The Voice နဲ့ DVB အလွတ်သတင်းထောက် ဇနီးမောင်နှံ ဖမ်းဆီးခံရပြီး တစ်ပတ်ကြာချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေး

မတ် ၂၂-၂၀၂၁ KLY(VOM) ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့ညက နေအိမ်မီးကွင်းပစ်ခံရတဲ့ သတင်းသွားရောက်ယူဆောင်ရာမှ ဖမ်းဆီးကာ ပုဒ်မ ၄ ခုနဲ့ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ The Voice Daily သတင်းဌာနရဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်၊ အလွတ်သတင်း‌ထောက်နဲ့ ဇနီးဖြစ်သူ DVB သတင်းဌာန အလွတ်သတင်းထောက်တို့ ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သမီးဖြစ်သူကနေ သိရပါတယ်။ “အဖေက အခင်းဖြစ်ညက သတင်းယူဖို့ ထွက်သွားတာ ဖမ်းဆီးခံရတယ်ကြားချိန် မိသားစုလိုက်သွားတော့ အမေ့ကိုပါ ထပ်ဖမ်းတယ်။ သမီးတို့ ညီအမကိုတောင် ၁၈၈ နဲ့ဖမ်းကွာအော်တာ၊ စခန်းကရဲအရာရှိက တားဆီးခဲ့လို့လွတ်တာ။ အခုအဖေနဲ့အမေကို အင်းစိန်းထောင်မှာပို့ထားတယ်လို့ ကြားရပေမယ့် ခုထိတွေ့ခွင့်မရသေးဘူး” လို့ သမီးဖြစ်သူက ပြောပါတယ်။ အဲ့ဒီနေ့ ညက The Voice Daily သတင်းဌာနရဲ့ အလွတ်သတင်းထောက် ဦးမင်းမင်းအောင်ဟာ ဥက္ကံမြို့ ပြည်-ရန်ကုန်လမ်းပေါ်က အမျိုးသားတစ်ဦးပိုင်‌နေအိမ်ကို မီးကွင်းပစ်တယ်ဆိုတဲ့…

Read More

ကောလင်းမြို့က CDM မီးရတားဝန်ထမ်းတွေ နေအိမ်လိုင်းခန်းကနေ နေ့ချင်းပြီး ဖယ်ရှာပေးရ

မတ် ၂၂ ၊ ၂၀၂၁ Voice Of Myanmar မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရဲ့ ရထားပို့ဆောင်ရေး လုပ်ငန်းတွေမှာ အချက်အခြာကြတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ မနေ့ မတ် ၂၂ ရက်စလို့ CDM မှာ ပါဝင်ခဲ့တဲ့အတွက် ဝန်ထမ်းနေအိမ်လိုင်းခန်းတွေကနေ လုံခြုံရေးတပ်ဖွဲ့တွေက စတင်ဖယ်ရှားနေပြီလို့ သိရပါတယ်။ နေအိမ်လိုင်းခန်း ဖယ်ရှားခြင်းခံရသူ ဝန်ထမ်းမိသားစု တစ်ယောက်က ” အမျိုးသားက ဝန်ထမ်း လုပ်သက် ၁၈ နှစ်ရှိပြီ ၊ ဇာတိက မန္တလေးဘက်ကဖြစ်တယ် ၊ မိသားစုက ၇ ယောက်ဆိုတော့ ရတဲ့ လစာနဲ့ ဘာမှ အဖတ်မတင်ဘူး ၊ နေစရာ အိမ်ပိုင်ဝန်းပိုင်မရှိပေမယ့် အဆင်​ပေမယ့်နေရာ တခုကို အခုပြောင်းရွှေ့နေပြီ ” လို့ ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ ကုန်းလမ်းဆက်သွယ်ရေး အဓိက…

Read More

ရွှေသောင်ယံကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၄၁ဦး ဖမ်းမိထား

မတ် ၂၂-၂၀၂၁ KA ဒီနေ့ မတ် ၂၂ရက်နေ့ ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေမှာ စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၁ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ၄၁ဦး လိုက်ပါလာတဲ့ စက်လှေဟာ မတ် ၂၀ရက်နေ့မှာ ရွှေသောင်ယံကမ်းခြေအနီး သောင်တင်လာတာလို့ သိရပါတယ်။ “ရွှေသောင်ယံကမ်းခြေ နွယ်ညှိချောင်းကျေးရွာအနီးမှာ မတ်လ၂၀ရက်နေ့က စက်လှေတစ်စီးသောင်တင်နေခဲ့ပြီးနိုင်ငံသားအထောက်အထားမဲ့သူတွေ လိုက်ပါလာတာ” လို့ ဒေသခံတဦး ကပြောပါတယ်။ အဲ့ဒီသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က သုံးရက်ကြာ လိုက်လံဖမ်းဆီးခဲ့ပြီး အမျိုးသား၆ဦး၊ အမျိုးသမီး၃၂ဦးနဲ့ ကလေး၃ဦး စုစုပေါင်း၄၁ဦးပါ၀င်တယ်လို့ သိရပါတယ်။ ခုကိစ္စနဲ့ပတ်သတ်ပြီး ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ လက်ရှိမှာ အဲ့ဒီ ဖမ်းမိသူ ၄၁ဦးကို ရွှေသောင်ယံမြို့က အထက်တန်းကျောင်းတစ်ခုမှာ ထားရှိထားတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #နိုင်ငံသားအထောက်အထားမဲ့သူ #ရွှေသောင်ယံကမ်းခြေ #ဖမ်းမိ

Read More

ဘင်္ဂလားဒေ့ရှ် Cox bazar ခရိုင်က မွတ်စလင် ဒုက္ခသည်စခန်းမီးလောင်နေ

မတ် ၂၂- ၂၀၂၁ ထက်အောင်စိုင်း (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox bazarခရိုင်၊ Taknaf မြို့နယ်အတွင်းက မွတ်စလင်ဒုက္ခသည်စခန်းတချို့ ဒီကနေ့ မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီကစပြီး မီးလောင်မှု ဖြစ်ပွားနေကြောင်းနဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပျောက်ဆုံးနေကြောင်း အဲဒီဒုက္ခသည်စခန်းက သတင်းပေးပို့ချက်အရသိရပါတယ်။ မီးလောင်နေတဲ့ ဒုက္ခသည်စခန်းဆီသို့ မီးသတ်ကားအကူအညီတွေ မရောက်ရှိသေးကြောင်းနဲ့ ဒုက္ခသည်စခန်းရှိ Camp 8၊ 9၊ 10၊ 8 W နဲ့ အခြားနီးစပ်ရာ Camp တချို့သို့ မီးကူးစပ်လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းအတွင်း ကလေးတွေကိုစာသင်ပြတဲ့ အလုပ်လုပ်သူ Hope For Arakan Peace အဖွဲ့ ရဲ့ဒါရိုက်တာ ဇီယာဘုလ်ဟူဆောန်ပြောတာက “မီးစလောင်တာက Camp 8 w ကလောင်တာပါ။ ဒုက္ခသည်စခန်းမှာက ခြံစည်းရိုးခတ်ထားတော့ ထွက်ပြေးလို့မရတဲ့အတွက်…

Read More

မန္တလေးမှာ ပစ်ခတ်မှုတွေကြောင့် ၂ ဦး ကျဆုံးခဲ့ကာ ၉ ဦး ထက်မနည်းဒဏ်ရာရ

မန္တလေး၊ မတ်- ၂၂- ၂၀၂၁ (VOICE OF MYANMAR) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ် ကွက် တန်ဖိုးနည်းအိမ်ရာဘက်မှာ စစ်တပ်နဲ့ ရဲတွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ကြောင့် အသက် ၁၈ နှစ်အရွယ် ကိုဇော်ဇော်ရဲ့ လည်ပင်းကို ကျည်ထိမှန်ကာ သေဆုံးခဲ့သလို ကိုဝင်းထွန်းဦး ၂၅ နှစ်အရွယ်ကတော့ ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတအသင်း ကနေ သိရပါတယ်။ ချမ်းမြသာစည်မြို့နယ်အတွင်းက မနော်ဟရီလမ်း၊ အောင်သာယာရပ်ကွက်၊ အောင်ပင် လယ်ရပ်ကွက်နဲ့ မြရည်နန္ဒာရပ်ကွက်တွေအတွင်းကို အတားအဆီးတွေလာရောက်ဖယ် ရှားရင်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူလူထုရဲ့ ပြောပြချက်အရသိရပါတယ်။ အတည်ပြုလို့ မရနိုင်သေးတဲ့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူဦးရေ စာရင်းတွေ…

Read More

လားရှိုးမြို့ ရဲရိပ်သာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မတ်လ ၂၂ -၂၀၂၁ Violin Shayi လားရှိုးမြို့၊ ရပ်ကွက် ( ၄ ) ရှိ ရဲရိပ်သာမှာ ဒီကနေ့ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ရဲရိပ်သာအနီး ရေကန်တောင်လမ်းမှာ နေထိုင်သူတစ်ဦးက “အသံက တော်တော်လေးကျယ်တယ်၊ ဗုံးပေါက်တာပဲဖြစ်မယ်၊ သွားလည်း မကြည့်ရဲဘူး၊ အခု စစ်တပ်နဲ့ရဲတွေရောက်နေတယ်”လို့ VOM ကို ပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း လမ်းသွားလမ်းလာတွေကို သက်ဆိုင်ရာက စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ” ပေါက်ကွဲမှုဖြစ်ပြီး စစ်ကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ လမ်းသွား၊ လမ်းလာ ကားတွေကို စစ်နေတယ်”လို့ စစ်ဆေးခံရသူ ယာဉ်မောင်းတစ်ဦးက VOMကို ပြောပါတယ်။ လာရှိုးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက “အဲ့ဒီဟာက ပေါက်ကွဲမှုလား၊ ဘာလား ဆိုတာ အခုက…

Read More

တံတားဦးမြို့နယ် ပညာရေးစွမ်းဆောင်ရည်မြင့်မားမှုသင်တန်း ပြုလုပ်တဲ့နေရာအနီး ပေါက်ကွဲမှုဖြစ်

မတ် ၊ ၂၂ -၂၀၂၁ ကိုတိုးကြီး(VOM) မန္တလေးတိုင်း၊ တံတားဦးမြို့၊ စိတ္တမဟီရပ်ကွက်မှာ ပညာရေးဝန်ထမ်းတွေကို သင်ကြားပို့ချပေးနေတဲ့ ပညာရေးစွမ်းဆောင်ရည် မြင့်မားမှု သင်တန်းပို့ချတဲ့ နေရာအနီးမှာ ဒီကနေ့ မတ် ၂၂ ရက် မနက် ၈ နာရီက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ” ပညာရေးဝန်ထမ်းတွေကို ပို့ချပေးနေတဲ့ သင်တန်းနေရာ ဝန်းကျင်မှာ ပေါက်ကွဲတာပါ “လို့ တံတားဦးမြို့ခံတစ်ယောက်က VOM ကိုပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှု ဖြစ်ပေါ်စေဖို့အတွက် လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ပေါက်ဖောက်ခွဲခဲ့တာဖြစ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ လူ ၁ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးအဖွဲ့က စစ်ဆေးဆောင်ရွက်တဲ့အခါ ဖျက်အားပြင်း မိုင်းအမျိုးအစားမဟုတ်ဘဲ အသံမိုင်းဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးတာတွေ မရှိသလို ဒဏ်ရာရ သေဆုံးတာတွေလည်…

Read More

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်ဖို့ ကြေညာ

မတ် ၂၂ -၂၀၂၁ အေးချမ်းသူ(VOM) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်ကြားဖို့ မနေ့ မတ်လ ၂၁ရက် ညပိုင်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့မှ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ၁၁ ရပ်ကွက်နေပြည်သူတစ်ဦးက “ညနေ ၆နာရီလောက်ကစပြီးကြေညာတယ်၊ အမှန်တော့ ဧည့်စာရင်းစစ်ပြီး ဖမ်းမယ့်သဘောရှိတယ်၊ ဧည့်စာရင်းသွားတိုင်ကြရတယ်၊ ရွှေပြည်သာမြို့နယ်မှာ န.စ.က ကောင်စီက တိုက်ရိုက်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်အချို့မှာ ရုံးထိုင်ခိုင်းထားတယ်”လို့ VOMကို ပြောပါတယ်။ ရွှေပြည်သာမြို့နယ်အတွင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းမှာ ကားတွေနဲ့ လှည့်ကင်းလှည့်လေ့ရှိပြီး မနက်ပိုင်းမှာတော့ နေရာအနှံ့လုံခြုံရေးယူထားတယ်လို့ တ/၁၅ရပ်ကွက်မှ ပြည်သူတစ်ဦးကVOMကို ပြောပါတယ်။ ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက် ၂၃ခု၊ ကျေးရွာအုပ်စု ၄စု ၊ကျေးရွာ ၅ ရွာနဲ့ ဖွဲ့စည်းထားပြီးမတ်လ ၁၅ရက်နေ့က ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ခြောက်မြို့နယ်မှာ ပါဝင်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ရွှေပြည်သာမြို့နယ်အတွင်း ပြုလုပ်ခဲ့တဲ့ ဆန္ဒပြဖြစ်စဥ်တွေမှာ…

Read More

ဖားကန့်ဒေသက ၄၁ ရက်မြောက် ဆန္ဒပြပွဲ

ဖားကန့်၊မတ်လ-၂၂-၂၀၂၁ နောင်ရိုး ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ ဖားကန့်က မော်ဝမ်း၊လုံးခင်းနဲ့ ဆိပ်မူ ကျေးရွာအုပ်စုအတွင်းက လမ်းတွေပေါ်မှာ ဒေသခံတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။ အလားတူ မှော်စီစာကျေးရွာအထက်တန်းကျောင်း(ခွဲ)က ဆရာ၊ဆရာမတွေ CDMမှာ ပူးပေါင်းပါဝင်ပေးရန်အတွက် လုံးခင်းကျေးရွာအုပ်စုက ပြည်သူတွေက ကျောင်းရှေ့မှာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါသေးတယ်။ အရင်ရက်တွေက ဖားကန့်​ ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲခံရလို့ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ သပိတ်စစ်ကြောင်းတွေ ဖားကန့်မြို့တွင်းကို ဝင်ရောက်မလာနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ပင်ထားတယ်လို့လည်းသိရပါတယ်။ #voiceofmyanmar #VOM #ဖားကန့်

Read More

အမြန်လမ်းမှာ အိမ်စီးကားနဲ့ခရီးသည်တင်ကား‌ပေါ် လိုက်ပါလာသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်နဲ့တိုက်စစ်ဆေးနေ

မတ်၂၂-၂၀၂၁ KLY(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ မနေ့ မတ် ၂၁ရက်က စတင်ပြီး အိမ်စီးကားနဲ့ခရီးတင်ကားပေါ် လိုက်ပါလာသူတွေကို စစ်တပ်နဲ့ရဲက လူနဲ့မှတ်ပုံတင်ကို ကြည့်ရုံ မက စာရင်းစာရွက်နဲ့ လူနာမည်တွေနဲ့ တိုက်ပြီးစစ်ဆေးနေတယ်လို့ ခရီးသွားလာနေသူတွေဆီက သိရပါတယ်။ “ခရီးသည်တွေကို မှတ်ပုံတင်လည်းစစ်ဆေးတယ်။ လက်ထဲက စာရင်းစာရွက်တွေနဲ့လည်း တိုက် စစ်ဆေးတယ်။ နေရာအတည်တကျ မရှိဘူး။ မနေ့က မိုင်တိုင် ၁၆၀ နားမှာစစ်တယ်”လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပြပါတယ်။ အဲ့ဒီလို အမြန်လမ်းမိုင်တိုင် ၄၀ နဲ့ ၁၆၀ နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်‌ဆေးမှုပြုနေတဲ့အတွက် လမ်းမတစ်လျှောက် ကားအစီးရေ ၅၀ မှ ၇၀ အကြား ပိတ်မိနေတဲ့အပြင် အချို့ခရီးသွားအိမ်စီးကားတွေ လှည့်ပြန်ကြတာမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းဟာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အထိ မိုင်ပေါင်း ၃၆၆ မိုင်ရှည်လျားပြီး ယခုရက်ပိုင်း…

Read More
VOM News

FREE
VIEW