ပုသိမ်က CDM၀န်ထမ်းနာရေးကို စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့် လူအနည်းငယ်နဲ့သာ ပြုလုပ်ခဲ့ရ

မတ် ၃၀-၂၀၂၁
KA

ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ၂၈ရက်နေ့ညက စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့တဲ့ တိုင်းလွှတ်တော်၀န်ထမ်း ကိုဇင်လင်းအောင်ရဲ့ နာရေးကို ဒီနေ့ မတ် ၃၀ရက်နေ့ သရောင်းချောင်းသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ ရပ်ကွက်တွေကို စစ်တပ်နဲ့ရဲတွေ ပိတ်ဆို့စစ်ဆေးနေတာကြောင့် လိုက်ပို့သူအနည်းငယ်နဲ့ သရောင်းချောင်းသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၇နှစ်အရွယ်ရှိ ကိုဇင်လင်းအောင်ဟာ CDM ပြုလုပ်နေတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ရဲ့ ဥယာဥ်မှူး၀န်ထမ်းဖြစ်ပြီး မတ် ၂၈ရက်ညက ဘန့်ဘွေးကုန်းမှာ ကျည်အစစ်နဲ့ လည်ပင်းထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ပုသိမ်မှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ကိုဇင်လင်းအောင်

Related posts

✕
VOM News

FREE
VIEW