ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ကလိုက်လံတားဆီးလို့ အေးချမ်းစွာလူစုခွဲ

ဖားကန့်၊မတ်လ-၂၃၊ရက်-၂၀၂၁ နောင်ရိုး ဖားကန့်မြို့၊မော်ဝမ်းမှာ ဒီနေ့မတ်လ ၂၃ရက်ကလုပ်တဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့တာကြောင့် ဆန္ဒပြသူတွေက ခေတ္တလူစုခွဲခဲ့ပြီးနောက်၊ထပ်လူပြန်စုကာ ဆန္ဒဖော်ထုတ်ကြွေးကြော်ခဲ့ပြီး လူစုခွဲခဲ့ပါတယ်။ အလားတူ ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်း၊ဆိပ်မူသပိတ်စစ်ကြောင်းကတော့ ကျေးရွာရပ်ကွက်တွေမှာဘဲ ဆန္ဒဖော်ထုတ်နေတယ်လို့ သိရပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ နေ့စဥ်ဆန္ဒဖော်ထုတ်နေရာ၊ ဖားကန့်မြို့ထဲကို ဝင်မလာစေဖို့ ရဲတပ်ဖွဲ့က နေရာအနှံ့ လမ်းတွေကို လိုက်လံပိတ်ဆို့ တားဆီးထားတာကို တွေ့ရပါတယ်။ #voiceofmyanmar #vom #ဖားကန့်

Read More

ကသာမြို့ အာဏာရှင်စနစ်ကျဆုံးရေး လှုပ်ရှားမှု ရေးဆွဲထားတဲ့ သင်္ကေတကို ဆေးမဲအသုံးပြု ဖျက်သွား

မတ် ၂၃ – ၂၀၂၁ SKT(VOM) ကသာမြို့မှာ အာဏာရှင်စနစ်ကျဆုံးရေးအတွက် မိန်းလမ်းမကြီးအချို့မှာ ရေးဆွဲထားတဲ့ လက်သုံးချောင်းပုံသင်္ကေတကို မနေ့ မတ်လ(၂၂)ရက် ည(၁၁)နာရီခွဲခန့်က ဆေးမဲအသုံးပြုဖျက်သွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ လက်သုံးချောင်းပုံ သင်္ကေတနေရာကို ဆေးမဲ အသုံးပြု ဖျက်ထားပြီး ဘေးမှာရေးဆွဲထားတဲ့စာသားတွေကိုတော့ ဖျက်မသွားခဲ့ကြောင်း တွေ့ရပါတယ်။ ကသာမြို့မှာ အာဏာရှင်စနစ်ကျဆုံးရေအတွက် ပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ဆန္ဒဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် အလိုမရှိရေဆွဲထားတဲ့ပုံရိပ်တွေ၊ သင်္ကေတတွေ၊ စာသားတွကိုလည်း ဆေးမဲအသုံးပြုပြီး ဖျက်တာရှိသလို လမ်းမပေါ်ကပ်ထားတဲ့ ဓါတ်ပုံတွေကိုလည်း ရေနဲ့ ပတ်ပြီး ပြန်ခွာနေတာတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကသာ

Read More

သင်္ဃန်းကျွန်းမြို့နယ်က အရုဏ်ဦးသပိတ်

မတ် ၂၃ -၂၀၂၁ YPPT(VOM) ရန်ကုန်မြို့၊ သင်္ဃကျွန်းမြို့နယ်က ရပ်ကွက်တိုင်းမှာ ဒီကနေ့မနက်အစောပိုင်း အရုဏ်ဦးသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #သင်္ဃကျွန်း #အရုဏ်ဦးသပိတ်

Read More

မနက်စောစောပြုလုပ်ခဲ့တဲ့ မန္တလေး မြတောင်စစ်ကြောင်း

မတ် ၂၃ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့မှာ တားဆီးပိတ်ပင်တာတွေ ရှိနေပေမယ့် မြတောင်စစ်ကြောင်းကတော့ အချိန်ပြောင်းလဲပြီး မနက်စောစောမှာ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်သပိတ်စစ်ကြောင်း

Read More

မြစ်ကြီးနားလူငယ်တွေရဲ့ အရုဏ်ဦးသပိတ်

မတ် ၂၃ -၂၀၂၁ VOM မြစ်ကြီးနားအခြေစိုက် ကျောင်းသားသမဂ္ဂအင်အားစုနဲ့ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီကနေ့ မတ်လ ၂၃ ရက်မနက်ပိုင်းမှာ အရုဏ်ဦးသပိတ်ပြုလုပ်ကာ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မြစ်ကြီးနား #အရုဏ်ဦးသပိတ်

Read More

မန္တလေးက “ဒေါင်းစစ်သည်” သပိတ်စစ်ကြောင်း

မန္တလေး၊ မတ်- ၂၃- ၂၀၂၁ သတင်းဓာတ်ပုံ -(CJ) မန္တလေးမြို့မှာ ဒေါင်းစစ်သည်အမည်နဲ့ သပိတ်စစ် ကြောင်းတစ်ခု ဒီကနေ့မနက်အစောပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #MDY #Mandalay #ဒေါင်းစစ်သည် #ဆန္ဒပြ #မန္တလေး

Read More

ပဲခူးမှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရုဏ်ဦးသပိတ်ပြုလုပ်

မတ်၂၃ -၂၀၂၁ KLY(VOM) ပဲခူးမြို့နယ်မှာ ပစ်ခတ်ခံရလို့ လူသေဆုံးမှုတွေရှိနေပေမယ့် ဒီကနေ့မနက် ၅ နာရီခန့်မှာ အာဏာရှင်စနစ်အလိုမရှိကြောင်း အရုဏ်ဦးသပိတ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ ” အခုက အတားအဆီးလုပ်တာနဲ့ ပစ်ခတ်မှုတွေ ရှိလာတယ်။ မတ်လ၂၀ တုန်းကလည်း နှစ်ယောက်အသက်ဆုံးရှူံးခဲ့ရတော့ လူငယ်တွေက သပိတ်ကိုပုံစံ အမျိုးမျိုးလုပ်နေကြရတယ်”လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။ ပဲခူးမှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် အမျိုးသား၊အမျိုးသမီ ၁၂ ဦး သေဆုံးပြီး ၄၅ ယောက်ကျော်ကို တပ်နဲ့ရဲက ဖမ်းဆီးထားပေမယ့်လည်း ဆန္ဒဖော်ထုတ်တာတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ဓါတ်ပုံ – ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ #voiceofmyanmar #VOM #ပဲခူး #အရုဏ်ဦးသပိတ်

Read More

မန္တလေး စက်မှုဇုံ စုပေါင်းသပိတ်

မတ် ၂၃ -၂၀၂၁ မန္တလေးမြို့က စက်မှုဇုံစုပေါင်းသပိတ်စစ်ကြောင်းဟာ အတားအဆီးတွေရှိတဲ့ကြားက အောင်မြင်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး #စက်မှုဇုံသပိတ်

Read More

ကချင်သယံဇာတဝန်ကြီးအမှု တရားလိုရဲ့ မိတ္တူသက်သေခံကို ကန့်ကွက်ထား

မတ် ၂၃ -၂၀၂၁ VOM ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းရဲ့အမှုက တရားလိုတင်သွင်းထားတဲ့ မိတ္တူသက်သေခံကို ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ခရိုင်တရားရုံးရဲ့ အဆုံးအဖြတ်ယူဖို့ ကန့်ကွက်ထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက VOM ကို ပြောပါတယ်။ ဦးဒါရှီလဆိုင်းကို ရာဇာသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲထားရာမှာ တရားလိုဖြစ်သူ မြစ်ကြီးနားမြို့နယ် ဒုတိယမြို့နယ်မှူး ဦးမင်းရန်နိုင်ထွန်းဘက်က လူမှုကွန်ယက် Facebook စာမျက်မှာက ထုတ်ပြန်ချက်ကို မိတ္တူစာရွက် သက်သေခံပစ္စည်းအဖြစ် တင်သွင်းထားတာဖြစ်ပါတယ်။ ” Social Media ပေါ်ပြန့်နေတဲ့ စာကို အခြေခံပြီး တရားစွဲထားတာဖြစ်လို့ အဲ့ဒီစာရွက်မိတ္တူကို သက်သေခံအဖြစ် တရားရုံးမှာ တင်သွင်းတယ်၊ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးတော့ အဲ့ဒါကို တရားရုံးကနေ သက်သေခံအဖြစ်လက်ခံတဲ့အမိန့် ချမှတ်လိုက်တယ်။ အဲ့ဒီအမိန့်ကို ကျွန်တော်တို့က ကျေနပ်မှုမရှိတဲ့အတွက် နောက်ခရိုင်တရားရုံးကိုတက်တာပေါ့၊ သက်သေခံဥပဒေမှာ ဖော်ပြထားတဲ့အချက်အလက်တွေထဲမှာ အကျုံးဝင်မှသာလျှင် သက်သေအဖြစ်လက်ခံရမယ်လို့…

Read More

The Voice နဲ့ DVB အလွတ်သတင်းထောက် ဇနီးမောင်နှံ ဖမ်းဆီးခံရပြီး တစ်ပတ်ကြာချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေး

မတ် ၂၂-၂၀၂၁ KLY(VOM) ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့ညက နေအိမ်မီးကွင်းပစ်ခံရတဲ့ သတင်းသွားရောက်ယူဆောင်ရာမှ ဖမ်းဆီးကာ ပုဒ်မ ၄ ခုနဲ့ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ The Voice Daily သတင်းဌာနရဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်၊ အလွတ်သတင်း‌ထောက်နဲ့ ဇနီးဖြစ်သူ DVB သတင်းဌာန အလွတ်သတင်းထောက်တို့ ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သမီးဖြစ်သူကနေ သိရပါတယ်။ “အဖေက အခင်းဖြစ်ညက သတင်းယူဖို့ ထွက်သွားတာ ဖမ်းဆီးခံရတယ်ကြားချိန် မိသားစုလိုက်သွားတော့ အမေ့ကိုပါ ထပ်ဖမ်းတယ်။ သမီးတို့ ညီအမကိုတောင် ၁၈၈ နဲ့ဖမ်းကွာအော်တာ၊ စခန်းကရဲအရာရှိက တားဆီးခဲ့လို့လွတ်တာ။ အခုအဖေနဲ့အမေကို အင်းစိန်းထောင်မှာပို့ထားတယ်လို့ ကြားရပေမယ့် ခုထိတွေ့ခွင့်မရသေးဘူး” လို့ သမီးဖြစ်သူက ပြောပါတယ်။ အဲ့ဒီနေ့ ညက The Voice Daily သတင်းဌာနရဲ့ အလွတ်သတင်းထောက် ဦးမင်းမင်းအောင်ဟာ ဥက္ကံမြို့ ပြည်-ရန်ကုန်လမ်းပေါ်က အမျိုးသားတစ်ဦးပိုင်‌နေအိမ်ကို မီးကွင်းပစ်တယ်ဆိုတဲ့…

Read More
VOM News

FREE
VIEW