CDM လုပ်ခဲ့တဲ့ ကနီမြို့နယ်အုပ်ချုပ်ရေးမှူးကို ရာထူးကနေ ထုတ်ပယ်

မတ် ၁၆ -၂၀၂၁
KLY(VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကတည်းက CDM ပြုလုပ်ခဲ့တဲ့ စစ်ကိုင်း‌တိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အုပ်ချုပ်ရေးမှူးကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်‌ကြောင်း အသိပေအကြောင်းကြားခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူကနေ သိရပါတယ်။

” ပြီးခဲ့တဲ့လ၂၇ ရက်နေ့က ရာထူးက ယာယီရပ်စဲခံရတယ်။ မတ်လ ၁ ရက်နေ့ကစပြီး စုံခုံစစ်ဆေးမှုခံယူခဲ့တာဖြစ်ပြီး ဒီကနေ့တော့ ရာထူးက ထုတ်ပယ်ကြောင်း
ဖုန်းနဲ့အသိပေး အကြောင်းကြားခံခဲ့ရပါပြီ”လို့ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ဦးချစ်မင်းထွဋ်က ပြောပါတယ်။

ကနီမြို့နယ် အုပ်ချုပ်ရေးမှူးဦးချစ်မင်းထွဋ်ဟာ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၂၅ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ စတင်အမှုထမ်းခဲ့ပြီး ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လက်ထောက်ညွန်ကြားရေးမှုးအဖြစ်တာဝန်ထမ်းနေရာကနေ တပ်မတော်က နစက ကောင်စီဖွဲ့စည်းပြီးရက်ပိုင်းအတွင်းမှာပဲ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဝန်ထမ်းကာလတလျှောက် အတတ်နိုင်ဆုံး သင်ခန်းစာယူပြီး ကိုယ့်အထက်အရာရှိ၊ လက်အောက်ဝန်ထမ်းအားလုံးနဲ့ ပြည်သူလူထုအပေါ် ကိုယ်စွမ်းရှိသမျှ စေတနာထားဆောင်ရွက်ပေးခဲ့လို့ လိပ်ပြာသန့်သန့်နဲ့ သူမြတ်နိုးတဲ့ ဝန်ထမ်းဘဝကိုထုတ်ပယ်တယ်ဆိုတဲ့အမိန့်နဲ့ထွက်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #ကနီ #CDMမြို့နယ်အုပ်ချုပ်ရေးမှူး #ရာထူးကထုတ်ပယ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW