မတ် ၊ ၂၉ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာ ရတနာပုံရပ်ကွက် သာစည်လမ်းဆုံ သာစည်စျေးအနီးမှာ မတ်၂၈ မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျည်ဆံထိမှန် သေဆုံးသူတွေအနက် လူငယ် ၃ ဦးကို မတ် ၂၉ ဒီနေ့ ညနေပိုင်းအချိန်က ဆားကျင်း မြို့မသုဿန်မှာ စျာပနာ အခမ်းအနားကို ၃ ဦး တပြိုင်တည်း သဂြိုလ် ခဲ့ပါတယ်။ မနေ့က ပစ်ခတ်မှူဖြစ်စဥ်မှာ ကျဆုံးသူတွေထဲက ကိုအောင်ဆန်းဦး ၊ ကိုမင်းသူထွန်း ၊ မကိုးကိုးမေ တို့ ၃ ဦးကို မုံရွာ ဆားကျင်းသုဿန်၊သူနာပြု၊ သားဖွားသင်တန်းကျောင်းက ဒုတိယနှစ် ကျောင်းသူ မသဉ္ဇာဟိန်း ကိုယ် ကနီမြို့နယ် သုဿန် နဲ့ မတ် ၂၇ က ပစ်ခတ်မှုဖြစ်စဥ်မှာ ကျဆုံးခဲ့တဲ့ ကိုကျော်သိန်းကိုတော့…
Read MoreMonth: March 2021
မြင်းခြံမှာ ဆန္ဒပြသူတွေထဲက ၂ ဦးကျဆုံး
မတ် ၂၉-၂၀၂၁ TG(VOM) မြင်းခြံမြို့ရဲ့ ဒီနေ့မတ်လ ၂၉ ရက်နေ့ ဆန္ဒပြမှုမှာ ပြည်သူ ၂ ဦးကျဆုံးသွားပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူ ၂ ဦးအနက် တစ်ဦးကတော့ ဦးခေါင်းထိမှန်ပြီး ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “၃ နေရာလောက်ခွဲပစ်နေတာ၊ လောလောဆယ် ၂ ယောက်သေသွားပြီ။ ဒဏ်ရာရတာကတော့လက်မှန်တာ ခြေထောက်မှန်တာ ဗိုက်မှန်တာရှိတယ်။ ခုထိပစ်နေကြသေးတယ်။ အသေးစိတ်တော့မသိရသေးဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပြပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအပြင် ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ မြင်းခြံဆန္ဒပြမှုမှာ လူ ၅ ဦးသေဆုံးခဲ့ရပြီး မတ်လ ၂၈ ရက်နေ့မှာလည်း ဆန္ဒပြသပိတ်ဖြိုခွဲမှုမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦ ပေါင်း ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံ
Read Moreမတ် ၂၇ ရက်နေ့က မတ္တရာမြို့မှာ ဆန္ဒပြသူ (၆)ဦးသေဆုံးခဲ့
မတ်-၂၉-၂၀၂၁ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့မှာ မတ်လ၂၇ရက်နေ့က လုံခြုံရေးရဲတပ်ဖွဲ့နဲ့စစ်တပ်က ကျည်ဆံအစစ်တွေသုံးပြီးပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် အသက် (၁၇)နှစ်အရွယ် လူငယ်တဦးအပါအဝင် လူ(၆)ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ် ။ ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲပစ်ခဲ့မှုကြောင့် မတ္တရာမြို့အမှတ်(၄)ရပ်ကွက်က အသက်(၁၇)နှစ် ကိုစိုးမြတ်မင်းဟာ ဘယ်ဘက်ရင်အုံကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ် ။ ၊ ကံဖြူကျေးရွာက ကိုမျိုးနိုင်ဝင်း(ခ) ကြက်မျိုး(၃၀)နှစ် ဟာ ညာဘက်ရင်ညွှန်ကျည်ဆံထိမှန်သေဆုံး နှင့်ကိုအောင်နိုင်စိုး (၄၀)နှစ်ဟာ မေးရိုးကိုကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ် ။ မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာက ကိုနိုင်ဇော် (၃၂)နှစ် တင်းပါးကို ကျည်ဆံထိမှန်သေဆုံးခဲ့ရသလို ၊ မတ္တရာမြို့နာ် လမိုင်းအုပ်စု ကြပ်ပြင်ရွာက ကိုသီဟဇော်(၃၁)နှစ်ဟာ လည်ပင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။ အလားတူ မတ္တရာမြို့နယ်တောင်ကန်အုပ်စု ကင်းရွာက ကိုအောင်ခိုင်(၃၈)နှစ်ဟာ ဆီးခုံကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။…
Read Moreမြစ်ကြီးနားမှာ သတင်းထောက် ၂ ဦး သတင်းယူနေစဉ် ဖမ်းဆီးခံရ
မတ် ၂၉-၂၀၂၁ VOM ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်မှာ ဒီနေ့ မတ် ၂၉ ရက်က ဆန္ဒဖော်ထုတ်သူတွေကို ရဲနဲ့ စစ်သားတွေက ဖြိုခွင်းရာမှာ သတင်းယူနေတဲ့ Kachinwaves သတင်းဌာနနဲ့ The 74 Media က သတင်းထောက် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံလိုက်ရတဲ့ သတင်းထောက်တွေကတော့ Kachinwaves သတင်းဌာနက ကိုလရော်နဲ့ the 74 Media က မချန်ဘူတို့ပါ။ သူတို့သတင်းယူနေတဲ့ အေးစေတီရပ်ကွက်အတွင်း ရဲကား ၊ စစ်ကားတွေ မဝင်နိုင်အောင် ပိတ်ဆို့ပြီး လူငယ်တွေ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ သတင်းထောက်တွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး Kachinwaves အယ်ဒီတာ ကိုမရန်ကို မေးကြည့်တော့ “ထွက်ပြေးတဲ့အချိန် ဖမ်းခံရတာ ရပ်ကွက်ထဲကနေ ဆိုင်ကယ်နဲ့အထွက် လမ်းဘက်ရောက်တော့ လွတ်ပြီထင်ပြီး ရပ်လိုက်တဲ့အချိန်မှာ ရဲကားရောက်လာပြီး တစ်ခါတည်းဖမ်းသွားလိုက်တာ…
Read Moreကျည်ထိမှန်ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦးနာရေး မိသားစုတွေ လိုက်ပို့ခွင့်မရ
မတ် ၂၉-၂၀၂၁ KA ပုသိမ်မြို့မှာ မတ်လ၂၇ရက်နေ့က ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦး(ခ) ကိုဆိုတေးရဲ့ နာရေးကို ဒီနေ့ မတ် ၂၉ရက် နေ့လယ်က ပြုလုပ်ခဲ့ပြီး မိသားစုတွေ လိုက်ပို့ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။ “ဒီနေ့ နေ့လည်၂နာရီလောက်မှာပဲ မနောဖြူအဖွဲ့ နာကူကားနဲ့ ရုပ်အလောင်းကိုတင်ဆောင်ပေးလိုက်ရပြီး ရပ်ကွက်ထိပ်တွေမှာ စစ်တပ်နဲ့ရဲက ပိတ်ဆို့ထားတာကြောင့် ဘယ်သူမှလိုက်ပို့လို့မရဘူး” လို့ မိသားစု၀င်တစ်ဦးကပြောပါတယ်။ ဒီနေ့ မနက် ၁၁နာရီက စစ်တပ်နဲ့ရဲက ဘန့်ဘွေးကုန်း၊ ကျောက်ငူ၊ ရာမညရပ်ကွက်တွေကို ၀င်ရောက်ပစ်ခတ်မှုတွေပြုလုပ်ပြီး ရပ်ကွက်တွေအတွင်းမှာ ပိတ်ဆို့တပ်စွဲထားပါတယ်။ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ ကိုဝေလင်းဦးဟာ မတ်လ၂၇ရက်နေ့က ရာမညရပ်ကွက်တွင်းမှာ ပေါင်ကိုကျည်ထိမှန် ကျဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့က သူအပါအ၀င် နောက်ထပ်၃ဦး ပုသိမ်မြို့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ကိုဝေလင်းဦး #နာရေးအခမ်းအနား
Read Moreမန္တလေးမြို့ သံဃသမဂ္ဂစစ်ကြောင်း
မတ် ၂၉ -၂၀၂၁ Photo-HLA မန္တလေးမြို့မှာ နေရာအနှံ့ တားဆီးမှုတွေရှိနေပေမယ့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကတော့ ပုံမှန်အတိုင်း ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး
Read Moreတောင်ဥက္ကလာပမြို့နယ်က လမ်းလျှောက်သပိတ်
မတ် ၂၉-၂၀၂၁ PPA #VoiceOfMyanmar #VOM #တောင်ဥက္ကလာပ
Read Moreထားဝယ်မြို့ ဆန္ဒပြပွဲမှာကျဆုံးခဲ့တဲ့ ကိုကျော်ဌေးရဲ့ နာရေး
မတ် ၂၉-၂၀၂၁ STY မတ် ၂၇ရက်နေ့က ထားဝယ်မြို့မှာ ကျဆုံးသွားတဲ့ ကိုကျော်ဌေး အသက်(၄၂)နှစ်ရဲ့ နာရေးကို ထားဝယ်မြို့ ဇဟာသုသာန်မှာ ဒီနေ့ မတ် ၂၉ရက် နေ့လယ် ၁နာရီမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #ကိုကျော်ဌေး #နာရေးအခမ်းအနား
Read Moreမြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ ကလေးတစ်ဦး ပါးကျည်ထိ
မတ် ၂၉-၂၀၂၁ VOM ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ ၁၄ မှာ ဒီနေ့ မတ် ၂၉ ရက်မနက်က ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်ရာမှာ ပါးကိုကျည်မှန်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကျည်အစစ် ၂ ဦးထိမှန်ပြီး ရာဘာကျည်ထိတာ ၃ ယောက်ရှိခဲ့ပါတယ်။ ရမ်ပူ နယ်မြေ ၁၄ ရပ်ကွက်အတွင်းကို ရဲနဲ့ စစ်ကားတွေ ဝင်မလာအောင် လူငယ်တွေစုပြီးရပ်ကွက်လမ်းတွေပိတ်စောင့်နေတုန်းမှာ တစ်ဖက်လမ်းကပတ်ဝင်လာပြီး ဝင်ပစ်တယ်လို့ သိရပါတယ်။ “ကားကတောင်ဘက်ကဝင်လာတာ အိမ်ရှေ့ ဆိုင်ဘက်ကနေ ပစ်ဝောာ့တာပဲ ကျွန်တော်က အပေါ်ကနေကြည့်နေတော့ ဘယ်လိုမှ လုပ်မရဘူး အဲ့နားမှာ(အိမ်အတွင်း တန်းလျားခုံကိုလက်ညှိုးထိုးပြ) ကလေးက ညာဘက်ပါးမှန်တာ သူတို့သားအမိ ဒီလိုပဲ ထိုင်နေတာ ” ဆိုပြီး ကျည်အစစ်မှန်သွားတဲ့ ကလေးရဲ့ မိသားစုဝင်က ပြောပြပါတယ်။ လက်ရှိအချိန်မှာတော့…
Read Moreဒိုက်ဦးမှာ မတ် ၂၇ရက်နေ့က ကျည်ထိမှန် သေဆုံးခဲ့သူနှစ်ဦးရဲ့ ဈာပနအခမ်းအနား ကျင်းပ
မတ် ၂၉-၂၀၂၁ KLY(VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ တော်လှန်ရေးနေ့က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲကပစ်ခတ်ဖြိုခွဲရာမှာ အသက်သေဆုံးခဲ့ရသူနှစ်ဦးရဲ့ ဈာပနအခမ်းနားကို ဒီနေ့ မတ် ၂၉ရက် မွန်းတည့် ၁၂ နာရီနဲ့ ၁ နာရီ တွေမှာ နှစ်ကြိမ်ခွဲကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။ လိုက်ပို့တဲ့ လူအုပ်စုက သောင်းဂဏန်းနီးပါးရှိတယ်။မနေ့က ဘုရားကြီး ဖြစ်စဉ်ကြည့်ပြီး စိုးရိမ်နေတာ အခုတော့မြေချပြီးသွားပြီ” လို့ နာရေးအခမ်းနား တက်ရောက်နေသူ တစ်ဦးက ပြောပြပါတယ်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့တဲ့ ဒိုက်ဦးမြို့နယ်အမှတ် ၄ ရပ်ကွက်နေ ကိုနန်းဝင်း(၃၁နှစ်)ရဲ့ ဈာပနကိုဒီနေ့ မွန်းတည့် ၁၂ နာရီနဲ့ အမှတ် ၆ ရပ်ကွက်နေ ကိုဖိုးလုံး(၃၃ နှစ်)ရဲ့ ဈာပနကိုမွန်းလွဲ ၁ နာရီက ဒိုက်ဦးသုဿန်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မတ်လ၂၇ ရက်နေ့မနက်က ဒိုက်ဦးမြို့နယ် လေးကျွန်းလမ်းဆုံမှာ ရောက်နေတဲ့ သပိတ်စစ်ကြောင်းတွေကို…
Read More