ကသာမြို့ အာဏာရှင်စနစ်ကျဆုံးရေး လှုပ်ရှားမှု ရေးဆွဲထားတဲ့ သင်္ကေတကို ဆေးမဲအသုံးပြု ဖျက်သွား

မတ် ၂၃ – ၂၀၂၁
SKT(VOM)

ကသာမြို့မှာ အာဏာရှင်စနစ်ကျဆုံးရေးအတွက် မိန်းလမ်းမကြီးအချို့မှာ ရေးဆွဲထားတဲ့ လက်သုံးချောင်းပုံသင်္ကေတကို မနေ့ မတ်လ(၂၂)ရက် ည(၁၁)နာရီခွဲခန့်က ဆေးမဲအသုံးပြုဖျက်သွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

လက်သုံးချောင်းပုံ သင်္ကေတနေရာကို ဆေးမဲ အသုံးပြု ဖျက်ထားပြီး ဘေးမှာရေးဆွဲထားတဲ့စာသားတွေကိုတော့ ဖျက်မသွားခဲ့ကြောင်း တွေ့ရပါတယ်။

ကသာမြို့မှာ အာဏာရှင်စနစ်ကျဆုံးရေအတွက် ပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ဆန္ဒဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။

အာဏာရှင်စနစ် အလိုမရှိရေဆွဲထားတဲ့ပုံရိပ်တွေ၊ သင်္ကေတတွေ၊ စာသားတွကိုလည်း ဆေးမဲအသုံးပြုပြီး ဖျက်တာရှိသလို လမ်းမပေါ်ကပ်ထားတဲ့ ဓါတ်ပုံတွေကိုလည်း ရေနဲ့ ပတ်ပြီး ပြန်ခွာနေတာတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW