ပြည်မြို့က ပစ်ခတ်ဖြိုခွဲမှု ကျောင်းသားလူငယ်တစ်ဦး သေဆုံး

မတ် ၁၃-၂၀၂၁
VOM

ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက် ပြည်မြို့ သပိတ်ပစ်ခတ်ခံရမှုမှာ ဗိုက်ကိုကျည်ထိခဲ့တဲ့ ကျောင်းသားလူငယ်တစ်ဦး သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ကျောင်းသား ကိုထက်မြတ်အောင်ဖြစ်ပြီး မနက်က ဆန္ဒပြပွဲမှာ စစ်တပ်နဲ့ရဲ က ပစ်ခတ်မှုကြောင့် ဗိုက်ကို ကျည်အစစ်ထိမှန်တဲ့ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေစဉ်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

နောက်ထပ်ကျည်အစစ်နဲ့ ထိမှန်လို့ ဒဏ်ရာရသူတွေရှိပြီး အချို့ကတော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ်။

ဖြိုခွဲမှုမှာ ဖမ်းခံထားရသူတွေလည်းရှိနေပြီး ဒဏ်ရာရသူအချို့ကိုတော့ ရဲက ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#VoiceOfMyanmar #VOM #ပြည် #ဆန္ဒပြ #ဖြိုခွဲ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW