လားရှိုးမြို့ တပ်အငြိမ်းစားနေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

မတ်လ ၂၃ -၂၀၂၁
Shayi Violin ၊ TG (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် (၁) ၊နယ်မြေအမှတ် (၉) ၊ လမ်းသွယ် (၉)မှာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က တပ်အငြိမ်းစားတစ်ဦးရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ယောက်က ” ညနေ ၃ နာရီလောက်က ၁ ကြိမ် အသံကြားတယ် ၊ နောက်ပြီး နာရီခြားလို့ ၄ နာရီလောက်မှာ ၁ ကြိမ်ထပ်ကြားရပြန်တယ် ရက်ကွက် ၁ ထဲက စစ်ပြန် အငြိမ်းစားအိမ်မှာဖြစ်တယ်လို့ ကြားရတယ်”လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်နဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ပေါက်ကွဲပြီးနောက် မိနစ်ပိုင်းအတွင်းမှာ ထိန်းချုပ်လိုက်ပြီး ပေါက်ကွဲမှု စတင်ဖြစ်ပွားရတဲ့ အခြေအနေကို စုံစမ်းစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

” ရပ်ကွက် ၁ ၊ နားမခေါ်၊ နတ်ရေကန်လမ်းသွယ် ၉က တပ်အငြိမ်းစားတစ်ဦးရဲ့ နေအိမ်ကို ဗုံး၂ လုံးပစ်ခွဲခံရတယ်၊ ပေါက်ကွဲမှုကြောင့် မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာတာ ရှိတယ်”လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးမှု အခြေအနေ သိရှိနိုင်ဖို့ ခရိုင်ရဲတပ်ဖွဲ့ကို VOM ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် သီးခြားအတည်ပြုချက် မရှိသေးပါဘူး။

လားရှိုးမြို့၊ ရပ်ကွက် ၄ ရှိ ရဲရိပ်သာမှာလည်း မနေ့ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #လားရှိုး #တပ်အငြိမ်းစားနေအိမ် #ဗုံးပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW