ညောင်ဦးမှာ ရပ်ကွက်ထဲအထိ စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ပြီး လူနှစ်ဦးကိုရိုက်နှက်

မတ် ၁၃-၂၀၂၁
TG(VOM)

မနေ့ မတ်လ ၁၂ရက်နေ့ ည ၉ နာရီကျော်လောက်က ညောင်ဦးမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်ကို စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်မှုတွေလုပ်ခဲ့တဲ့အပြင် ရပ်ကွက်နေထိုင်သူ ၂ ဦးကိုလည်း ထိခိုက်ဒဏ်ရာရတဲ့အထိ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လောက်လေးခွတွေနဲ့လည်းပစ်တယ်။ တစ်ရပ်ကွက်လုံးမီးရှို့ပစ်မယ်လို့လည်းပြောတယ်။သေနတ်တွေနဲ့လည်းပစ်တယ်။ လူတွေကိုလည်းရိုက်တယ်။ ငါလိုးမသားတွေထွက်ခဲ့လို့လည်းဆဲတယ်။ စစ်တိုက်နေတဲ့ကောင်တွေကွ သတ်ရဲတယ် သေရဲတယ်လို့ ပြောပြီး စိန်ခေါ်တယ်”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ညောင်ဦးက ရပ်ကွက်နေပြည်သူတွေ ညသပိတ် ဆင်နွှဲပြီးနောက်မှာ စစ်တပ်နဲ့ရဲက ရပ်ကွက်အတွင်း ခုလိုဝင်ရောက်ရိုက်နှက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ခုလို ရပ်ကွက်ထဲအထိ ဝင်ရောက်ပြီး ရပ်ကွက် နေထိုင်သူတွေကို ရိုက်နှက်တာ၊ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲကို ညောင်ဦးသီရိမင်္ဂလာရပ်ကွက်နေ ပြည်သူတွေက လောက်လေးနဲ့ဝိုင်းပစ်ခဲ့ကြသလို သံပုန်းတီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံခဲ့ရသူတွေရဲ့ အခြေအနေကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ညောင်ဦး #ရပ်ကွက်ထဲဝင်ရိုက် #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW