မန္တလေးမြို့မှာ ကျည်ဆန်ထိမှန်လို့ အမျိုးသားတစ်ဦး ထပ်မံသေဆုံး

မတ် ၅ -၂၀၂၁ Voice Of Myanmar ဒီနေ့ မတ်လ-၅ ရက်နေ့က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၉လမ်းနဲ့ ၁၁၄-၁၁၉လမ်းကြားမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ထွန်တုံးရပ်မှာနေတဲ့ အသက် ၂၀ ကျော်အရွယ် ကိုဇော်မျိုးဟာ လည်ပင်းကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဓါတ်ပုံ-ညီမိုးလတ် #voiceofmyanmar #vom #မန္တလေး#ထွန်တုံးရပ်

Read More

စစ်တပ်နဲ့ ရဲတွေက အိမ်တွေထဲအထိ ဝင်ရောက် ဖျက်ဆီးပြီး ဖမ်းဆီးသွား

မန္တလေး၊ မတ်- ၅- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၃၅ လမ်းမကြီး တလျှောက်နဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားရင်း အိမ်တွေထဲအထိ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူလူထုတွေက ပြောပါတယ်။ လက်ရှိမှာ အိမ်တွေထဲက ပစ္စည်းအချို့ယူဆောင်သွားခံရပြီး ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေပါ ရှိနေတယ်လို့ ရပ်ကွက်နေ ပြည်သူလူထုက ပြောပါတယ်။ #VOM #voiceofmyanmar #Mandalay #ပစ်ခတ်ဖမ်းဆီး

Read More

မြောက်ဥက္ကလာကုန်းကျော်တံတားအနီး မတ်လ၂ ရက်နေ့က ကျဆုံးခဲ့တဲ့ အာကာမိုး ၊ဇွဲထက်စိုး ၊ဖိုးချစ်တို့ရဲ့ ဈာပနကို ရေဝေးသုသာန်မှာ သင်္ဂြိုလ်

#voiceofmyanmar #vom #မြောက်ဥက္ကလာ

Read More

ဒီနေ့ မတ်လ ၅ရက်နေ့ စစ်ကိုင်းတိုင်း ကျွန်းလှမြို့က ဆန္ဒပြစစ်ကြောင်းမှာ ထွေ/အုပ် ဝန်ထမ်း(၅)ဦး ပါဝင်လာတယ်လို့ သတင်းရရှိပါတယ်။

မတ် ၅-၂၀၂၁ ဓါတ်ပုံ – ကိုအောင်နိမိတ် #VoiceOfMyanmar #VOM #ကျွန်းလှမြို့ #ဆန္ဒပြစစ်ကြောင်း #ထွေအုပ် ဝန်ထမ်း၅ဦးပါဝင်လာ

Read More

အမေရိကန်ဘဏ်မှ ဒေါ်လာတစ်ဘီလီယံထုတ်ယူဖို့ မြန်မာစစ်တပ်ကြိုးစားမှု အမေရိကန်အစိုးရတားဆီး

ဝါရှင်တန်၊ မတ်-၅-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံ နယူးယောက်မှာရှိတဲ့ Federal Reserve ဘဏ်မှာ မြန်မာနိုင်ငံက အပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို မြန်မာစစ်တပ်တာဝန်ရှိသူတွေက ထုတ်ယူဖို့ ကြိုးစားတာကို အမေရိကန်အစိုးရက တားဆီးနိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးအပါအဝင် ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ် သုံးဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်တာဝန်ရှိသူ အမည်သုံးပြီး ဒီလိုငွေထုတ်ယူဖို့ကြိုးစားမှုဟာ ဖေဖော်ဝါရီ ၄ ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကိစ္စကို အမေရိကန်ဘက်က တားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ငွေထုတ်ယူဖို့ကြိုးစားတဲ့ အကောင့်အမည်တွေကိုတော့ အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနကလည်း မှတ်ချက်တာမျိုးမရှိသေးပါဘူး။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ဥက္ကဌသစ်ကို ခန့်အပ်လိုက်ပြီး ယခင်ကဗဟိုဘဏ်ကို တာဝန်ယူခဲ့တဲ့ထိပ်တန်းအရာရှိတွေကို ဖမ်းဆီးထိမ်းလိုက်ပြီးနောက် အမေရိကန်က ငွေတွေကို ထုတ်ယူဖို့ ကြိုးစားမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။…

Read More

ဖျာပုံမြို့မှာ ပိတ်ပင်တားဆီးမှုရှိပေမယ့် ပြည်သူတွေ ဆက်လက်ဆန္ဒပြ

မတ် ၅-၂၀၂၁ ST ဧရာဝတီတိုင်း ဖျာပုံမြို့မှာ မြို့တွင်းသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က လိုက်လံတားဆီးမှုများရှိပေမယ့် ပြည်သူတွေက ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #ဆန္ဒပြ

Read More

ရဲတပ်ဖွဲ့က လူစုခွဲဖို့ကြိုးပမ်းပေမယ့် ပုသိမ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

မတ် ၅-၂၀၂၁ KA ပုသိမ်မြို့မှာ ရဲတပ်ဖွဲ့က မြို့ထဲလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ရပ်ကွက်တွေအတွင်းမှာပင်မစစ်ကြောင်းက လှည့်လည်ဆန္ဒပြခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဥမ္မာဒန္တီရပ်ကွက်ထိပ်မှာ အင်အားအများအပြားနဲ့ လိုက်လံလူစုခွဲဖို့ကြိုးစားခဲ့ပြီး ပြည်သူတွေက ရဲတပ်ဖွဲ့မဝင်ရောက်နိုင်အောင် လမ်းတွေကိုပိတ်ဆို့ပေးခဲ့ပါတယ်။ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၇ရက်မြောက် နေ့ရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ

Read More

မန်းတိုင်းဝန်ကြီးချုပ် အပါအဝင် ဝန် ကြီးတွေရဲ့ ရုံးချိန်းနေ့ ဖြစ်တဲ့အတွက် မြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြနေ

မန္တလေး၊ မတ်- ၅- ၂၀၂၁ ရှိုင်းအောင်(VOM) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၉ နဲ့ တရားစွဲဆိုခံ ထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် အပါ အဝင် ဝန်ကြီးတချို့ကို စစ်ဆေးမယ်လို့ သိရတဲ့အတွက် ပြည်သူလူထုက အောင်မြေသာစံမြို့နယ်တရားရုံးရဲ့ အရှေ့မှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ်အပါအဝင် တချို့ ဝန်ကြီးတွေကိုလည်း NLD ပါတီရဲ့ ထုတတ်ပြန်ချက် စာစောင်တွေနဲ့ပတ်သက်ပြီး မြို့ နယ်တရားရုံးအသီးသီးမှာ ၅၀၅ (ခ) နဲ့လည်း တရားစွဲဆိုထားတာ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အောင်မြေသာစံမြို့နယ်တရားရုံးက တရားခုံ တွေရဲ့ တံခါးတွေ သော့ခတ်ထားပါတယ်။ ပုဒ်မ – ၅၀၅(ခ) နဲ့ပါ တရားစွဲဆိုခံထားရတဲ့ ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း အောင်မြေသာစံ…

Read More

ပခုက္ကူမြို့နယ် ထွေအုပ်ရုံးက အငယ်တန်းရပ်ကျေးစာရေးဝန်ထမ်း ၁၈ ဦး CDM တွင်ပါဝင်လာ

ပခုက္ကူ၊ မတ်၅-၂၀၂၁ NLP(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငယ်တန်းရပ်ကျေးစာရေးဝန်ထမ်း ၁၈ ဦး CDM မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ CDM မှာပါဝင်ဖို့ မတ်လ၄ရက်က စာတင်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီ ထွေအုပ်ဝန်ထမ်းတွေဆီက သိရပါတယ်။ #VoiceOfMyanmar #VOM #ပခုက္ကူမြို့နယ်ထွေအုပ်ရုံး #စာရေးဝန်ထမ်း၁၈ဦး #CDM

Read More

ရသေ့တောင်မှာ ပေါက်ကွဲမှုကြောင့် စစ်ရှောင် ကလေးနှစ်ဦး ဒဏ်ရာပြင်းထန်လို့ စစ်တွေပို့

စစ်တွေ-မတ် -၅-၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လက်ပံပွင့် ကောက်နေတဲ့ အသက် (၁၀) နှစ်နဲ့ (၈) နှစ်အရွယ် စစ်ရှောင် ကလေး(၂) ဦး မိုင်းထိပြီး (၈) နှစ်အရွယ်ကလေးမှာ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံသို့ ရောက်လာပါတယ်။ မိုင်းထိဒဏ်ရာရတဲ့ ကလေးတွေဟာ ပဲသဒူကျေးရွာ စစ်ဘေးရှောင်စခန်း က အသက် (၈) နှစ်အရွယ် မောင်ရဲထွန်းနဲ့ (၁၀) နှစ်အရွယ် မောင်လှထွန်းတို့ဖြစ်ကာ သူတို့ဟာ ညီအစ်ကိုအရင်းတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စု၊ မြိုလူမျိုး တွေဖြစ်ကြောင်း သိရပါတယ်။ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ ရွာနဲ့ ၁ မိုင်အကွာရှိ တောစပ်နားမှာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်အနံ့မှာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိပြီး ဒဏ်ရာရရှိတဲ့ကလေးတွေဟာ ဗောထီးကိုင်း…

Read More
VOM News

FREE
VIEW