လွိုင်ကော်မှာ လူနေအိမ်ထဲက အမယ်အိုကြီးတစ်ဦး ရာဘာကျည် ၉ ချက်အပစ်ခံရ

မတ် ၃၀-၂၀၂၁
KLY(VOM)

ကယားပြည်နယ် လွိုင်ကော်မှာ ဒီနေ့ မတ် ၃၀ရက် မနက်က အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းများခွဲကာ ဆန္ဒဖော်ထုတ်နေကြရာမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် နေအိမ်ထဲနေထိုင်နေတဲ့ အမယ်အိုကြီးတစ်ဦး ရာဘာကျည်ဆံ ကိုးချက် ထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

“မင်းစုရပ် သပိတ်စစ်ကြောင်းမစခင်မှာပဲ တပ်နဲ့ရဲက လာရောက်ပစ်ခတ်ခဲ့တာပါ။ အမေကြီးက အိမ်ထဲထိုင်နေတာကို ရာဘာကျည်ဆံ ၉ ချက်ထိလို့ ဆေးကုသပေးနေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်က လွိုင်ကော်မြို့နယ် မင်းစုရပ်ကွက် သပိတ်မစခင် စစ်တပ်နဲ့ရဲက ရပ်ကွက် နေအိမ်တွေထဲထိ လာရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီ အသက်၆၀ ကျော်အရွယ် အမယ်အိုကြီးအပြင် နမ့်ကတ်စစ်ကြောင်းမှာလည်း သုံးဦး ရာဘာကျည်ထိမှန်ဏ်ရာရခဲ့တယ် လို့ သိရပါတယ်။

Photo-CJ
#VoiceOfMyanmar #VOM #လွိုင်ကော် #ရာဘာကျည်မှန်

Related posts

Leave a Comment

VOM News

FREE
VIEW