အမြန်လမ်းမှာ အိမ်စီးကားနဲ့ခရီးသည်တင်ကား‌ပေါ် လိုက်ပါလာသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်နဲ့တိုက်စစ်ဆေးနေ

မတ်၂၂-၂၀၂၁
KLY(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ မနေ့ မတ် ၂၁ရက်က စတင်ပြီး အိမ်စီးကားနဲ့ခရီးတင်ကားပေါ် လိုက်ပါလာသူတွေကို စစ်တပ်နဲ့ရဲက လူနဲ့မှတ်ပုံတင်ကို ကြည့်ရုံ မက စာရင်းစာရွက်နဲ့ လူနာမည်တွေနဲ့ တိုက်ပြီးစစ်ဆေးနေတယ်လို့ ခရီးသွားလာနေသူတွေဆီက သိရပါတယ်။

“ခရီးသည်တွေကို မှတ်ပုံတင်လည်းစစ်ဆေးတယ်။ လက်ထဲက စာရင်းစာရွက်တွေနဲ့လည်း တိုက် စစ်ဆေးတယ်။ နေရာအတည်တကျ မရှိဘူး။ မနေ့က မိုင်တိုင် ၁၆၀ နားမှာစစ်တယ်”လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီလို အမြန်လမ်းမိုင်တိုင် ၄၀ နဲ့ ၁၆၀ နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်‌ဆေးမှုပြုနေတဲ့အတွက် လမ်းမတစ်လျှောက် ကားအစီးရေ ၅၀ မှ ၇၀ အကြား ပိတ်မိနေတဲ့အပြင် အချို့ခရီးသွားအိမ်စီးကားတွေ လှည့်ပြန်ကြတာမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းဟာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အထိ မိုင်ပေါင်း ၃၆၆ မိုင်ရှည်လျားပြီး ယခုရက်ပိုင်း စီမံအုပ်ချုပ်မှုကောင်စီမှ ည ၈ နာရီကနေ ၄ နာရီအထိ အိမ်စီးကားသာမက ခရီးသည်တင်ကားတွေကိုပါ ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-LayLa
#VoiceOfMyanmar #VOM #အမြန်လမ်း #စစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW