ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ



ဇန်နဝါရီ ၁၀ – ၂၀၂၅
KKO(VOM)

ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အခုဇန်နဝါရီ ၉ ရက်နေ့မှစတင်လို့ ရပ်ကွက်အတွင်းမှာ နေထိုင်ကြတဲ့ ကိုယ်၀န်ဆောင်အမျိူးသမီးများစာရင်း၊ အသက်ငါးနှစ်အောက်ကလေးသူငယ်များစာရင်း၊အသက် ၇၀ အထက်ကျား/မစာရင်း၊ မသန်စွမ်းသူများစာရင်းကိုစတင်ကောက်ယူ နေတာလို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“အမလည်း မွေးစာရင်းသွားတင်ထားတယ်။လူတွေကတော့ ရပ်ကွက်ရုံးမှာကြိတ်ကြိတ် တိုးပဲ။မနေ့က နေ့လည် ၂ နာရီလောက်က စပြီးစာရင်းကောက်တာ လူအရမ်းများနေလို့ အခုခဏရပ်ထားတယ်။ဘယ်လောက်ပေးမှာလဲတော့ မပြောသေးဘူး။အိမ်က အဖေကလည်း အသက် ၇၀ ကျော်ဆိုတော့ သူလည်း သန်းခေါင်စာရင်းတင်ရတယ်။ကလေးအတွက်က မွေးစာရင်း၊လူကြီးက သန်းခေါင် စာရင်းတင်ရတယ်။ကလေးဆိုရင် မွေးစာရင်းရှိရမယ်။မရှိရင် မရဘူး။ မွေးစာရင်းရယ်၊ သန်းခေါင်စာရင်းရှိရင် သန်းခေါင်စာရင်း မရှိရင် ဧည့်စာရင်း၊ အဲဒီနှစ်ခု တွဲတင်ရတယ်။ မိတ္တူတွေပေးရတယ်။လူကြီးဆိုရင် မှတ်ပုံ တင်ရှိရမယ်။မရှိရင် မရဘူး။မှတ်ပုံတင်ရယ်၊ သန်းခေါင်စာရင်းရှိရင် သန်းခေါင်စာရင်း၊ မရှိရင် ဧည့်စာရင်းနဲ့ပေါ့၊ထောက်ပံ့လျှောက်ရင်ပေးရပါတယ်”လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ပြည်သူ တယောက်က ပြောပါတယ်။

ဒါအပြင် ထောက်ပံ့ကြေးအတွက် စာရင်းကောက်ယူမှုတွေကို တချို့သော မြို့နယ်/ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့တွေက အိမ်တိုင်ရာရောက် စာရင်းလာရောက်ကောက်ယူမှုတွေရှိနေသလို တချို့ မြို့နယ်/ရပ်ကွက်တွေမှာတော့ ရပ်ကွက်ရုံးတွေမှာ မိမိတို့ရဲ့အိမ်ထောင်စုသန်းခေါင်စာရင်း (သို့မဟုတ်) နေထိုင်ခွင့် ဧည့်စာရင်း၊ကလေးမွေးစာရင်းတို့နဲ့ ထောက်ပံ့ကြေးအတွက် သွားရောက်လျှောက်ထားရတယ်လို့ ထောက် ပံ့ကြေးလျှောက်ထားသူ ပြည်သူတွေရဲ့ ပြောပြချက်အရ VOM က သိရှိရပါတယ်။

“ကိုယ်ဝန်ဆောင်တွေကိုလည်းပေးတယ် ပြောတယ်။ ရပ်ကွက်ရုံးမှာ အဲဒီစာရွက်နှစ်စုံ ထပ်ရတယ်။ကိုယ့်အလှည့်ရောက်ရင် ဓာတ်ပုံရိုက်ပြီး အဲဒီစာရွက်တွေကို သူတို့က ယူထားလိုက်တယ်။ကလေးဆိုရင် ကလေးကို ဓာတ်ပုံရိုက်တယ်။အခုတော့ မနေ့ကတင်တဲ့သူတွေ အရမ်းများနေလို့ တဖြတ် ဖြတ်ထားတယ်။နောက်လူတွေ ဘယ်နေ့တင်ရမယ်ဆိုတာ မသိသေးဘူး၊ မပြောသေးဘူး။အရင်လူတွေ ပြီးမှလို့တော့ ပြောတာပဲ၊ ဒါပေမယ့် ဒီဘက်မှာ အခုထိတော့ ဘယ် လောက်ပေးမယ်ဆိုတာ မသိရသေးဘူး။ အရင်လူတွေ ရပြီးရင်တော့ ဘယ် လောက်ရမလဲဆိုတာ သိရမှာပါ”လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ထပ်လောင်းပြောပြပါတယ်။

ယခုထောက်ပံ့ကြေးကိစ္စနဲ့ ပတ်သက်လို့အရပ်ထဲက ပြည်သူတွေရဲ့ ပြောစကားတွေအရ တယောက်ကို ထောက်ပံ့ကြေး ငွေကျပ် ၅ သောင်းခန့်ပေးအပ်ဖို့ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ထောက်ပံ့ကြေးက ငါး သောင်းရမယ်လို့တော့ ပြောနေကြတာပဲ၊ဘယ်လောက်ရမလဲဆိုတာ က တိတိကျကျတော့ မသိရသေးဘူး။မနေ့ကတော့ ဒီမှာစာရင်းတွေလာ ကောက်သွားတယ်။လူတွေကတော့ ငါး သောင်းလို့ ပြောနေကြတာပါပဲ။ ဘာပဲပြောပြော နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေထောက်ပံ့ကြေးလေးရတော့ ကောင်းတာပေါ့”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။

ယခင် NLD အစိုးရလက်ထက်မှာလည်း ၂ဝ၁၇ ခုနှစ်မှစတင်လို့ ၂ဝ၂ဝ ခုနှစ်အထိကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ကမွေးဖွားလာတဲ့ နှစ် နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်တာတွေအပြင် ၂ဝ၁၇ – ၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်မှစလို့ အသက် ၉ဝ နှစ်အထက် အဘိုးအဘွားတွေကိုလည်းကောင်း၊ ၂ဝ၁၈ – ၂ဝ၁၉ ဘဏ္ဍာနှစ်မှာ အသက် ၈၅ နှစ်အထက်အဘိုးအဘွားတွေကို ထောက်ပံ့ငွေပေးအပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှစတင်လို့ ၂ဝ၂ဝ ခုနှစ်အထိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၊ဘိုးဘွားရိပ်သာ၊ မသန်စွမ်းဂေဟာ၊အမျိုးသမီးဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတို့ကိုထောက်ပံ့ကြေးငွေတွေပေးအပ်ခဲ့သလို သုံးမွှာပူးနဲ့ အထက် မိခင်တွေ အပါအဝင် မသန်စွမ်းသူတွေကိုလည်း ထောက်ပံ့ပေးအပ်တဲ့ အစီအစဉ်ပြုလုပ်ခဲ့တာကိုလည်း လူငယ်/ပြန်ဝန်ကြီး ဌာနရဲ့ယခင်မှတ်တမ်းတွေအရ သိရပါတယ်။

“မနှစ်ကလည်း မသန်စွမ်းသူတွေကို ထောက် ပံ့ငွေပေးဖို့ဆိုပြီး စာရင်းကောက်ယူမှုတွေတော့ရှိခဲ့ပါတယ်။ အခုကလေးငယ်တွေနဲ့ သက်ကြီးဘိုးဘွားတွေကို ဘယ်လိုအစီအစဉ်နဲ့ ထောက်ပံ့ငွေပေးမလဲဆိုတာတော့ တိတိ ကျကျ မသိရသေးပါဘူး”လို့ ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးမှူးတယောက်က VOM ကို ပြောပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW