ဖားကန့်ဒေသက ၄၁ ရက်မြောက် ဆန္ဒပြပွဲ

ဖားကန့်၊မတ်လ-၂၂-၂၀၂၁
နောင်ရိုး

ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ ဖားကန့်က မော်ဝမ်း၊လုံးခင်းနဲ့ ဆိပ်မူ ကျေးရွာအုပ်စုအတွင်းက လမ်းတွေပေါ်မှာ ဒေသခံတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။

အလားတူ မှော်စီစာကျေးရွာအထက်တန်းကျောင်း(ခွဲ)က ဆရာ၊ဆရာမတွေ CDMမှာ ပူးပေါင်းပါဝင်ပေးရန်အတွက် လုံးခင်းကျေးရွာအုပ်စုက ပြည်သူတွေက ကျောင်းရှေ့မှာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါသေးတယ်။

အရင်ရက်တွေက ဖားကန့်​ ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲခံရလို့ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

သပိတ်စစ်ကြောင်းတွေ ဖားကန့်မြို့တွင်းကို ဝင်ရောက်မလာနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ပင်ထားတယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW