ကောလင်းမြို့မရဲစခန်းရှေ့မှာ ပစ်ခတ်မှုဖြစ်လို့ လူ ၁ ဦး သေဆုံး

မတ် ၊ ၁၆ ၊ ၂၀၂၁
TG(VOM)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ၊ မြို့မရဲစခန်းရှေ့မှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဆန္ဒပြ လူအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြား ပဋိပက္ခဖြစ်ပွားလို့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူ ၁ ဦး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

သေနတ်ထိမှန် သေဆုံးသူကတော့ ကောလင်းမြို့နယ်၊ မင်းကုန်းကျေးရွာက ကိုကျော်မင်းထွန်း ဖြစ်ပြီး အဲ့ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း #လူတစ်ဦးသေနတ်မှန် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW