ကသာမှာ မြွေကြီးတစ်ကောင်ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးပေးရ

ကသာ၊မတ် ၃၀-၂၀၂၁
စပ်ခွန်သာ

ကသာမြို့ မှာ ဒီနေ့ မတ်လ(၃၀)ရက် နေ့(၁၂)နာရီက စပါးကြီးမြွေ တစ်ကောင်ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့ကြပါတယ်။

မြွေမှာ စပါးကြီးမြွေအမျိုးအစားဖြစ်ပြီး လုံးပတ်(၈)လက်မ၊အရှည်(၈) ပေ ရှိကာ သူဌေးကုန်း(ရပ်ကွက်-၄)ရှေးဟောင်းအိမ်နီကြီးနဲ့ ခရိုင်ဆရာဝန်ကြီးအိမ် ခြံစည်းရိုး အနီးမှာ တွေ့ရှိတာကို တာဝန်ရှိသူတစ်ဦးက အကြောင်းကြားရာက သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“မြွေကပိဿာချိန်များတယ်။ ခြံစည်းရိုး ခွေးလယားသီးပင်တွေထဲ ဖြေးဖြေးချင်းတိုးပြီး ဖမ်းရတယ်။ရုန်းအားကောင်းတဲ့မြွေမျိုးပါ။လက်အိတ်နဲ့ပဲ ဖမ်းခဲ့ကြပါတယ်”လို့ ကသာမြို့နယ်မီးသတ်စခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စပါးကြီးမြွေကို မီးသတ်တပ်ဖွဲ့ဝင်အင်အား (၇)ဦးက ဖမ်းဆီးခဲ့ကြပြီး၊လူနဲ့ ဝေးတဲ့ ဘေးကင်းရာတောထဲကို သွားရောက်လွှတ်ပေးလိုက်ကြတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #စပါးကြီးမြွေ

Related posts

Leave a Comment

VOM News

FREE
VIEW