မိုးကုတ်မှာ ပစ်ခတ်ခဲ့ရလို့ သေဆုံးသူကို ဗမွန်သုဿန်မှာ သင်္ဂြိုလ်

မတ် ၂၀ ၂၀၂၁ ကိုတိုးကြီး (VOM) မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးတောင်နီကွေ့မှာ မနေ့ မတ် ၁၉ ရက်ည က ရပ်ကွက်ကင်းစောင့်နေစဉ် လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့တဲ့ ကိုနိုင်လင်းအောင် အသက် (၃၀) နှစ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ် ၂၀ ရက် နေ့ခင်း ၁၂ နာရီက ဗမွန် သုဿန်ကို ပို့ဆောင်သဂြိုလ်ခဲ့ပါတယ်။ ဓာတ်ပုံ ကိုဖိုးလပြည့် မြတ်စေတနာမွန် လူမှုကူညီရေး #voiceofmyanmar #VOM #မိုးကုတ်

Read More

ရဲကင်းစခန်းထဲက သေနတ်နဲ့ ကျည်ဆံတွေပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး ရွာသား ၈ ဦး ဖမ်းဆီးခံထားရ

မတ် ၂၀-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာနယ်မြေရဲကင်းစခန်းရဲ့ လက်နက်တိုက်ထဲက သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ ပျောက်ဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံရွာသား ၈ ယောက်ကို ရဲတပ်ဖွဲ့က မနေ့ မတ် ၁၉ရက် ညပိုင်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာနေ ဒေသခံ ပြည်သူတစ်ယောက်က “ခံသာရဲကင်းစခန်းက သေနတ်နဲ့ ကျည်ဆံတွေ ပျောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဖမ်းခံထားရသူ ၈ ယောက်ရှိတယ်။ သိရသလောက်ကတော့ ကိုဖြိုးမောင်မောင်၊ ကိုကျော်လုံး၊ ကိုကျော်လွင်၊ ကိုမြတ်သိန်းထွန်း၊ ကိုသန်းမြင့်လွင်၊ ကိုတင်မောင်ဆွေ၊ ကိုထွန်းနိုင်ဝင်း၊ ကိုစိုးလွင်တို့ဖြစ်တယ် “လို့ VOM ကို ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးက ” ၁၆ ရက်နေ့ နေ့ခင်း…

Read More

ရဲတပ်ဖွဲ့နှင့် စစ်တပ်ရဲ့ လိုက်လံတားဆီးမှုကြားက သီပေါ ပြောက်ကျားသပိတ်

မတ်လ ၂၀- ၂၀၂၁ Shayi Violin(VOM) ဒီနေ့ မတ် ၂၀ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ရဲတပ်ဖွဲ့နှင့် စစ်တပ်တွေက သပိတ်စစ်ကြောင်းကို လိုက်လံတားဆီးတာ ရှိပေမယ့် ပြည်သူတွေက ပြောက်ကျားသပိတ်ပုံစံပြောင်းပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ “လာရင်ပြေး၊ ပြန်စု၊ ပြန်ကြွေးကြော် ပြောက်ကျားစနစ်နဲ့လုပ်တာ။ အရင်ရက်တွေမှာတော့ ဖြိုခွင်းခံခဲ့ရတာတွေရှိတယ်”ဆန္ဒပြရာမှာ ပါဝင်သူတဦးက ဆိုပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလဆန်းကစလို့ သီပေါမှာ လမ်းလျှောက်သပိတ်၊ လူမဲ့သပိတ်၊ ရေနစ်သပိတ် စတဲ့ပုံစံမျိုးစုံနဲ့ ဆန္ဒပြခဲ့တာ ဒီနေ့နဲ့ဆို ၄၁ ရက်ရှိပြီလို့ သိရပါတယ်။ Photo: SNNO #VoiceOfMyanmar #VOM #သီပေါ #ပြောက်ကျားသပိတ်

Read More

ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး လက်နက်တွေ ပျောက်နေတဲ့ကိစ္စ ဒေသခံ ရွာသား ၆ ယောက်ကို ဖမ်းဆီးထား

မတ် ၂၀-၂၀၂၁ Voice Of Myanmar မတ်လ ၁၈ရက်နေ့မှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ယောက်သေဆုံးပြီး သေနတ်တွေ ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာက ဒေသခံ ရွာသား ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ တည်တောကျေးရွာနေ ဒေသခံတစ်ယောက်က “ရွာက ဘုန်းကြီးကျောင်းမှာ လုံခြုံရေးတွေ ရှိတယ်။ ရွာက ဖမ်းခံထားရသူ ၆ ယောက်ရှိတယ်။ ဦးငွေပို ၊ ကိုညီညီထွန်း ၊ ကိုအောင်မြိုင် ၊ ဦးကျော်ရွှေ ၊ ကိုသန်းထွန်းအောင်၊ ကိုညီညီဦးတို့ ဖြစ်တယ် “လို့ ပြောပါတယ်။ အဲ့ဒီနေ့ညနေပိုင်းက မူးကမ်းကြီး ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ မူးကမ်းကြီးကနေ…

Read More

မိုးကုတ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားလို့ ၁ ဦး သေ ၊ ၂ ဦး ဒဏ်ရာရ

မတ် ၂၀-၂၀၂၁ Voice Of Myanmar မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးတောင်နီကွေ့အနီးမှာ မနေ့ မတ် ၁၉ ရက် ည ၁၁ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရပ်ကွက်ကင်းစောင့်နေတဲ့ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံ တွေဆီက သိရပါတယ်။ သေဆုံးသူဟာ လယ်ဦးရပ်ကွက်၊ မိုးကုတ်မြို့မှာ နေထိုင်တဲ့ အသက် ၃၀ နှစ်ရှိ နိုင်လင်းအောင်ဆိုသူ ဖြစ်ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို သွားရောက် ကယ်ဆယ်ကူညီပေးခဲ့သူ စေတနာ့ ဝန်ထမ်း တစ်ယောက်က ” ပစ်ခတ်မှုမှာ သေဆုံးတာနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ အသင်းက သိရလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းကား ၂ စီး ၊ မြတ်စေတနာ လူမှုကူညီရေး…

Read More

မြဝတီမြို့ဇရပ်ဖြူကုန်းကျေးရွာမှာ လက်နက်ကိုင်အချို့ဝင်ပစ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်သူ့စစ်တစ်ဦး သေဆုံး

မတ်၂၀-၂၀၂၁ KLY(VOM) ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်မြဝတီမြို့ ဇရပ်ဖြူကုန်းကျေးရွာဓမ္မာ ရုံမှာ မနေ့ မတ်၁၉ရက် ည ၈ နာရီကျော်လောက်က အမည်မသိလက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် ကျေးရွာ တာဝန်ခံရွေးချယ်ပွဲတက်ရောက်လာကြတဲ့ အုပ်ချုပ်ရေးမှုးသစ်နှစ်ဦးနဲ့ပြည်သူ့စစ် တစ်ဦးသေဆုံးခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။ “ပစ်ခတ်တဲ့အဖွဲ့ကတော့ စုံစမ်းဆဲပါပဲ။ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး သေ ဆုံး ပြီး ပြည်သူ့စစ်ကလည်း ဆေးရုံမှာဆုံးသွားပြီ။ သုံးဦးသေ နှစ်ဦးဒဏ်ရာရတယ်ပြောရမှာပါ “လို့ သင်္ကန်းကျွန်းညီနောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေဆုံးသူတွေက ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၊ မဲ့ပလဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနဲ့ပြည်သူ့စစ်အဖွဲ့က ဦးကျော်လင်းဦးတို့ဖြစ်ပြီး ရပ်မိရပ်ဖနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #မြဝတီ #ဇရပ်ဖြူကုန်းရွာ #ပစ်ခတ် #အုပ်ချုပ်ရေးမှူး #သေဆုံး

Read More

မန္တလေးက “ဒေါင်းစစ်သည်” သပိတ်စစ်ကြောင်း

မန္တလေး၊ မတ် ၂၀ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဒေါင်းစစ်သည်အမည်နဲ့ သပိတ်စစ် ကြောင်းတစ်ခု ဒီကနေ့မနက်အစောပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #MDY #Mandalay #ဒေါင်းစစ်သည် #ဆန္ဒပြ #မန္တလေး

Read More

ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ CDM သစ်တောဝန်ထမ်းရဲ့ စျာပန အလုံ သုဿန်မှာ ပြုလုပ်

မတ် ၁၉ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမုန်တိုင်းရပ်ကွက်မှာနေတဲ့ သစ်တောရေးရာဌာန တောခေါင်း ကိုထွန်းထက်အောင် (ခ) ကိုဖိုးသဲဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြခဲ့ပြီး မတ် ၁၅ ရက်က ရိုက်နှက်ဖမ်းဆီးခံရပါတယ်။ အဲ့ဒီနောက် ၁၆ ရက်မှာ ဆေးကုသဖို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ မနေ့ ၁၈ ရက် မနက်အစောပိုင်းက ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကိုထွန်းထက်အောင် (ခ) ကိုဖိုးသဲရဲ့ စျာပနကို ဒီကနေ့ ညနေ ၃ နာရီက အလုံ သုဿန်မှာ သင်္ဂြိုဟ်လ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မုံရွာ #CDMသစ်တော၀န်ထမ်း #စျာပန

Read More

ဈေးချိုအပါအဝင် မန္တလေးက ပိတ်ထားတဲ့ဈေးကြီးတွေ ပြန်ဖွင့်မယ်

မတ် ၁၉-၂၀၂၁ Voice Of Myanmar မန္တလေးမြို့က ဈေးချို၊ ဒိုင်းမွန်းပလာဇာ၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးတို့ကို လာမယ့် မတ်လ ၂၁ရက်ကစပြီး မနက်၈နာရီခွဲကနေ ညနေ ၄နာရီထိ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ အဲ့ဒီဈေးတွေကို မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းစတင်တဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ဒုတိယအပတ်ကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဈေးပြန်ဖွင့်

Read More

မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ်ကြောင်း

မန္တလေး၊ မတ်-၁၉-၂၀၂၁ မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More
VOM News

FREE
VIEW