ကျယ်ဂေါင်မှာ ကျောက်စိမ်းဝိုင်းတွေ အားလုံးပိတ်သိမ်းပြီး မြန်မာနိုင်ငံသားတွေကို လူစု လူဝေးမလုပ်ဖို့နဲ့ စစ်ဆေးတာတွေရှိ

မူဆယ်-မတ်၃၀-၂၀၂၁
Shayi Violin(VOM)

တရုတ် – မြန်မာ အဓိက ကုန်သွယ်ရေး နယ်စပ်မြို့ဖြစ်တဲ့ ကျယ်ဂေါင်မြို့မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက ကျောက်စိမ်းဝိုင်းတွေ အားလုံးပိတ်သိမ်းကာ တရုတ်ရဲတွေက မြန်မာနိုင်ငံ သားများကို လူစုလူဝေး မလုပ်ရန်ပြောပြီး လမ်းသွား လမ်းလာသူများကို ဖုန်းတွေ စစ်ဆေး နေတယ်လို့ ကျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

မူဆယ်မြို့မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နှစ်နိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ကျောက်စိမ်းရောင်းဝယ်နေတဲ့ ကျောက်ဝိုင်းတွေ ပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောက်ဝိုင်းတွေ ပိတ်ရတဲ့အကြောင်း ကျယ်ဂေါင်မှ ကျောက်ခုံပိုင်ရှင်တစ်ဦးက

“မူဆယ်မြို့ပေါ်ကို KIA ဝင်တော့မယ်လို့ ကြားရတယ်။ ဒီဘက်မှာတော့ ကျောက်ဝိုင်းတွေ ပိတ်လိုက်တာ ဘာမှကြိုအသိမပေးဘဲ မတ်လ ၂၉ ရက် မနက်ပိုင်း ကျောက်ဝိုင်းတွေ အကုန်ပိတ် ချလိုက်ပြီး ဘာမှ ယူမထား လိုက်ရတော့ ပစ္စည်းတွေတောင်ဆိုင်ထဲကျန်ခဲ့တယ်” လို့ပြောပါတယ်။

ကျယ်ဂေါင်ဘက် အခြေအနေ အေးဆေးပေမယ့် “မြန်မာတွေတော့လူစုလူဝေး မသွားလာရဘူး။ ဖုန်းတွေစစ်တယ်။ တော်လှန်ရေးဘာညာတင်တာတွေ့ရင်ဖမ်းပြီး မြန်မာပြည် ပြန်ပို့တာ” လို့ ဝင်ထွက်နေသူတယောက်ကလည်း ဆိုပါတယ်။

အရင်နှစ် ၂၀၂၀ မှာလည်း ကျယ်ဂေါင်၊ ရွှေလီရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ၉၀၀ ကျော်ကို လူစုလူဝေး လုပ်တာကြောင့် တရုတ်ဘက်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ဘူးပါတယ်။

#voiceofmyanmar #VOM #ကျယ်ဂေါင်

Related posts

Leave a Comment

VOM News

FREE
VIEW