စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်ဖို့ ကြေညာ

မတ် ၂၂ -၂၀၂၁
အေးချမ်းသူ(VOM)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်ကြားဖို့ မနေ့ မတ်လ ၂၁ရက် ညပိုင်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့မှ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

၁၁ ရပ်ကွက်နေပြည်သူတစ်ဦးက “ညနေ ၆နာရီလောက်ကစပြီးကြေညာတယ်၊ အမှန်တော့ ဧည့်စာရင်းစစ်ပြီး ဖမ်းမယ့်သဘောရှိတယ်၊ ဧည့်စာရင်းသွားတိုင်ကြရတယ်၊ ရွှေပြည်သာမြို့နယ်မှာ န.စ.က ကောင်စီက တိုက်ရိုက်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်အချို့မှာ ရုံးထိုင်ခိုင်းထားတယ်”လို့ VOMကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းမှာ ကားတွေနဲ့ လှည့်ကင်းလှည့်လေ့ရှိပြီး မနက်ပိုင်းမှာတော့ နေရာအနှံ့လုံခြုံရေးယူထားတယ်လို့ တ/၁၅ရပ်ကွက်မှ ပြည်သူတစ်ဦးကVOMကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက် ၂၃ခု၊ ကျေးရွာအုပ်စု ၄စု ၊ကျေးရွာ ၅ ရွာနဲ့ ဖွဲ့စည်းထားပြီးမတ်လ ၁၅ရက်နေ့က ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ခြောက်မြို့နယ်မှာ ပါဝင်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်း ပြုလုပ်ခဲ့တဲ့ ဆန္ဒပြဖြစ်စဥ်တွေမှာ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြည်သူ ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။

#voiceofmyanmar #VOM #ရွှေပြည်သာ #ဧည့်စာရင်းတိုင်ဖို့ #ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW