ်- ၁၃- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ စိန်ပန်းရပ်ကွက် ၄၁ လမ်း၊ လ မ်း ၉၀ ဒေါင့်မှာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ အမျိုးသမီးကတော့ မန္တလေးမြို့ အရှေ့မိုဃ်းကောင်း ဓမ္မာရုံ ရဲ့တောင်ဘက် အကွက်နံပါတ် ၄၁၇ မှာနေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နေအိမ်မှာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သေဆုံးသာ အမျိုးသားတစ်ဦးကတော့ ကိုစောပြည့်နိုင် အသက် ၂၁ နှစ် ၄၁ လမ်း စံပြရပ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွဲလို့ ဦးခေါင်းကျည် ထိမှန်ကာ သေ…

Read More

ညောင်ဦးမှာ ရပ်ကွက်ထဲအထိ စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ပြီး လူနှစ်ဦးကိုရိုက်နှက်

မတ် ၁၃-၂၀၂၁ TG(VOM) မနေ့ မတ်လ ၁၂ရက်နေ့ ည ၉ နာရီကျော်လောက်က ညောင်ဦးမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်ကို စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်မှုတွေလုပ်ခဲ့တဲ့အပြင် ရပ်ကွက်နေထိုင်သူ ၂ ဦးကိုလည်း ထိခိုက်ဒဏ်ရာရတဲ့အထိ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “လောက်လေးခွတွေနဲ့လည်းပစ်တယ်။ တစ်ရပ်ကွက်လုံးမီးရှို့ပစ်မယ်လို့လည်းပြောတယ်။သေနတ်တွေနဲ့လည်းပစ်တယ်။ လူတွေကိုလည်းရိုက်တယ်။ ငါလိုးမသားတွေထွက်ခဲ့လို့လည်းဆဲတယ်။ စစ်တိုက်နေတဲ့ကောင်တွေကွ သတ်ရဲတယ် သေရဲတယ်လို့ ပြောပြီး စိန်ခေါ်တယ်”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပြပါတယ်။ ညောင်ဦးက ရပ်ကွက်နေပြည်သူတွေ ညသပိတ် ဆင်နွှဲပြီးနောက်မှာ စစ်တပ်နဲ့ရဲက ရပ်ကွက်အတွင်း ခုလိုဝင်ရောက်ရိုက်နှက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလို ရပ်ကွက်ထဲအထိ ဝင်ရောက်ပြီး ရပ်ကွက် နေထိုင်သူတွေကို ရိုက်နှက်တာ၊ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲကို ညောင်ဦးသီရိမင်္ဂလာရပ်ကွက်နေ ပြည်သူတွေက လောက်လေးနဲ့ဝိုင်းပစ်ခဲ့ကြသလို သံပုန်းတီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ရိုက်နှက်ခံခဲ့ရသူတွေရဲ့ အခြေအနေကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ #VoiceOfMyanmar…

Read More

လှိုင် NLDအမတ်ကို လာဖမ်းရာက စစ်တပ်ကပစ်လို့ တဦးသေပြီး နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၃-၂၀၂၁ အေးချမ်းသူ(VOM) မနေ့ မတ်လ ၁၂ရက်နေ့ ည ၁၂ နာရီလောက်က လှိုင်မြို့နယ် ၁၆ရပ်ကွက်နေ လှိုင် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကို စစ်တပ်က လာရောက်ဖမ်းဆီးရာကနေ ရပ်ကွက်အတွင်း ပစ်ခတ်မှုကြောင့် တဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ မာလာမြိုင် ၄ လမ်းမှာ နေသူတစ်ဦးက “ည ၁၂ နာရီလောက်မှာ စစ်တပ်က အလုံးအရင်းနဲ့ ရပ်ကွက်ထဲဝင်လာတယ်။ ဒေါ်ခိုင်မာဌေးအိမ်ကို ဖျက်ပြီးဝင်တယ်၊ လူမရှိဘူး။ ရပ်ကွက်က လူသုံးဦး စစ်တပ်ကပစ်လို့ ဒဏ်ရာရသွားတယ်”လို့ VOM ကို ပြောပါတယ်။ ရပ်ကွက်ထဲဝင်လာတဲ့ စစ်တပ်ကို မာလာမြိုင် ၁လမ်းကနေ ၈လမ်းအတွင်း နေထိုင်သူတွေက သံပုံးတီးမောင်းထုတ်ရာ စစ်တပ်က အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေအပြင် ကျည်အစစ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းထိမှန်သူ၊ ပေါင်ထိသူ၊ ခြေထောက်ထိသူသုံးဦးရှိခဲ့ပြီး ဦးခေါင်းကျည်ထိတဲ့…

Read More
VOM News

FREE
VIEW