မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ စစ်တပ်နဲ့ရဲကပစ်ခတ်လို့ လူ ၁ ဦးသေဆုံး

မြစ်ကြီးနား-မတ်၃၀-၂၀၂၁ Voice Of Myanmr မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ ပြည်သူတွေပြုလုပ်ထားတဲ့အတားအဆီးတွေကို ဒီနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲက လာရောက်ရှင်းလင်းချိန် ပြန်လည်ခုခံဖို့စောင့်နေတဲ့လူငယ်တွေကို သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၊ တစ်ဦး လက်မောင်းကျည်ထိမှန်ခဲ့ပါတယ်။ သေဆုံးသွားသူကတော့ အသက် ၂၃ နှစ်အရွယ် ကိုမျိုးမင်းသူ ဖြစ်တယ်လို့ သိရပါတယ်။ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ ဆိုင်ကယ်နဲ့ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်ကိုပါ မီးရှို့ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။ နေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းတစ်ခု မီးလောင်ပြာကျသွားလို့ ရပ်ကွက်က ဝိုင်း၀န်း မီးငြိမ်းပေးနေရပါတယ် ။ ရပ်ကွက်အတွင်းကို ရဲကား ၆ စီး အိမ်စီးကား ၂ စီးနဲ့အတူ ဆိုင်ကယ်စီးပြီး ပစ်ခတ်သူတွေလည်းပါတယ်လို့ ရမ်ပူရပ်ကွက်သားတွေ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #vom #မြစ်ကြီးနား

Read More

ကသာမှာ မြွေကြီးတစ်ကောင်ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးပေးရ

ကသာ၊မတ် ၃၀-၂၀၂၁ စပ်ခွန်သာ ကသာမြို့ မှာ ဒီနေ့ မတ်လ(၃၀)ရက် နေ့(၁၂)နာရီက စပါးကြီးမြွေ တစ်ကောင်ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့ကြပါတယ်။ မြွေမှာ စပါးကြီးမြွေအမျိုးအစားဖြစ်ပြီး လုံးပတ်(၈)လက်မ၊အရှည်(၈) ပေ ရှိကာ သူဌေးကုန်း(ရပ်ကွက်-၄)ရှေးဟောင်းအိမ်နီကြီးနဲ့ ခရိုင်ဆရာဝန်ကြီးအိမ် ခြံစည်းရိုး အနီးမှာ တွေ့ရှိတာကို တာဝန်ရှိသူတစ်ဦးက အကြောင်းကြားရာက သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ “မြွေကပိဿာချိန်များတယ်။ ခြံစည်းရိုး ခွေးလယားသီးပင်တွေထဲ ဖြေးဖြေးချင်းတိုးပြီး ဖမ်းရတယ်။ရုန်းအားကောင်းတဲ့မြွေမျိုးပါ။လက်အိတ်နဲ့ပဲ ဖမ်းခဲ့ကြပါတယ်”လို့ ကသာမြို့နယ်မီးသတ်စခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စပါးကြီးမြွေကို မီးသတ်တပ်ဖွဲ့ဝင်အင်အား (၇)ဦးက ဖမ်းဆီးခဲ့ကြပြီး၊လူနဲ့ ဝေးတဲ့ ဘေးကင်းရာတောထဲကို သွားရောက်လွှတ်ပေးလိုက်ကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #စပါးကြီးမြွေ

Read More

မနေ့က မြင်းခြံပစ်ခတ်မှုမှ ၂ ဦးထပ်မံကျဆုံး

မတ် ၃၀-၂၀၂၁ CKTG(VOM) မြင်းခြံမြို့ရဲ့ မနေ့ မတ်လ ၂၉ ရက်နေ့ ပစ်ခတ်ဖြိုခွဲခံရမှုမှာ ကျည်ထိမှန်ခဲ့တဲ့ အမျိုးသား ၂ ဦး မနေ့ညနဲ့ ဒီနေ့ မတ် ၃၀ရက် မနက်ပိုင်းတို့မှာ ထပ်မံကျဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသက် (၂၁) နှစ်အရွယ် ကိုဝေလွင်ဦးဟာ မနေ့က မနက်ပိုင်းပစ်ခတ်မှုမှာ ရရှိခဲ့တဲ့ကျည်ထိဒဏ်ရာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ကျဆုံးခဲ့ပြီး နောက်တစ်ယောက်ဖြစ်သူအသက် (၃၂)နှစ်အရွယ် ကိုဇော်လင်းထွန်း(ခ) ဇော်ကြီးကတော့ ရဲနဲ့ စစ်တပ်ရဲ့ ညပိုင်း ပစ်ခတ်မှုမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာကြောင့် ည၉ နာရီခွဲလောက်မှာကျဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ “ကိုဝေလွင်ဦးက မနေ့ကပစ်ခတ်မှုအတွင်းရတဲ့ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာကြောင့် ဒီကနေ့မနက်မှာ ထပ်ကျဆုံးတယ်။ နောက်တစ်ယောက်က ည၉ ခွဲလောက်မှာကျတယ်။ ကိုဇော်လင်းအလောင်းကို ရေမြောင်းထဲမှာတွေ့ရတာ။ မနေ့က ကျဆုံး ၄ဦးရှိခဲ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ် ။ အခုသေဆုံးသူနှစ်ဦးအပါအဝင် မနေ့က…

Read More

ပုသိမ်က CDM၀န်ထမ်းနာရေးကို စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့် လူအနည်းငယ်နဲ့သာ ပြုလုပ်ခဲ့ရ

မတ် ၃၀-၂၀၂၁ KA ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ၂၈ရက်နေ့ညက စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့တဲ့ တိုင်းလွှတ်တော်၀န်ထမ်း ကိုဇင်လင်းအောင်ရဲ့ နာရေးကို ဒီနေ့ မတ် ၃၀ရက်နေ့ သရောင်းချောင်းသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ရပ်ကွက်တွေကို စစ်တပ်နဲ့ရဲတွေ ပိတ်ဆို့စစ်ဆေးနေတာကြောင့် လိုက်ပို့သူအနည်းငယ်နဲ့ သရောင်းချောင်းသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ ကိုဇင်လင်းအောင်ဟာ CDM ပြုလုပ်နေတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ရဲ့ ဥယာဥ်မှူး၀န်ထမ်းဖြစ်ပြီး မတ် ၂၈ရက်ညက ဘန့်ဘွေးကုန်းမှာ ကျည်အစစ်နဲ့ လည်ပင်းထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ပုသိမ်မှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ကိုဇင်လင်းအောင်

Read More

ဆိုင်ကယ်စီးနင်းရင်း စစ်တပ်ပစ်ခတ်တာခံရတဲ့ ထားဝယ်ကလူငယ် သေဆုံး

မတ် ၃၀-၂၀၂၁ STY ပြီးခဲ့တဲ့ မတ်၂၇ရက်နေ့က ထားဝယ်မြို့ အာဇာနည်လမ်းပေါ်မှာ ဆိုင်ကယ်စီးနင်းလာရင်း စစ်တပ်ရဲ့ အကြောင်းမဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကားပေါ်သယ်ဆောင်သွားခံရတဲ့ မောင်ကျော်မင်းလတ် အသက် ၁၇ နှစ်ဟာ ဒီနေ့ မတ် ၃၀ရက် နေ့လယ် ၁၁နာရီ ၃၀အချိန်မှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ သတင်းရရှိပါတယ်။ ထားဝယ်ခရိုင်အတွင်း စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #မောင်ကျော်မင်းလတ်

Read More

မူဆယ်မှာ ဆန္ဒပြသူတဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

မတ်လ ၃၀၊ ၂၀၂၁ Shayi Violin(VOM) ဒီနေ့ မတ် ၃၀ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က မူဆယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ပြီး လူစုခွဲခဲ့တာကြောင့် အသက် ၃၅ နှစ်ရှိ ကိုညိုမင်းသူ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်သူတွေဆီက သိရပါတယ်။ မူဆယ်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာကြောင့် ၄ ဦးကျဆုံးခဲ့ပြီး ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #မူဆယ် #ကိုညိုမင်းသူ

Read More

လွိုင်ကော်မှာ လူနေအိမ်ထဲက အမယ်အိုကြီးတစ်ဦး ရာဘာကျည် ၉ ချက်အပစ်ခံရ

မတ် ၃၀-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မှာ ဒီနေ့ မတ် ၃၀ရက် မနက်က အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းများခွဲကာ ဆန္ဒဖော်ထုတ်နေကြရာမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် နေအိမ်ထဲနေထိုင်နေတဲ့ အမယ်အိုကြီးတစ်ဦး ရာဘာကျည်ဆံ ကိုးချက် ထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ “မင်းစုရပ် သပိတ်စစ်ကြောင်းမစခင်မှာပဲ တပ်နဲ့ရဲက လာရောက်ပစ်ခတ်ခဲ့တာပါ။ အမေကြီးက အိမ်ထဲထိုင်နေတာကို ရာဘာကျည်ဆံ ၉ ချက်ထိလို့ ဆေးကုသပေးနေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်က လွိုင်ကော်မြို့နယ် မင်းစုရပ်ကွက် သပိတ်မစခင် စစ်တပ်နဲ့ရဲက ရပ်ကွက် နေအိမ်တွေထဲထိ လာရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီ အသက်၆၀ ကျော်အရွယ် အမယ်အိုကြီးအပြင် နမ့်ကတ်စစ်ကြောင်းမှာလည်း သုံးဦး ရာဘာကျည်ထိမှန်ဏ်ရာရခဲ့တယ် လို့ သိရပါတယ်။ Photo-CJ #VoiceOfMyanmar #VOM #လွိုင်ကော် #ရာဘာကျည်မှန်

Read More

မူဆယ် လဝကရုံး မီးရှို့ခံရ

မူဆယ်-မတ်လ၃၀-၂၀၂၁ Shayi Violin(VOM) ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် မတ် ၂၉ ရက်နေ့က မူဆယ် လဝက ရုံးမီးရှို့ခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေဆီက သိရပါတယ်။ မူဆယ်မြို့ တောင်ရပ်ကွက်က ကမ္ဘောဇဘဏ် ၁ ကုန်းဆင်း သပိတ် ခံတပ်မှာ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက လူငယ် ၁၀ ယောက်ဝန်းကျင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်လို့ ဆန္ဒဖော်ထုတ်သူ တစ်ဦးက ဆိုပါတယ်။ ဆန္ဒထုတ်ဖော်သူ ပြည်သူများမှ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖမ်းခံရသူတွေကို မလွှတ်ပေးတဲဲ့အပြင် စစ်တပ်နှင့် ရဲဘက်က “မင်းတို့ လာရဲရင် လာခဲ့ကြ၊ မင်းတို့ လူတွေ အရှင်လတ်လတ် မီးရှို့ သတ်ပြမယ်ကွ” လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ် လို့ ​ရှင်းပြပါတယ်။…

Read More
VOM News

FREE
VIEW