ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေ ပစ်ခတ်ခံရလို့ လူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

မတ် ၂၅ -၂၀၂၁ Voice Of Myanmar ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီနေ့ မတ် ၂၅ရက် မနက် အစောပိုင်းက ဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် သွားရောက်တောင်းဆိုခဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ လူ ၁ ယောက် ကျည်ဆံထိမှန်ကာ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၆ ယောက်လည်း ဆေးကုဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မိုးညှင်းမြို့ခံတွေဆီက သိရပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးညှင်းမြို့ခံ ပြည်သူတစ်ယောက်က ” ဒီမနက် (မတ် ၂၅ ) ၈ နာရီခွဲ အချိန်လောက်မှာ ၁၉ ရပ်ကွက်ထဲက ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ လူ ၁၃ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ် ၊ အဲ့ဒီထဲက အသက် ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ကို…

Read More

မော်လမြိုင်မြို့ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူ၂၀ ကျော်ရှိနေ

မတ်၂၅-၂၀၂၁ KLY(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်နေကြတဲ့ အထွေထွေသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူအနည်းငယ်သာ ရှိပေမယ့်လည်း ဖမ်းဆီးခံရသူ၂၀ ကျော်ရှိနေတယ်လို့ မြို့ခံတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ “လမုတန်းဈေးနားမှာ မျက်ရည်ယိုဗုံးတွေ အသံ‌ဗုံးတွေနဲ့စတင်ပစ်ခတ်ပြီးမကြာခင် သေနတ်တွေနဲ့ပစ်ခတ်တာပါ။ ဖမ်းဆီးခံရသူ နှစ်ဆယ်ကျော်မှာ မိန်းကလေးတွေများတယ်”လို့ မော်လမြိုင်မြို့ခံ တက်ကြွလှုပ်ရှားသူကပြောပါတယ်။ မော်လမြိုင်မြို့ခံ ကျောင်းသားကျောင်းသူတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ဒေသခံပြည်သူတွေ စုစုပေါင်းအင်အား ၁၀၀၀ နီးပါးဟာ အထွေထွေသပိတ်စစ်ကြောင်းအနေနဲ့ လမ်းလျောက်ချီတက်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တပ်နဲ့ရဲက အင်အားသုံးဖြိုခွင်းရုံမက လမုတန်းဈေးအနီးတစ်ဝိုက်ကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ နောက်ဆုံး စုံစမ်းသိရှိရတာကတော့ ကျောင်းသား ကျောင်းသူ အယောက်၂၀ ‌ခန့်ဖမ်းဆီးခံရပြီး နှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ ဓါတ်ပုံ-မော်လမြိုင် အသံ #voiceofmyanmar #VOM #မော်လမြိုင်

Read More

မြန်မာစစ်တပ်ပိုင် MEC နဲ့ ဦးပိုင်ကုမ္ပဏီတွေကို အမေရိကန်အရေးယူပိတ်ဆို့မယ်

ဝါရှင်တန်၊ မတ် ၂၅-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် စစ်တပ်ကထိန်းချုပ်ထားတဲ့ လုပ်ငန်းစုကြီးနှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့ဖို့စီစဉ်နေတယ်လို့ ဒီကိစ္စကိုသိရှိတဲ့ အမေရိကန်အစိုးရသတင်းရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီလိုအရေးယူရာမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ကို အမေရိကန်ဘဏ္ဍရေးဌာနက အမည်ပျက်စာရင်းသွင်းမှာဖြစ်ပြီး အဲဒီလုပ်ငန်းတွေရဲ့ အမေရိကန်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေအတွင်းမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၂၇၅ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ပိုင်ဆိုင်မှုတွေအပေါ် အရေးယူပိတ်ဆို့နိုင်ဖို့ ဖေဖော်ဝါရီ ၁၁ ရက်မှာအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအမိန့်အရ မြန်မာစစ်တပ်က ထုတ်ယူဖို့ကြိုးစားခဲ့တဲ့ နယူးယောက်ဗဟိုဘဏ်က ဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့ရဲ့သားသမီးတွေအပါအ၀င် ထိပ်တန်းစစ်ဘက်အရာရှိတွေကို အမေရိကန်၊…

Read More

တောင်ကြီးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီး

မတ် ၂၅-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့တွင်း မြို့မရပ်၊ ကံသားပ်၊ ဝါးပြားလမ်းဆုံ စတဲ့နေရာတွေမှာ ဒီနေ့ မတ် ၂၅ ရက် မနက်ပိုင်းက စစ်တပ်နဲ့ရဲက ဆန္ဒပြသူတွေကို ကျည်အစစ်၊ရာဘာကျည်၊မီးခိုးဗုံး၊မျက်ရည်ယိုဗုံးတို့နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါ့အပြင် လမ်းပေါ်က ကားတွေ၊ ဆိုင်ကယ်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်အချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ ရိုက်နှက်ဖမ်းဆီးခံရသူတွေနဲ့ ဒါဏ်ရာရရှိသူတွေလည်း ရှိပေမယ့် လက်ရှိမှာတော့ အတည်မပြုနိုင်သေးပါဘူး။ #VoiceOfMyanmar #VOM #တောင်ကြီး

Read More

ခင်ဦးဆန္ဒပြပွဲကို စစ်တပ်ကပစ်ခတ်လို့ လူသုံးဦးကျည်ထိမှန် ဒဏ်ရာရ

မတ် ၂၅-၂၀၂၁ VOM စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဒီနေ့ မတ် ၂၅ ရက်မနက် ၁၀နာရီလောက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်လူစုခွဲလို့ လူသုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တဦးက ဗိုက်ကို ကျည်ထိမှန်လို့ စိုးရိမ်ရပြီး ကျန်နှစ်ဦးကတော့ လက်နဲ့ ခြေထောက်ကို ကျည်ထိမှန်တာလို့ သိရပါတယ်။ မနေ့ မတ် ၂၄ ရက်ညပိုင်းက ရပ်ကွက်ကင်းစောင့်သူ​ကို စစ်တပ်ကဖမ်းရာကနေစပြီး ပဋိပက္ခဖြစ်ကာ လူ၁၄ ဦးဖမ်းခံရပြီး နောက်ပိုင်းမှာတော့ ၁၄ ဦးလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့မနက် ဖြိုခွဲမှုမှာတော့ လူ ၅ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ခင်ဦး #ဆန္ဒပြ #ဒဏ်ရာရ

Read More

တောင်ငူမှာ လူငယ် ၅၀၀ ခန့် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

မတ်၂၅-၂၀၂၁ KLY(VOM) ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ဒီနေ့ မတ် ၂၅ရက် မနက် ၁၀ နာရီလောက်က စတင်ပြီး ဒေသခံလူငယ် ၅၀၀ ခန့်က အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့ထဲ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ “တပ်နဲ့ရဲက ပိတ်ဆို့နေလို့ဆင်ခြေဖုံးရပ်ကွက်တွေထဲထိ ချီတက်ခဲ့ရတယ်။အခု လက်ရှိတော့ ကလေးတွေလူစုခွဲကာနီး ကားလေးငါးစီးနဲ့ ဝင်ဖမ်းဖို့ ကြိုးပမ်း လို့ ကလေးတွေ လူစုကွဲသွားတယ်” လို့ ‌လူငယ်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်က ဒေသခံ ကျောင်းသားလူငယ် ၅၀၀ ခန့်ဟာ ရွှေအင်းတိန်ဘုရား စုရပ်ကနေ စတင်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လမ်းတစ်လျှောက်ဒေသခံတွေက လက်ခုပ်ဩဘာတီးပြီးကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြ

Read More

မန္တလေး စက်မှုစုပေါင်းသပိတ် ဖြိုခွဲခံခဲ့ရပေမယ့် အဖမ်းအဆီးမရှိ လူစုခွဲနိုင်ခဲ့

မတ် ၂၅ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့ စက်မှုစုပေါင်းသပိတ်စစ်ကြောင်း ချီတက်လမ်းလျှောက်ဆန္ဒပြနေချိန် ၆၆လမ်း ၁၃၄လမ်းနဲ့ ၁၃၅လမ်းကြားမှာ ဖြိုခွဲခံခဲ့ရပါတယ်။ ဖြိုခွဲခံခဲ့ရပေမယ့် သပိတ်စစ်ကြောင်းထဲလိုက်ပါလာသူတွေ ဖမ်းဆီးခံရတာမရှိဘဲ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #စက်မှုစုပေါင်းသပိတ်

Read More

ဒဂုံဆိပ်ကမ်း ယုဇနလူငယ်များအဖွဲ့ကပြုလုပ်တဲ့ အရုဏ်ဦးသပိတ်

ရန်ကုန်၊မတ် ၂၅-၂၀၂၁ အေးချမ်းသူ(VOM) ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဒီနေ့ မတ် ၂၅ရက် မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေးအတွက် ယုဇနလူငယ်များအဖွဲ့က အရုဏ်ဦးသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် လေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ဒဂုံဆိပ်ကမ်းမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆မြို့နယ်မှာ ပါဝင်တဲ့မြို့နယ်လည်းဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဒဂုံဆိပ်ကမ်း #အရုဏ်ဦးသပိတ်

Read More
VOM News

FREE
VIEW