မန္တလေးမြို့ ၂၂လမ်း ထိုင်သပိတ်မှာ ဖမ်းဆီးခံခဲ့ရသူ ၃၀ကျော်ကို ပြန်လွှတ်ပေး

မတ် ၂၃ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနဲ့ ၈၆လမ်း ထိုင်သပိတ်မှာ ဖမ်းခံရတဲ့ လူ ၈၀ ကျော်ထဲကနေ ဒီနေ့ညနေပိုင်းမှာ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးက မိဘတွေရဲ့ခံဝန်နဲ့ ၃၆ ယောက်ကို ပြန်လွှတ်ပေးနေပါတယ်။

ဖမ်းဆီခံရတဲ့ထဲကနေ အသက်မပြည့်သူ၈ ဦးကို မတ်လ ၈ ရက်က လွှတ်ပေးပြီး မတ်လ ၁၂ ရက်ကလည်း ၂၆ ယောက်လွှတ်ပေးခဲ့ပါသေးတယ်။ ကျန်သူတွေကိုတော့ ဘာဆက်လုပ်မယ်မသိရသေးပါဘူး။

#voiceofmyanmar #VOM #မန္တလေးတိုင်းရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW