အိန္ဒိယနယ်စပ်ကို တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသား ၂၉၇ ဦးကို ခိုလှုံဖို့ အတည်ပြု

မတ် ၊ ၁၆ ၊ ၂၀၂၁ ကိုတိုးကြီး(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစလို့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈၃ ယောက်အနက် ၂၉၇ ဦးကို လူသားချင်းစာနာစွာ ခိုလှုံနေထိုင်ခွင့်ရရှိဖို့ ပြည်နယ်ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့က အတည်ပြုခဲ့ပြီး ကျန် ၈၆ ဦးမှာ အတည်ပြုမှု မရရှိသေးဘူးလို့ Lalramnghaka ကျေးရွာကောင်စီ ဉက္ကဌကနေ သိရပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှု ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ရဲနဲ့ စစ်တပ်ပါဝင်တဲ့ လုံခြုံရေးအဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းပြီးနောက် အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ မြန်မာနိုင်ငံသား ၃၈၃ ယောက်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈၃ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင်နဲ့…

Read More

CDM လုပ်ခဲ့တဲ့ ကနီမြို့နယ်အုပ်ချုပ်ရေးမှူးကို ရာထူးကနေ ထုတ်ပယ်

မတ် ၁၆ -၂၀၂၁ KLY(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကတည်းက CDM ပြုလုပ်ခဲ့တဲ့ စစ်ကိုင်း‌တိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အုပ်ချုပ်ရေးမှူးကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်‌ကြောင်း အသိပေအကြောင်းကြားခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူကနေ သိရပါတယ်။ ” ပြီးခဲ့တဲ့လ၂၇ ရက်နေ့က ရာထူးက ယာယီရပ်စဲခံရတယ်။ မတ်လ ၁ ရက်နေ့ကစပြီး စုံခုံစစ်ဆေးမှုခံယူခဲ့တာဖြစ်ပြီး ဒီကနေ့တော့ ရာထူးက ထုတ်ပယ်ကြောင်း ဖုန်းနဲ့အသိပေး အကြောင်းကြားခံခဲ့ရပါပြီ”လို့ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ဦးချစ်မင်းထွဋ်က ပြောပါတယ်။ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးဦးချစ်မင်းထွဋ်ဟာ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၂၅ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ စတင်အမှုထမ်းခဲ့ပြီး ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လက်ထောက်ညွန်ကြားရေးမှုးအဖြစ်တာဝန်ထမ်းနေရာကနေ တပ်မတော်က နစက ကောင်စီဖွဲ့စည်းပြီးရက်ပိုင်းအတွင်းမှာပဲ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဝန်ထမ်းကာလတလျှောက် အတတ်နိုင်ဆုံး သင်ခန်းစာယူပြီး…

Read More

ဒဂုံဆိပ်ကမ်းမှာ သေနတ်မှန်ပြီး ​သေဆုံးခဲ့တဲ့ လူငယ်သုံးဦး ရဲ့ ရုပ်အလောင်းပြန်ရ

ရန်ကုန်၊မတ် ၁၆ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မနေ့ မတ်လ(၁၅)ရက် မနက်အစောပိုင်းက ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ဖြစ်စဥ်မှာ ဒဏ်ရာရသေဆုံးခဲ့တဲ့ လူငယ်သုံးဦးရဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်းဆေးရုံကနေ ပြန်လည်ရရှိ​ခဲ့တယ်လို့ ယုဇနXYZ integration အဖွဲ့ကနေ သိရပါတယ်။ “အဲ့ဒီ၃ဦးက ကျည်ထိမှန်ချိန်မှာ သေဆုံးခဲ့တာမဟုတ်ဘဲ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မှ သင်္ဃန်းကျွန်းဆေးရုံမှာ သေဆုံးခန္ဒာကိုယ်တွေ့ရှိခဲ့တာဖြစ်တယ်”လို့ ယုဇန XYZ integration အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေကတော့ မောင်ခန့်အောင်ဖြိုး ၁၈နှစ်၊ မောင်နန္ဒဖြိုးအောင် အသက်၂၁နှစ်၊မောင်အောင်ဖြိုးထက်တို့ပဲ ဖြစ်ပြီး မနက်ဖြန် နေ့လယ်၂နာရီအချိန် ကျီစုသုဿာန်မှာ မီးသဂြိုလ်မှာဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ယုဇနဥယျာဥ်မြို့တော် ပုဏ္ဏမီမှတ်တိုင်အနီးမှာ ဆန္ဒပြသူကိုဖြိုခွင်းခဲ့ရာမှာတော့ သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိ​ခဲ့တယ်လို့လည်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကို မတ်လ(၁၅)ရက်က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဒဂုံဆိပ်ကမ်း #သေဆုံးသူသုံးဦး #ရုပ်အလောင်းပြန်ရ

Read More

ကောလင်းမြို့မရဲစခန်းရှေ့မှာ ပစ်ခတ်မှုဖြစ်လို့ လူ ၁ ဦး သေဆုံး

မတ် ၊ ၁၆ ၊ ၂၀၂၁ TG(VOM) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ၊ မြို့မရဲစခန်းရှေ့မှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဆန္ဒပြ လူအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြား ပဋိပက္ခဖြစ်ပွားလို့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူ ၁ ဦး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ သေနတ်ထိမှန် သေဆုံးသူကတော့ ကောလင်းမြို့နယ်၊ မင်းကုန်းကျေးရွာက ကိုကျော်မင်းထွန်း ဖြစ်ပြီး အဲ့ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကောလင်း #လူတစ်ဦးသေနတ်မှန် #သေဆုံး

Read More

ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့သူတွေ စာရင်း

မတ် ၁၆ -၂၀၂၁ ဖေဖော်ဝါရီ ၈ရက်ကနေ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူတွေစာရင်းကို VOM က စုဆောင်းထားတာ ၁၂၈ ဦး ရှိပြီဖြစ်ပါတယ်။ အခုစာရင်းဟာ VOM က အတည်ပြုလို့ ရသလောက်သာ ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားဖွယ်ရှိပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် သေဆုံးသူတွေကို ထပ်မံသိရှိရင် နာမည်၊ လိပ်စာ၊ အသက်၊ ဘယ်ဖြစ်စဉ်မှာ သေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေနဲ့တကွ VOM ကို ပေးပို့နိုင်ပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြပွဲ #သေဆုံးစာရင်း

Read More

မကွေးတိုင်း အောင်လံမှာ မတ်လ ၁၅ ရက်က ၂ဦးသေဆုံးခဲ့

အောင်လံ-မတ်၁၆-၂၀၂၁ TG(VOM) မနေ့ မတ်လ ၁၅ ရက်က အောင်လံမြို့ ပစ်ခတ်ဖြိုခွဲမှုမှာ သေဆုံး ၂ ဦးအပြင် ဒဏ်ရာရရှိခဲ့သူ ၆ဦး ရှိခဲ့ပြီး အဲ့ဒီ ထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ပြည်မြို့ကုတင်၅၀၀ ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးတဲ့ အမျိုးသား ၂ ဦးကတော့ ကိုကျော်ခင် အသက် ၃၅ နှစ်၊ကိုမင်းမင်းဌေး (ခ)နန်းကို အသက် ၂၁ နှစ်တို့ဖြစ်တယ်လို့ ပြောပါတယ်။ #voiceofmyanmar #VOM #အောင်လံ

Read More

မန္တလေးကဆန္ဒပြပွဲမှာ ကျည်ဆံမှန် ကျဆုံးခဲ့တဲ့ ကိုမြမွှေး ရဲ့ နာရေး အခမ်းအနား

မန္တလေး၊ မတ်- ၁၆- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၅၃ လမ်း ခိုင်ရွှေဝါလမ်းဒေါင့်မှာ မတ်လ ၁၅ ရက်နေ့က ဆန္ဒပြသူတွေကို စစ် တပ်က ဖြိုခွင်းရာမှာ ခန္ဓာကိုယ်ကို ကျည်ဆံ ထိုးချင်းပေါက်ဝင်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ကိုမြမွှေးရဲ့ ရုပ်အ လောင်းကို ကြာနီကန် သုဿာန်ကို မီးသင်္ဂြိုဟ်ဖို့ ပို့ဆောင်နေပြီလို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ကိုမြမွှေး #သေနတ်မှန်လို့သေဆုံး

Read More

CDM လုပ်တဲ့ ကြံခင်းက ရဲညီအစ်ကိုနှစ်ဦး ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခံရ

မတ် ၁၆-၂၀၂၁ KA စစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုပြီး လူမှုကွန်ယက်မှာတင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကြံခင်းမြို့က ရဲတပ်ဖွဲ့၀င်ညီအစ်ကို ၂ ဦးကို ထောင်ဒဏ်တစ်နှစ်စီ ချလိုက်တယ်လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောပါတယ်။ “အသိရဲတစ်ယောက်က ဖုန်းဆက်ပြောတာပါ။ ရဲစည်းကမ်းဥပဒေနဲ့ ထောင်တစ်နှစ်ဆီချပြီး မနေ့ကပုသိမ်ထောင်ကို ပို့လိုက်ပြီလို့ ပြောပါတယ်။ ကြံခင်းမြို့မစခန်းကိုလှမ်းမေးတော့ စခန်းမှုးကအတည်ပြုပါတယ်”လို့ သူကပြောပါတယ်။ အဲ့ဒီ ရဲညီအကိုနှစ်ဦးကို ဖေဖော်ဝါရီ ၃ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ခုချိန်ထိ မိသားစု၀င်တွေနဲ့ တွေ့ခွင့်မရသေးတာဖြစ်ပါတယ်။ သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ရခိုင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ နိုင်ငံတော်က ဒုတပ်ကြပ်ရာထူး ချီးမြှင့်ခံခဲ့ရသူတွေလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ကြံခင်း #ရဲညီအကို #ထောင်ကျ #CDM

Read More

ဆန္ဒပြလာတဲ့ကားကို သေနတ်နဲ့ပစ်ခတ်တားဆီးခဲ့လို့ ၁ ဦး သေဆုံးပြီး၂၀ ဖမ်းခံရ

မုံရွာ-မတ် ၁၆ ၊ ၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ ရွာတုံကျေးရွာအနီး ကျောက္ကာလမ်းမကြီးပေါ်မှာ မနေ့ မတ် ၁၅ ရက် ၁၂ နာရီက ဆန္ဒပြလာတဲ့ ကားတစ်စီးကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့ရပြီး လူ ၂၀ ဦး ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကသိရပါတယ်။ အရာတော်မြို့နယ် ဝါးတန်ကျေးရွာအုပ်စုက ပြည်သူတွေဟာ မုံရွာမြို့ ရွှေဇလုတ်ရပ်ကွက် ကျောက္ကာလမ်း ဆွမ်းအုပ်အဂိုင်းမှာ လာရောက်စုဝေး ဆန္ဒပြအပြီး အပြန် လမ်းမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်း ဖမ်းဆီးခြင်းကို ခံရတာဖြစ်ပါတယ်။ ကိုယ်တိုင်ခံရသူ တစ်ယောက်က ” ဒါဘယ်ကပ် ရဲကားက နောက်ကလိုက်လာပြီး ကားရှေ့ခန်းကို ပစ်တာဖြစ်တယ် “လို့ ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် ဆန္ဒပြလာတဲ့ ကားမောင်းသူ ကိုဖိုးဇော်…

Read More

မတ် ၁၅ ရက်နေ့မြင်းခြံသပိတ်မှာ အမျိုးသမီးတစ်ဦး အပါအဝင် ၆ ဦးကျဆုံး

မြင်းခြံ-မတ် ၁၆-၂၀၂၁ VOM(TG) မတ်လ ၁၅ ရက်နေ့ မြင်းခြံမြို့ သပိတ်ဖြိုခွဲခံရမှုမှာ လူ ၆ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ၄ ဦးကတော့အကြမ်းဖက်ဖြိုခွဲမှုမှာပဲ ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ၊ ၂ ဦးကတော့ ဖမ်းဆီးခံရပြီးနောက်မှ သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ၂ ယောက်ကို ညဘက်မှာ သူတိူ့အလောင်းလာပို့လို့ မြင်းခြံက ပစ်ခတ်မှုအပြီး ၆ ယောက်သေဆုံးတယ်။ ညကအလောင်းလာပို့တဲ့ ၂ ယောက်ဆိုရင်ဒါဏ်ရာအပြင်းအထန်ရပြီး သူတို့က အချုပ်ကားပေါ်စွဲတင်သွားတာ။ ညဘက်ရောက်တော့ သူတို့ အလောင်းပြန်ပို့တယ်။ စပစ်တာက မနက်ခင်း ၉ နာရီကျော်လောက်က စပစ်တယ်။ ၁၁ လောက်မှာခဏနားတယ်။ပြီးတော့ နောက်တစ်နေရာရွှေမြှင်ဘုရားနားမှာထပ်ပစ်တယ်။လူနာတင်ကားကိုလည်း တခုခုလှုပ်တာနဲ့ပစ်မယ်ဆိုတာတွေလုပ်တယ်။”လို့ မြင်းခြံဒေသခံဆန္ဒပြရာမှာပါသူတစ်ဦးက ပြောပါတယ် ။ သေဆုံးသူ ၆ ဦးထဲမှာ အမျိုးသမီးလူငယ်တစ်ဦးနဲ့ အမျိုးသား ၅ ဦးပါဝင်ပြီး နာမည်တွေကတော့ပန်းမြတ်ခြယ်(ခ)ဆိုမိုင်ယာဘီဘီ ၊ဦးလှစိုး၊အောင်ကျော်ဇော၊…

Read More
VOM News

FREE
VIEW