ရွှေသောင်ယံကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၄၁ဦး ဖမ်းမိထား

မတ် ၂၂-၂၀၂၁
KA

ဒီနေ့ မတ် ၂၂ရက်နေ့ ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေမှာ စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၁ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ၄၁ဦး လိုက်ပါလာတဲ့ စက်လှေဟာ မတ် ၂၀ရက်နေ့မှာ ရွှေသောင်ယံကမ်းခြေအနီး သောင်တင်လာတာလို့ သိရပါတယ်။

“ရွှေသောင်ယံကမ်းခြေ နွယ်ညှိချောင်းကျေးရွာအနီးမှာ မတ်လ၂၀ရက်နေ့က စက်လှေတစ်စီးသောင်တင်နေခဲ့ပြီးနိုင်ငံသားအထောက်အထားမဲ့သူတွေ လိုက်ပါလာတာ” လို့ ဒေသခံတဦး ကပြောပါတယ်။

အဲ့ဒီသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က သုံးရက်ကြာ လိုက်လံဖမ်းဆီးခဲ့ပြီး အမျိုးသား၆ဦး၊ အမျိုးသမီး၃၂ဦးနဲ့ ကလေး၃ဦး စုစုပေါင်း၄၁ဦးပါ၀င်တယ်လို့ သိရပါတယ်။

ခုကိစ္စနဲ့ပတ်သတ်ပြီး ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

လက်ရှိမှာ အဲ့ဒီ ဖမ်းမိသူ ၄၁ဦးကို ရွှေသောင်ယံမြို့က အထက်တန်းကျောင်းတစ်ခုမှာ ထားရှိထားတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #နိုင်ငံသားအထောက်အထားမဲ့သူ #ရွှေသောင်ယံကမ်းခြေ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW