သာကေတမှာ ရဲက ကျည်အစစ်နဲ့ပစ်လို့ လူ၂ဦး သေဆုံး

မတ် ၁၃-၂၀၂၁
မျက်ပြေ(VOM)

မနေ့ မတ်လ ၁၂ရက်နေ့ညပိုင်းက သာကေတ သုမနလမ်း ညဘက်သပိတ်မှာ အိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခံရတဲ့ လူငယ်(၃)ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းမှာ သွားရောက်တောင်းဆိုကြရာ ရဲက ကျည်အစစ်တွေသုံးပြီး လူစုခွဲခဲ့တဲ့အတွက် ပြည်သူ၂ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

သေဆုံးသူနှစ်ဦးဟာ မျက်နှာကျည်မှန်ထိမှန်သူ ကိုစည်သူ အသက် ၃၇ နှစ်၊ အမှတ် ၉၂၂ မာန် ၃လမ်း အရှေ့ ၂တောင်နေသူနဲ့ ကိုအောင်အောင်ဇော် အသက် ၄၁ နှစ်၊ အမှတ် ၈၉၈၊ မာန် ၃လမ်းအနောက် ၂တောင်နေသူတို့ ဖြစ်ပါတယ်။

မနေ့ညက သာကေတမှာ လူသုံးယောက်သေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး အလောင်းတလောင်းကို ရဲက ယူဆောင်သွားတယ်ဆိုကြပေမယ့် VOM အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

#VoiceOfMyanmar #VOM #သာကေတ #သေဆုံး #ကျည်အစစ်နဲ့ပစ်

Related posts

Leave a Comment

VOM News

FREE
VIEW