မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ စစ်တပ်နဲ့ရဲကပစ်ခတ်လို့ လူ ၁ ဦးသေဆုံး

မြစ်ကြီးနား-မတ်၃၀-၂၀၂၁
Voice Of Myanmr

မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ ပြည်သူတွေပြုလုပ်ထားတဲ့အတားအဆီးတွေကို ဒီနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲက လာရောက်ရှင်းလင်းချိန် ပြန်လည်ခုခံဖို့စောင့်နေတဲ့လူငယ်တွေကို သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၊ တစ်ဦး လက်မောင်းကျည်ထိမှန်ခဲ့ပါတယ်။

သေဆုံးသွားသူကတော့ အသက် ၂၃ နှစ်အရွယ် ကိုမျိုးမင်းသူ ဖြစ်တယ်လို့ သိရပါတယ်။

မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ ဆိုင်ကယ်နဲ့ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်ကိုပါ မီးရှို့ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

နေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းတစ်ခု မီးလောင်ပြာကျသွားလို့ ရပ်ကွက်က ဝိုင်း၀န်း မီးငြိမ်းပေးနေရပါတယ် ။

ရပ်ကွက်အတွင်းကို ရဲကား ၆ စီး အိမ်စီးကား ၂ စီးနဲ့အတူ ဆိုင်ကယ်စီးပြီး ပစ်ခတ်သူတွေလည်းပါတယ်လို့ ရမ်ပူရပ်ကွက်သားတွေ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #vom #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW