လားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက်

မတ်လ ၂၃ – ၂၀၂၁ Shayi Violin(VOM) လားရှိုးမှာ ဆိုင်ကယ် သပိတ်စစ်ကြောင်း ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ လိုက်တိုက်တာ ခံရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။ သပိတ်စစ်ကြောင်းမှာပါ၀င်တဲ့ အမည်မဖော်လိုသူ တစ်ဦးက “သုံးထောင့်နားမှာ ရဲကားတွေက ရှေ့ကနေ ပြောင်းပြန် ပိတ်ထားတာ။ နောက်ကနေ Wish ကားက ဆိုင်ကယ်သပိတ်မှာ ပါဝင်တဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်စီးတဲ့ သူ ၂ ယောက်ကိုလည်း ဖမ်းမလို့။ ရပ်ကွက်ထဲ ပြေးသွားလို့ မမိဘူး။ အရပ်ဝတ်နဲ့ လူက သေနတ်ပါတယ်။ ဆိုင်ကယ်လည်း သူတို့ ယူသွားတယ်” လို့ ပြောပါတယ်။ ရဲနဲ့ စစ်တပ်က လိုက်လံ ပိတ်ဆို့ဖမ်းဆီးပြီး အသံဗုံး၊ မျက်ရည်ယိုဗုံးတို့နဲ့ ဖြိုခွင်းတာတွေကြောင့် ဆိုင်ကယ် အင်အား…

Read More

နိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်နေပေမယ့် မန္တလေးမြို့တော်သင်္ကြန်အတွက် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်

မန္တလေး၊ မတ်- ၂၃- ၂၀၂၁ (VOICE OF MYANMAR) မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေရှိနေသလို နီးကပ်လာတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် မန္တလေးမြို့ တော်စည်ပင်သာယာရုံးမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ရိုးရာသင်္ကြန် #ဆန္ဒပြ #ဗဟိုမဏ္ဍာပ်

Read More

လားရှိုးမြို့ တပ်အငြိမ်းစားနေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

မတ်လ ၂၃ -၂၀၂၁ Shayi Violin ၊ TG (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် (၁) ၊နယ်မြေအမှတ် (၉) ၊ လမ်းသွယ် (၉)မှာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က တပ်အငြိမ်းစားတစ်ဦးရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ယောက်က ” ညနေ ၃ နာရီလောက်က ၁ ကြိမ် အသံကြားတယ် ၊ နောက်ပြီး နာရီခြားလို့ ၄ နာရီလောက်မှာ ၁ ကြိမ်ထပ်ကြားရပြန်တယ် ရက်ကွက် ၁ ထဲက စစ်ပြန် အငြိမ်းစားအိမ်မှာဖြစ်တယ်လို့ ကြားရတယ်”လို့ ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်နဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ပေါက်ကွဲပြီးနောက် မိနစ်ပိုင်းအတွင်းမှာ ထိန်းချုပ်လိုက်ပြီး…

Read More

မန္တလေးမြို့ ၂၂လမ်း ထိုင်သပိတ်မှာ ဖမ်းဆီးခံခဲ့ရသူ ၃၀ကျော်ကို ပြန်လွှတ်ပေး

မတ် ၂၃ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနဲ့ ၈၆လမ်း ထိုင်သပိတ်မှာ ဖမ်းခံရတဲ့ လူ ၈၀ ကျော်ထဲကနေ ဒီနေ့ညနေပိုင်းမှာ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးက မိဘတွေရဲ့ခံဝန်နဲ့ ၃၆ ယောက်ကို ပြန်လွှတ်ပေးနေပါတယ်။ ဖမ်းဆီခံရတဲ့ထဲကနေ အသက်မပြည့်သူ၈ ဦးကို မတ်လ ၈ ရက်က လွှတ်ပေးပြီး မတ်လ ၁၂ ရက်ကလည်း ၂၆ ယောက်လွှတ်ပေးခဲ့ပါသေးတယ်။ ကျန်သူတွေကိုတော့ ဘာဆက်လုပ်မယ်မသိရသေးပါဘူး။ #voiceofmyanmar #VOM #မန္တလေးတိုင်းရဲတပ်ဖွဲ့

Read More

ဖမ်းဆီးခံရသူအားလုံးကို အင်းစိန်ထောင်တွင်း ယာယီတရားရုံးမှာပဲ အမှုစစ်ဆေးမယ်

ရန်ကုန်၊မတ် ၂၃ ၊၂၀၂၁ အေးချမ်းသူ ရန်ကုန်မြို့နယ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းရယူရင်းဖမ်းဆီးခံရတဲ့ သတင်းသမားတွေအပါအဝင် ဖမ်းဆီးခံရသူတွေအားလုံးကို မနက်ဖန် မတ် ၂၄ ရက်ကစပြီး အင်းစိန်ထောင်တွင်း ယာယီတရားရုံးတွေမှာပဲ စစ်ဆေးသွားမယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရသူတွေကို အခမဲ့အမှုလိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေဒေါ်နီလာခိုင်က “မနက်ဖြန်ကစပြီး ဖမ်းဆီးခံရသူတွေကို ထောင်တွင်းမှာ စစ်ဆေးမယ် ဒီနေ့ကျွန်မတို့ကိုတရားသူကြီးတွေက ခေါ်ပြောတယ်။ စစ်ခုံရုံးတော့မဟုတ်ဘူး။ ယာယီတရားရုံးပဲ၊ အပြင်ထုတ်ဖို့ မလွယ်လို့” လို့ VOMကို ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးမှာ အမှုစစ်ဆေးရာမှာ အမှုတစ်မှုကို ရှေ့နေတစ်ဦးသာ ဝင်ရောက်ရမှာဖြစ်ပြီး ခွင့်ပြုထားတဲ့ တရားသူကြီးလက်မှတ်လည်း ပါရှိမယ်လို့ ဆက်ပြောပါတယ်။ န.စ.အ ကောင်စီလက်ထက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို အမှုဖြစ်ပွါးရာမြို့နယ်တွေက တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့် မတ်လ၂၄ရက်နေ့မှစတင်ပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာသာ စစ်ဆေးဖို့ ဒီနေ့ မတ် ၂၃ ရက်မှာ…

Read More

သင်းကန်သစ်တောစခန်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သက်သေခံပစ္စည်းတွေ လုယက်ခံရ

မတ် ၂၃ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ -ယာကြီး -ကလေးဝ ကားလမ်းရှိ သင်ကန်သစ်တောစခန်းက အမှုနဲ့သိမ်းဆည်းထားတဲ့ ကား ၊ ဆိုင်ကယ် နဲ့ သစ်တွေကို မနေ့ မတ် ၂၂ ရက် ည ၁၀ ဝန်းကျင်မှာ လုယက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ သစ်တောဝန်ထမ်း တစ်​ယောက်က ” လူ ၁ ရာလောက်က စခန်းကို လာဝိုင်းတယ် ၊အမှုနဲ့ ဖမ်းထားတဲ့ ကင်တာကား ၂ စီး အပါအဝင် ဆိုင်ကယ်တွေနဲ့ သစ်တွေကိုပါ ယူသွားကြတယ်. ” လို့ ပြောပါတယ် ။ ဒါ့အပြင် သစ်တောစခန်း ပျက်စီးဆုံးရှုံးမှုနဲ့ လုယက်ယူသွားတဲ့ ပစ္စည်းအရေအတွက်စာရင်းကို ဒီကနေ့…

Read More

ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ကလိုက်လံတားဆီးလို့ အေးချမ်းစွာလူစုခွဲ

ဖားကန့်၊မတ်လ-၂၃၊ရက်-၂၀၂၁ နောင်ရိုး ဖားကန့်မြို့၊မော်ဝမ်းမှာ ဒီနေ့မတ်လ ၂၃ရက်ကလုပ်တဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့တာကြောင့် ဆန္ဒပြသူတွေက ခေတ္တလူစုခွဲခဲ့ပြီးနောက်၊ထပ်လူပြန်စုကာ ဆန္ဒဖော်ထုတ်ကြွေးကြော်ခဲ့ပြီး လူစုခွဲခဲ့ပါတယ်။ အလားတူ ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်း၊ဆိပ်မူသပိတ်စစ်ကြောင်းကတော့ ကျေးရွာရပ်ကွက်တွေမှာဘဲ ဆန္ဒဖော်ထုတ်နေတယ်လို့ သိရပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ နေ့စဥ်ဆန္ဒဖော်ထုတ်နေရာ၊ ဖားကန့်မြို့ထဲကို ဝင်မလာစေဖို့ ရဲတပ်ဖွဲ့က နေရာအနှံ့ လမ်းတွေကို လိုက်လံပိတ်ဆို့ တားဆီးထားတာကို တွေ့ရပါတယ်။ #voiceofmyanmar #vom #ဖားကန့်

Read More

ကသာမြို့ အာဏာရှင်စနစ်ကျဆုံးရေး လှုပ်ရှားမှု ရေးဆွဲထားတဲ့ သင်္ကေတကို ဆေးမဲအသုံးပြု ဖျက်သွား

မတ် ၂၃ – ၂၀၂၁ SKT(VOM) ကသာမြို့မှာ အာဏာရှင်စနစ်ကျဆုံးရေးအတွက် မိန်းလမ်းမကြီးအချို့မှာ ရေးဆွဲထားတဲ့ လက်သုံးချောင်းပုံသင်္ကေတကို မနေ့ မတ်လ(၂၂)ရက် ည(၁၁)နာရီခွဲခန့်က ဆေးမဲအသုံးပြုဖျက်သွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ လက်သုံးချောင်းပုံ သင်္ကေတနေရာကို ဆေးမဲ အသုံးပြု ဖျက်ထားပြီး ဘေးမှာရေးဆွဲထားတဲ့စာသားတွေကိုတော့ ဖျက်မသွားခဲ့ကြောင်း တွေ့ရပါတယ်။ ကသာမြို့မှာ အာဏာရှင်စနစ်ကျဆုံးရေအတွက် ပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ဆန္ဒဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် အလိုမရှိရေဆွဲထားတဲ့ပုံရိပ်တွေ၊ သင်္ကေတတွေ၊ စာသားတွကိုလည်း ဆေးမဲအသုံးပြုပြီး ဖျက်တာရှိသလို လမ်းမပေါ်ကပ်ထားတဲ့ ဓါတ်ပုံတွေကိုလည်း ရေနဲ့ ပတ်ပြီး ပြန်ခွာနေတာတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကသာ

Read More

သင်္ဃန်းကျွန်းမြို့နယ်က အရုဏ်ဦးသပိတ်

မတ် ၂၃ -၂၀၂၁ YPPT(VOM) ရန်ကုန်မြို့၊ သင်္ဃကျွန်းမြို့နယ်က ရပ်ကွက်တိုင်းမှာ ဒီကနေ့မနက်အစောပိုင်း အရုဏ်ဦးသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #သင်္ဃကျွန်း #အရုဏ်ဦးသပိတ်

Read More
VOM News

FREE
VIEW